[Unicode]

စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်တဲ့ တရုတ် အခြေစိုက် Master Lu က ၂၀၁၉ ခုနှစ်ရဲ့ အတု အလုပ်ခံရဆုံး ဖုန်း ၁၀ လုံးစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ စမတ်ဖုန်းလောကမှာ ရောင်းအား အကောင်းဆုံးဖြစ်နေတဲ့ Samsung နဲ့ Apple iPhone တွေဟာ အတုအလုပ်ခံရဆုံး ဖုန်းတွေ ဖြစ်နေတာ အံ့အားသင့်စရာ မဟုတ်ပါဘူး။ အတုအလုပ်ခံရဆုံး ဖုန်း စုစုပေါင်းရဲ့ ၂၈.၇ ရာခိုင်နှုန်းဟာ Samsung ရဲ့ ဖုန်းတွေ ဖြစ်ပြီး Apple iPhone တွေက ၁၅.၈၈ ရာခိုင်နှုန်းနဲ့ နံပါတ် ၂ နေရာမှာ ရှိနေပါတယ်။

မော်ဒယ်အလိုက် ပြောရရင် တရုတ်မှာ အတုအလုပ်ခံရဆုံး ဖုန်းတွေထဲမှာ Samsung W2018 က နံပါတ် ၁ ဖြစ်ပါတယ်။ Samsung W2018 အတု ၄,၆၈၈ လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Apple iPhone 8 နဲ့ iPhone XS Max တို့ဟာ နံပါတ် ၃ နေရာမှာ ရှိနေပါတယ်။ iPhone 8 အတု ၄,၄၄၅ လုံးနဲ့ iPhone XS Max အတု ၂,၄၉၉ လုံးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အတု အလုပ်ခံရဆုံး ဖုန်း ၁၀ လုံးစာရင်းထဲမှာ iPhone X, Samsung W2019, Galaxy S8+, Xiaomi Mi Max, Mi 9, OPPO R11 Plus နဲ့ OnePlus 7 Pro တို့ ပါဝင်ပါတယ်။ အဲဒီဖုန်းတွေ ဝယ်မယ်ဆိုရင် ဂရုစိုက်ဖို့ သတိပေးချင်ပါတယ်။ စုစုပေါင်း ဖုန်း ၆,၆၃၉,၇၀၄ လုံးကို Master Lu App နဲ့ စစ်ဆေးခဲ့တာ ဖြစ်ပြီး ၅၇,၇၉၀ လုံးဟာ အတုဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

Ref : gizmochina

[Zawgyi]

၂၀၁၉ ခုႏွစ္အတြင္း အတုအလုပ္ခံရဆုံး ဖုန္းေတြထဲမွာ Samsung နဲ႔ Apple iPhone ေတြ အမ်ားဆုံးျဖစ္

စမတ္ဖုန္းေတြရဲ႕ စြမ္းေဆာင္ရည္ကို စမ္းသပ္တဲ့ တ႐ုတ္ အေျခစိုက္ Master Lu က ၂၀၁၉ ခုႏွစ္ရဲ႕ အတု အလုပ္ခံရဆုံး ဖုန္း ၁၀ လုံးစာရင္းကို ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ စမတ္ဖုန္းေလာကမွာ ေရာင္းအား အေကာင္းဆုံးျဖစ္ေနတဲ့ Samsung နဲ႔ Apple iPhone ေတြဟာ အတုအလုပ္ခံရဆုံး ဖုန္းေတြ ျဖစ္ေနတာ အံ့အားသင့္စရာ မဟုတ္ပါဘူး။ အတုအလုပ္ခံရဆုံး ဖုန္း စုစုေပါင္းရဲ႕ ၂၈.၇ ရာခိုင္ႏႈန္းဟာ Samsung ရဲ႕ ဖုန္းေတြ ျဖစ္ၿပီး Apple iPhone ေတြက ၁၅.၈၈ ရာခိုင္ႏႈန္းနဲ႔ နံပါတ္ ၂ ေနရာမွာ ရွိေနပါတယ္။

ေမာ္ဒယ္အလိုက္ ေျပာရရင္ တ႐ုတ္မွာ အတုအလုပ္ခံရဆုံး ဖုန္းေတြထဲမွာ Samsung W2018 က နံပါတ္ ၁ ျဖစ္ပါတယ္။ Samsung W2018 အတု ၄,၆၈၈ လုံးကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ Apple iPhone 8 နဲ႔ iPhone XS Max တို႔ဟာ နံပါတ္ ၃ ေနရာမွာ ရွိေနပါတယ္။ iPhone 8 အတု ၄,၄၄၅ လုံးနဲ႔ iPhone XS Max အတု ၂,၄၉၉ လုံးကို စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

အတု အလုပ္ခံရဆုံး ဖုန္း ၁၀ လုံးစာရင္းထဲမွာ iPhone X, Samsung W2019, Galaxy S8+, Xiaomi Mi Max, Mi 9, OPPO R11 Plus နဲ႔ OnePlus 7 Pro တို႔ ပါဝင္ပါတယ္။ အဲဒီဖုန္းေတြ ဝယ္မယ္ဆိုရင္ ဂ႐ုစိုက္ဖို႔ သတိေပးခ်င္ပါတယ္။ စုစုေပါင္း ဖုန္း ၆,၆၃၉,၇၀၄ လုံးကို Master Lu App နဲ႔ စစ္ေဆးခဲ့တာ ျဖစ္ၿပီး ၅၇,၇၉၀ လုံးဟာ အတုျဖစ္ေနတာကို စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

Ref : gizmochina