[Zawgyi]

Huawei အေနနဲ႔ Mate 30 Series ရဲ႕ မိတ္ဆက္ပြဲေန႔ကို တရားဝင္ ထုတ္ျပန္ေၾကညာထားျခင္း မရွိေသးေပမယ့္ လာမယ့္ စက္တင္ဘာလထဲမွာ မိတ္ဆက္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Mate 30 Series ထဲက အျမင့္ဆုံးေမာ္ဒယ္ ျဖစ္လာမယ့္ Mate 30 Pro နဲ႔ ပတ္သက္ၿပီး ေပါက္ၾကားထြက္ေပၚမႈေတြ သိပ္မရွိေသးေပမယ့္ ဟိုတေလာတုန္းကေတာ့ Camera Setup ဒီဇိုင္းေတြ ေပၚထြက္ခဲ့ဖူးပါတယ္။

စက္ဝိုင္း ပုံသ႑ာန္ ပုံစံခြက္ထဲမွာ ကင္မရာ ၄လုံးနဲ႔ Flash Light ေတြကို “ X “ ပုံသ႑ာန္ ထည့္သြင္းတပ္ဆင္ထားတာ ျဖစ္ပါတယ္။ အဲ့ဒီပုံစံအတိုင္း ထြက္ရွိလာမယ္လို႔ အတိအက် ေျပာလို႔မရေသးေပမယ့္ လက္ရွိဒီဇိုင္းက ေတာ္ေတာ္ေလးကို လန္းတယ္လို႔ ေျပာရမွာပါ။ ဒီေန႔မွာလည္း Mate 30 Pro ရဲ႕ Screen Panel ကို ႐ိုက္ကူးထားတဲ့ ဓာတ္ပုံ ၁ပုံ ေပၚထြက္လာပါတယ္။

ထြက္ေပၚလာတဲ့ ဓာတ္ပုံဟာ Screen Panel ကို အေပၚကေန ႐ိုက္ကူးထားတာ မဟုတ္ဘဲ ေဘးတိုက္ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Mate 30 Pro က Notch ဒါမွမဟုတ္ Punch-hole Display ကို အသုံးျပဳထားမွာလား ဆိုတဲ့ ေမးခြန္းကို အတိအက် ေျဖလို႔ မရေတာ့ပါဘူး။ ဒါေပမယ့္ အဆိုပါ ဓာတ္ပုံကို တြစ္တာမွာ လႊင့္တင္ခဲ့သူျဖစ္တဲ့ Ice universe ကေတာ့ Notch Display ျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားပါတယ္။

တကယ္ေတာ့ ဓာတ္ပုံရဲ႕ ရည္႐ြယ္ခ်က္က Mate 30 Pro ရဲ႕ Curved Display ဟာ ဘယ္ေလာက္ထိ ေကြးေနလဲ၊ ခုံးေနလဲ ဆိုတာကို ျပသခ်င္တာ ျဖစ္ပါတယ္။ ဓာတ္ပုံထဲကအတိုင္းဆိုရင္ Display ရဲ႕ ဘယ္၊ ညာ အစြန္း ၂ဖက္က ၉၀ ဒီဂရီအထိ ေကြးေနႏိုင္ၿပီး၊ ပါဝါခလုတ္နဲ႔ အသံတိုး/ခ်ဲ႕ ခလုတ္ေတြတပ္ဖို႔ေတာင္ ေနရာအလုံအေလာက္ မရွိေတာ့တဲ့ အေနအထားပါ။ ဒါ့ေၾကာင့္ အဆိုပါ Display မ်ိဴးကို အသုံးျပဳမယ္ဆိုရင္ လက္ထဲမွာ ကိုင္တဲ့အခါ Touch Screen ကို မေတာ္တဆ ထိမိတဲ့ ျပႆနာရွိႏိုင္ေၾကာင္း သုံးသပ္ထားၾကပါတယ္။ ဒါေပမယ့္ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ အဲ့ဒီျပႆနာအတြက္ Curved Rejection feature ကို ထည့္သြင္းအသုံးျပဳႏိုင္ၿပီး Physical Button ေတြအစား Virtual Button ကို ေျပာင္းလဲ အသုံးျပဳႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : Gizmochina

[Unicode]

Mate 30 Pro မှာ ပုံမှန်မဟုတ်တဲ့ Display အကွေးနဲ့ Virtual ခလုတ်တွေကို အသုံးပြုထားနိုင်

Huawei အနေနဲ့ Mate 30 Series ရဲ့ မိတ်ဆက်ပွဲနေ့ကို တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေမယ့် လာမယ့် စက်တင်ဘာလထဲမှာ မိတ်ဆက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Mate 30 Series ထဲက အမြင့်ဆုံးမော်ဒယ် ဖြစ်လာမယ့် Mate 30 Pro နဲ့ ပတ်သက်ပြီး ပေါက်ကြားထွက်ပေါ်မှုတွေ သိပ်မရှိသေးပေမယ့် ဟိုတလောတုန်းကတော့ Camera Setup ဒီဇိုင်းတွေ ပေါ်ထွက်ခဲ့ဖူးပါတယ်။

စက်ဝိုင်း ပုံသဏ္ဍာန် ပုံစံခွက်ထဲမှာ ကင်မရာ ၄လုံးနဲ့ Flash Light တွေကို “ X “ ပုံသဏ္ဍာန် ထည့်သွင်းတပ်ဆင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီပုံစံအတိုင်း ထွက်ရှိလာမယ်လို့ အတိအကျ ပြောလို့မရသေးပေမယ့် လက်ရှိဒီဇိုင်းက တော်တော်လေးကို လန်းတယ်လို့ ပြောရမှာပါ။ ဒီနေ့မှာလည်း Mate 30 Pro ရဲ့ Screen Panel ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၁ပုံ ပေါ်ထွက်လာပါတယ်။

ထွက်ပေါ်လာတဲ့ ဓာတ်ပုံဟာ Screen Panel ကို အပေါ်ကနေ ရိုက်ကူးထားတာ မဟုတ်ဘဲ ဘေးတိုက် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Mate 30 Pro က Notch ဒါမှမဟုတ် Punch-hole Display ကို အသုံးပြုထားမှာလား ဆိုတဲ့ မေးခွန်းကို အတိအကျ ဖြေလို့ မရတော့ပါဘူး။ ဒါပေမယ့် အဆိုပါ ဓာတ်ပုံကို တွစ်တာမှာ လွှင့်တင်ခဲ့သူဖြစ်တဲ့ Ice universe ကတော့ Notch Display ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားပါတယ်။

တကယ်တော့ ဓာတ်ပုံရဲ့ ရည်ရွယ်ချက်က Mate 30 Pro ရဲ့ Curved Display ဟာ ဘယ်လောက်ထိ ကွေးနေလဲ၊ ခုံးနေလဲ ဆိုတာကို ပြသချင်တာ ဖြစ်ပါတယ်။ ဓာတ်ပုံထဲကအတိုင်းဆိုရင် Display ရဲ့ ဘယ်၊ ညာ အစွန်း ၂ဖက်က ၉၀ ဒီဂရီအထိ ကွေးနေနိုင်ပြီး၊ ပါဝါခလုတ်နဲ့ အသံတိုး/ချဲ့ ခလုတ်တွေတပ်ဖို့တောင် နေရာအလုံအလောက် မရှိတော့တဲ့ အနေအထားပါ။ ဒါ့ကြောင့် အဆိုပါ Display မျိူးကို အသုံးပြုမယ်ဆိုရင် လက်ထဲမှာ ကိုင်တဲ့အခါ Touch Screen ကို မတော်တဆ ထိမိတဲ့ ပြဿနာရှိနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။ ဒါပေမယ့် တချိူ့သော ကျွမ်းကျင်ပညာရှင်တွေကတော့ အဲ့ဒီပြဿနာအတွက် Curved Rejection feature ကို ထည့်သွင်းအသုံးပြုနိုင်ပြီး Physical Button တွေအစား Virtual Button ကို ပြောင်းလဲ အသုံးပြုနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Gizmochina