Zawgyi

Huawei ရဲ႕ Mate စီးရီးဝင္ Flagship ဟန္းဆက္ေတြကို မိတ္ဆက္လာဖို႔ လပုိင္းေလာက္ လိုေနေသးေပမယ့္ Huawei Mate 30 Lite ကေတာ့ အခု ဗုဒၶဟူးေန႔မွာ မိတ္ဆက္သြားေတာ့မွာပါ။ ဒီဖုန္းကို တရုတ္ႏုိင္ငံတြင္းမွာ “Maimang 8” လို႔ေခၚတြင္ေစမွာျဖစ္ၿပီး ယခင္ Mainmang 7 ဖုန္းတုန္းကလည္း ကမာၻ႕ေစ်းကြက္ကို Mate 20 Lite အျဖစ္ ျဖန္႔ခ်ိခဲ့ပါတယ္။

Huawei Mate 30 Lite ဖုန္းအတြက္ Teaser ပုိစတာအသစ္ သုံးခုထြက္ရွိလာခဲ့ၿပီး Specs အခ်ဳိ႕ကို ေဖာ္ျပလာခဲ့သလို ေအာက္ေျခမွာ ၆ လပုိင္း ၅ ရက္ေန႔လို႔ ထြက္ရွိရက္ကိုလည္း ေဖာ္ျပလာခဲ့တာ ျဖစ္ပါတယ္။

Mate 30 Lite ဖုန္းမွာ 6.21” မ်က္ႏွာျပင္တစ္ခု ပါဝင္ၿပီး Notch တစ္ခု ပါဝင္တာကိုလည္း ျမင္ရပါတယ္။ Fingerprint ဆင္ဆာကို ေနာက္ဘက္မွာပဲထည့္သြင္းလာၿပီး ေနာက္ဘက္ကင္မရာက သုံးလုံးျဖစ္တာကိုလည္း ျမင္ေတြ႕ရမွာပါ။ အဆုိပါကင္မရာေတြက 24MP + 16MP + 2MP Sensor ေတြပါ။

ဖုန္းအသစ္မွာ 6GB RAM မန္မုိရီနဲ႔ 128GB Storage ပမာဏပါဝင္မယ္ဆုိတာကိုလည္း Teaser ေတြထဲမွာပဲ ျမင္ေတြ႕ရျပန္တယ္။ အတြင္းမွာ Kirin 710 ခ်စ္ပ္ဆက္ကို အသုံးျပဳမွာျဖစ္ၿပီး ဒုတိယေျမာက္ ပုံရိပ္ထဲမွာ MicroUSB Port နဲ႔အတူ 3.5mm Audio Jack တုိ႔ကိုလည္း ျမင္ႏုိင္ပါတယ္။

သူ႕ရဲ႕အတြင္းမွာ ပါဝင္တဲ့အစိတ္အပုိင္းေတြအရ ဒီဟန္းဆက္ဟာ Huawei P Smart+ (2019) ေမာ္ဒယ္ကို မတူညီတဲ့ Storage ပမာဏနဲ႔ ျပန္လည္တံဆိပ္သစ္ကပ္လာတာ ဆုိတာကိုလည္း သိထားသင့္ပါတယ္။

Ref – GSM Arena

Unicode

Huawei ရဲ့ Mate စီးရီးဝင် Flagship ဟန်းဆက်တွေကို မိတ်ဆက်လာဖို့ လပိုင်းလောက် လိုနေသေးပေမယ့် Huawei Mate 30 Lite ကတော့ အခု ဗုဒ္ဓဟူးနေ့မှာ မိတ်ဆက်သွားတော့မှာပါ။ ဒီဖုန်းကို တရုတ်နိုင်ငံတွင်းမှာ “Maimang 8” လို့ခေါ်တွင်စေမှာဖြစ်ပြီး ယခင် Mainmang 7 ဖုန်းတုန်းကလည်း ကမ္ဘာ့ဈေးကွက်ကို Mate 20 Lite အဖြစ် ဖြန့်ချိခဲ့ပါတယ်။

Huawei Mate 30 Lite ဖုန်းအတွက် Teaser ပိုစတာအသစ် သုံးခုထွက်ရှိလာခဲ့ပြီး Specs အချို့ကို ဖော်ပြလာခဲ့သလို အောက်ခြေမှာ ၆ လပိုင်း ၅ ရက်နေ့လို့ ထွက်ရှိရက်ကိုလည်း ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

Mate 30 Lite ဖုန်းမှာ 6.21” မျက်နှာပြင်တစ်ခု ပါဝင်ပြီး Notch တစ်ခု ပါဝင်တာကိုလည်း မြင်ရပါတယ်။ Fingerprint ဆင်ဆာကို နောက်ဘက်မှာပဲထည့်သွင်းလာပြီး နောက်ဘက်ကင်မရာက သုံးလုံးဖြစ်တာကိုလည်း မြင်တွေ့ရမှာပါ။ အဆိုပါကင်မရာတွေက 24MP + 16MP + 2MP Sensor တွေပါ။

ဖုန်းအသစ်မှာ 6GB RAM မန်မိုရီနဲ့ 128GB Storage ပမာဏပါဝင်မယ်ဆိုတာကိုလည်း Teaser တွေထဲမှာပဲ မြင်တွေ့ရပြန်တယ်။ အတွင်းမှာ Kirin 710 ချစ်ပ်ဆက်ကို အသုံးပြုမှာဖြစ်ပြီး ဒုတိယမြောက် ပုံရိပ်ထဲမှာ MicroUSB Port နဲ့အတူ 3.5mm Audio Jack တို့ကိုလည်း မြင်နိုင်ပါတယ်။

သူ့ရဲ့အတွင်းမှာ ပါဝင်တဲ့အစိတ်အပိုင်းတွေအရ ဒီဟန်းဆက်ဟာ Huawei P Smart+ (2019) မော်ဒယ်ကို မတူညီတဲ့ Storage ပမာဏနဲ့ ပြန်လည်တံဆိပ်သစ်ကပ်လာတာ ဆိုတာကိုလည်း သိထားသင့်ပါတယ်။

Ref – GSM Arena