Unicode

MediaTek ကနေ အခုပြုလုပ်နေတဲ့ Product Communication Conference မှာ Mid Range စမတ်ဖုန်းတွေအတွက် Chipset အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ ဒီ Chipset အသစ်ကိုတော့ MediaTek Dimensity 800 လို့ နာမည်ပေးထားပြီးတော့ Mid Range နဲ့ Upper Mid Range ဖုန်းတွေအတွက် အဓိကရည်ရွယ်ပြီးထုတ်လုပ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

MediaTek ရဲ့ ပြောကြားချက်အရ ဒီ Dimensity 800 Chipset ကို အသုံးပြုထားတဲ့စမတ်ဖုန်းတွေဟာ လာမယ့် ၂၀၂၀ ခုနှစ် ဒုတိယ ၃ လပတ်မှာထွက်ရှိလာမှာဖြစ်ပြီး ဒီ Chipset နဲ့ ပတ်သတ်တဲ့သတင်းအချက်အလက်အပြည့်အစုံကိုတော့ ၂၀၂၀ နှစ်စပိုင်း ပထမ ၃ လပတ်အတွင်းမှာ သေချာထုတ်ပြန်သွားမယ်လို့သိရပါတယ်။ အဲ့ဒီအတွက် လောလောဆယ်မှာ MediaTek Dimensity 800 Chipset နဲ့ ပတ်သတ်တဲ့ Technical Specification အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

MediaTek ဟာ မကြာသေးခင်တုန်းကလည်း Snapdragon 865 ၊ Kirin 990 Chipset တို့နဲ့ ယှဥ်ပြိုင်ဖို့အတွက် Dimensity 1000 5G Flagship Chipset ကိုလည်း မိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။

လောလောဆယ်မှာလည်း OPPO Reno 3 စမတ်ဖုန်းဟာ အဆိုပါ Dimensity 1000 5G Chipset ကို အနည်းငယ် Clock Speed လျော့ထားတဲ့ Dimensity 1000L 5 Chipset ကို အသုံးပြုလာဖို့ရှိနေပါတယ်။ အဲ့ဒီအတွက် ကြည့်ရတာ MediaTek အနေနဲ့ လာမယ့် ၂၀၂၀ ထဲမှာ Mobile Chipset အသစ်တွေကို အများအပြားထုတ်လုပ်လာမယ့်ပုံစံပါပဲ။

MediaTek ရဲ့ Flagship Dimensity 1000 5G Chipset ကို အသုံးပြုလာတဲ့ စမတ်ဖုန်းတွေဟာ တရုတ်နိုင်ငံနဲ့ တခြားသော Asian Market တွေမှာ လာမယ့် ၂၀၂၀ ပထမ ၃ လပတ်အတွင်းမှာ မိတ်ဆက်လာမှာဖြစ်ပြီး ကျန်တဲ့ US နဲ့ EU လိုမျိုး အနောက်တိုင်းနိုင်ငံတွေကတော့ ၂၀၂၀ ဒုတိယနှစ်ဝက်ဝန်းကျင်မှ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Ref – Gizmo China

Zawgyi

MediaTek ကေန အခုျပဳလုပ္ေနတဲ့ Product Communication Conference မွာ Mid Range စမတ္ဖုန္းေတြအတြက္ Chipset အသစ္ကို မိတ္ဆက္လိုက္ပါၿပီ။ ဒီ Chipset အသစ္ကိုေတာ့ MediaTek Dimensity 800 လို႔ နာမည္ေပးထားၿပီးေတာ့ Mid Range နဲ႔ Upper Mid Range ဖုန္းေတြအတြက္ အဓိကရည္႐ြယ္ၿပီးထုတ္လုပ္ေပးထားတာျဖစ္တယ္လို႔ သိရပါတယ္။

MediaTek ရဲ႕ ေျပာၾကားခ်က္အရ ဒီ Dimensity 800 Chipset ကို အသုံးျပဳထားတဲ့စမတ္ဖုန္းေတြဟာ လာမယ့္ ၂၀၂၀ ခုႏွစ္ ဒုတိယ ၃ လပတ္မွာထြက္ရွိလာမွာျဖစ္ၿပီး ဒီ Chipset နဲ႔ ပတ္သတ္တဲ့သတင္းအခ်က္အလက္အျပည့္အစုံကိုေတာ့ ၂၀၂၀ ႏွစ္စပိုင္း ပထမ ၃ လပတ္အတြင္းမွာ ေသခ်ာထုတ္ျပန္သြားမယ္လို႔သိရပါတယ္။ အဲ့ဒီအတြက္ ေလာေလာဆယ္မွာ MediaTek Dimensity 800 Chipset နဲ႔ ပတ္သတ္တဲ့ Technical Specification အေသးစိတ္ကိုေတာ့ မသိရွိရေသးပါဘူး။

MediaTek ဟာ မၾကာေသးခင္တုန္းကလည္း Snapdragon 865 ၊ Kirin 990 Chipset တို႔နဲ႔ ယွဥ္ၿပိဳင္ဖို႔အတြက္ Dimensity 1000 5G Flagship Chipset ကိုလည္း မိတ္ဆက္ခဲ့ေသးတာျဖစ္ပါတယ္။

ေလာေလာဆယ္မွာလည္း OPPO Reno 3 စမတ္ဖုန္းဟာ အဆိုပါ Dimensity 1000 5G Chipset ကို အနည္းငယ္ Clock Speed ေလ်ာ့ထားတဲ့ Dimensity 1000L 5 Chipset ကို အသုံးျပဳလာဖို႔ရွိေနပါတယ္။ အဲ့ဒီအတြက္ ၾကည့္ရတာ MediaTek အေနနဲ႔ လာမယ့္ ၂၀၂၀ ထဲမွာ Mobile Chipset အသစ္ေတြကို အမ်ားအျပားထုတ္လုပ္လာမယ့္ပုံစံပါပဲ။

MediaTek ရဲ႕ Flagship Dimensity 1000 5G Chipset ကို အသုံးျပဳလာတဲ့ စမတ္ဖုန္းေတြဟာ တ႐ုတ္ႏိုင္ငံနဲ႔ တျခားေသာ Asian Market ေတြမွာ လာမယ့္ ၂၀၂၀ ပထမ ၃ လပတ္အတြင္းမွာ မိတ္ဆက္လာမွာျဖစ္ၿပီး က်န္တဲ့ US နဲ႔ EU လိုမ်ိဳး အေနာက္တိုင္းႏိုင္ငံေတြကေတာ့ ၂၀၂၀ ဒုတိယႏွစ္ဝက္ဝန္းက်င္မွ အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။

Ref – Gizmo China