Zawgyi

MediaTek ကေန လက္ရွိ Flagship Processor ေတြျဖစ္တဲ့ Kirin 990 5G ၊ Exynos 990 နဲ႔ Snapdragon 865 Processor ေတြကို ယွဥ္ၿပိဳင္ဖို႔အတြက္ Dimensity 1000 5G Processor ကို မိတ္ဆက္ခဲ့ၿပီးျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Weibo မွာ အဆိုပါ MediaTek Flagship Processor အသစ္ရဲ႕ စြမ္းေဆာင္ရည္ကို စတင္ျမင္လာရပါၿပီ။

အခု MediaTek Dimensity 1000 5G ရဲ႕ Antutu Benchmark ဟာဆိုရင္ ရမွတ္ ၅၁၁,၃၆၃ မွတ္ရရွိခဲ့ၿပီးေတာ့ လက္ရွိစမတ္ဖုန္းေတြ အကုန္လုံးနီးပါးထက္ေတာင္ ပိုၿပီးမ်ားျပားေနတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလအတြက္ Antutu ကေန ထုတ္ျပန္ခဲ့တဲ့ Performance အေကာင္းဆုံးဖုန္းေတြျဖစ္တဲ့ Snapdragon 855+ အသုံးျပဳ Vivo NEX 3 5G က ရမွတ္ ၄၈၂,၉၁၇ ရရွိခဲ့ၿပီးေတာ့ Kirin 990 အသုံးျပဳ Honor V30 Pro 5G က ရမွတ္ ၄၇၆,၄၈၀ ပဲရရွိခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ အခု MediaTek Processor အသစ္ရဲ႕ စြမ္းေဆာင္ရည္ကို Gaming Phone ျဖစ္တဲ့ Red Magic 3S ကပဲ ရမွတ္ ၅၁၀,၄၉၆ နဲ႔ လိုက္မွီတယ္လို႔ ေျပာလို႔ရပါတယ္။

အခု Antutu Benchmark ကို တိုင္းတာခဲ့တဲ့ စမတ္ဖုန္းကိုေတာ့ မသိရွိရေသးေပမယ့္ ျဖစ္ႏိုင္တာကေတာ့ Xiaomi ကေန အသစ္မိတ္ဆက္ဖို႔ရွိေနတဲ့ Redmi K30 Pro 5G ျဖစ္လာဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။

ဘာပဲျဖစ္ျဖစ္ Redmi K20 Pro ဖုန္းက Snapdragon 855 ကို အသုံးျပဳခဲ့ေပမယ့္ K30 Pro ဖုန္းက MediaTek Dimensity 1000 5G Processor ကို အသုံးျပဳလာမယ္ဆိုရင္ Snapdragon 865 နဲ႔ ဘယ္သူက သာႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref – Gizmo China

Unicode

MediaTek ကနေ လက်ရှိ Flagship Processor တွေဖြစ်တဲ့ Kirin 990 5G ၊ Exynos 990 နဲ့ Snapdragon 865 Processor တွေကို ယှဥ်ပြိုင်ဖို့အတွက် Dimensity 1000 5G Processor ကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ Weibo မှာ အဆိုပါ MediaTek Flagship Processor အသစ်ရဲ့ စွမ်းဆောင်ရည်ကို စတင်မြင်လာရပါပြီ။

အခု MediaTek Dimensity 1000 5G ရဲ့ Antutu Benchmark ဟာဆိုရင် ရမှတ် ၅၁၁,၃၆၃ မှတ်ရရှိခဲ့ပြီးတော့ လက်ရှိစမတ်ဖုန်းတွေ အကုန်လုံးနီးပါးထက်တောင် ပိုပြီးများပြားနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွက် Antutu ကနေ ထုတ်ပြန်ခဲ့တဲ့ Performance အကောင်းဆုံးဖုန်းတွေဖြစ်တဲ့ Snapdragon 855+ အသုံးပြု Vivo NEX 3 5G က ရမှတ် ၄၈၂,၉၁၇ ရရှိခဲ့ပြီးတော့ Kirin 990 အသုံးပြု Honor V30 Pro 5G က ရမှတ် ၄၇၆,၄၈၀ ပဲရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခု MediaTek Processor အသစ်ရဲ့ စွမ်းဆောင်ရည်ကို Gaming Phone ဖြစ်တဲ့ Red Magic 3S ကပဲ ရမှတ် ၅၁၀,၄၉၆ နဲ့ လိုက်မှီတယ်လို့ ပြောလို့ရပါတယ်။

အခု Antutu Benchmark ကို တိုင်းတာခဲ့တဲ့ စမတ်ဖုန်းကိုတော့ မသိရှိရသေးပေမယ့် ဖြစ်နိုင်တာကတော့ Xiaomi ကနေ အသစ်မိတ်ဆက်ဖို့ရှိနေတဲ့ Redmi K30 Pro 5G ဖြစ်လာဖို့ ရာခိုင်နှုန်းများနေပါတယ်။

ဘာပဲဖြစ်ဖြစ် Redmi K20 Pro ဖုန်းက Snapdragon 855 ကို အသုံးပြုခဲ့ပေမယ့် K30 Pro ဖုန်းက MediaTek Dimensity 1000 5G Processor ကို အသုံးပြုလာမယ်ဆိုရင် Snapdragon 865 နဲ့ ဘယ်သူက သာနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Ref – Gizmo China