[Zawgyi]

ဒီေခတ္မွာ Smartwatch ေတြနဲ႔ပတ္သက္ၿပီး အမ်ားဆုံးေဝဖန္ခံရတာနဲ႔ Complaints တက္ခံရတာက ဘက္ထရီကိစၥပါပဲ။ အကယ္၍ Google ရဲ႕ Wear OS ကို သုံးမယ္ဆိုရင္ေတာ့ ဘက္ထရီပိုင္းကို ပိုၿပီးေမွ်ာ္လင့္ထားလို႔ရမယ္ဆိုေပမယ့္ ဒါလည္း ၿပီးျပည့္စုံတဲ့ အေျဖေတာ့ မဟုတ္ပါဘူး။

Matrix ကေတာ့ ဘက္ထရီျပႆနာနဲ႔ ပတ္သက္ၿပီး ေခါင္းကိုက္ရမယ့္ကိစၥကို နည္းလမ္းသစ္နဲ႔ ေျဖရွင္းဖို႔ ႀကိဳးစားထားပါတယ္။ Matrix PowerWatch 2 ကေတာ့ အသုံးျပဳသူရဲ႕ ကိုယ္ခႏၶာအပူခ်ိန္ကေနတစ္ဆင့္ ဆိုလာပါဝါအျဖစ္ ေျပာင္းလဲရယူ ထားတယ္လို႔ သိရပါတယ္။ အဓိပၸါယ္ကေတာ့ အားသြင္းေနစရာမလိုေတာ့ဘူးေပါ့။

Solar-Cell Technology နဲ႔ Thermoelectric Energy ေတြရဲ႕ ေပါင္းစပ္မႈက PowerWatch 2 ရဲ႕ အားသြင္းစရာမလိုတဲ့ တီထြင္မႈပါပဲ။ PowerWatch X တုန္းကလည္း ကိုယ္ခႏၶာအပူခ်ိန္ကတစ္ဆင့္ အားသြင္းယူဖို႔လုပ္ခဲ့ေပမယ့္ အာ႐ုံခံကိရိယာအတြက္ လုံေလာက္တဲ့ စြမ္းအင္ထုတ္လုပ္ဖို႔ ခက္ခဲ့ခဲ့ပါတယ္။

PowerWatch 2 မွာေတာ့ Build-in GPS, Heart Rate Sensor နဲ႔ Full-Color LCD Display ေတြအသုံးျပဳထားပါတယ္။ အသုံးျပဳသူရဲ႕ သြားလာေနတဲ့ ခရီးအကြာအေဝး၊ အရွိန္အဟုန္၊ အေနအထား၊ ေျခလွမ္းအေရအတြက္၊ ကယ္လိုရီေလာက္ကြၽမ္းမႈ၊ အိပ္စက္မႈ စတာေတြကို မွတ္တမ္းတင္ေပးထားႏိုင္မွာ ျဖစ္ပါတယ္။ Google Fit နဲ႔ Apple HealthKit ေတြနဲ႔လည္း ခ်ိတ္ဆက္လို႔ရမွာ ျဖစ္ပါတယ္။

Matrix ကေတာ့ သူတို႔ဟာ Solar-cell နဲ႔ Thermoelectric Sensors ေတြရဲ႕ အ႐ြယ္အစားကို ေလွ်ာ့ခ်ခဲ့တဲ့အတြက္ တျခား Sensor ေတြကိုလည္း ထပ္ထည့္ႏိုင္ခဲ့ၿပီး နာရီရဲ႕အ႐ြယ္အစားကိုလည္း ေသးငယ္သြားေစခဲ့ပါတယ္။ ဒါေၾကာင့္ PowerWatch 2 ဟာ 42mm အ႐ြယ္အစားပဲ ျဖစ္လာပါတယ္။ ေဈးႏႈန္းကေတာ့ Pre-Order အတြက္ $200 (သုံးသိန္းဝန္းက်င္) ျဖစ္ၿပီး ေနာက္ပိုင္းဝယ္ယူသူေတြကေတာ့ $499 (ခုနစ္သိန္းခြဲဝန္းက်င္) ျဖစ္တယ္လို႔ သိရပါတယ္။

Ref: Android Authority

[Unicode]

အားသွင်းစရာမလိုတဲ့ Matrix ရဲ့ Solar-powered Smartwatch သစ်

ဒီခေတ်မှာ Smartwatch တွေနဲ့ပတ်သက်ပြီး အများဆုံးဝေဖန်ခံရတာနဲ့ Complaints တက်ခံရတာက ဘက်ထရီကိစ္စပါပဲ။ အကယ်၍ Google ရဲ့ Wear OS ကို သုံးမယ်ဆိုရင်တော့ ဘက်ထရီပိုင်းကို ပိုပြီးမျှော်လင့်ထားလို့ရမယ်ဆိုပေမယ့် ဒါလည်း ပြီးပြည့်စုံတဲ့ အဖြေတော့ မဟုတ်ပါဘူး။

Matrix ကတော့ ဘက်ထရီပြဿနာနဲ့ ပတ်သက်ပြီး ခေါင်းကိုက်ရမယ့်ကိစ္စကို နည်းလမ်းသစ်နဲ့ ဖြေရှင်းဖို့ ကြိုးစားထားပါတယ်။ Matrix PowerWatch 2 ကတော့ အသုံးပြုသူရဲ့ ကိုယ်ခန္ဓာအပူချိန်ကနေတစ်ဆင့် ဆိုလာပါဝါအဖြစ် ပြောင်းလဲရယူ ထားတယ်လို့ သိရပါတယ်။ အဓိပ္ပါယ်ကတော့ အားသွင်းနေစရာမလိုတော့ဘူးပေါ့။

Solar-cell technology နဲ့ Thermoelectric energy တွေရဲ့ ပေါင်းစပ်မှုက PowerWatch 2 ရဲ့ အားသွင်းစရာမလိုတဲ့ တီထွင်မှုပါပဲ။ PowerWatch X တုန်းကလည်း ကိုယ်ခန္ဓာအပူချိန်ကတစ်ဆင့် အားသွင်းယူဖို့လုပ်ခဲ့ပေမယ့် အာရုံခံကိရိယာအတွက် လုံလောက်တဲ့ စွမ်းအင်ထုတ်လုပ်ဖို့ ခက်ခဲ့ခဲ့ပါတယ်။

PowerWatch 2 မှာတော့ Build-in GPS, heart rate sensor နဲ့ Full-color LCD display တွေအသုံးပြုထားပါတယ်။ အသုံးပြုသူရဲ့ သွားလာနေတဲ့ ခရီးအကွာအဝေး၊ အရှိန်အဟုန်၊ အနေအထား၊ ခြေလှမ်းအရေအတွက်၊ ကယ်လိုရီလောက်ကျွမ်းမှု၊ အိပ်စက်မှု စတာတွေကို မှတ်တမ်းတင်ပေးထားနိုင်မှာ ဖြစ်ပါတယ်။ Google Fit နဲ့ Apple HealthKit တွေနဲ့လည်း ချိတ်ဆက်လို့ရမှာ ဖြစ်ပါတယ်။

Matrix ကတော့ သူတို့ဟာ Solar-cell နဲ့ Thermoelectric Sensors တွေရဲ့ အရွယ်အစားကို လျှော့ချခဲ့တဲ့အတွက် တခြား Sensor တွေကိုလည်း ထပ်ထည့်နိုင်ခဲ့ပြီး နာရီရဲ့အရွယ်အစားကိုလည်း သေးငယ်သွားစေခဲ့ပါတယ်။ ဒါကြောင့် PowerWatch 2 ဟာ 42mm အရွယ်အစားပဲ ဖြစ်လာပါတယ်။ ဈေးနှုန်းကတော့ Pre-order အတွက် $200 (သုံးသိန်းဝန်းကျင်) ဖြစ်ပြီး နောက်ပိုင်းဝယ်ယူသူတွေကတော့ $499 (ခုနစ်သိန်းခွဲဝန်းကျင်) ဖြစ်တယ်လို့ သိရပါတယ်။

Ref: Android Authority