Unicode

ထိုင်ဝမ်အခြေစိုက်ထုတ်လုပ်သူ MediaTek ဟာ CES 2020 ပွဲမှာ ထုတ်ကုန်သစ်တစ်ခု မိတ်ဆက်လာမယ်လို့ ကြေညာခဲ့ပြီး တကယ်လည်း Dimensity 800 SoC အသစ်ကို ပွဲထုတ်လာခဲ့ပါတယ်။ ဒီချစ်ပ်အသစ်ဟာ 7nm Process နဲ့ တည်ဆောက်ထားပြီး အခုနှစ်ထဲမှာထွက်မယ့် Premium Midrange ဟန်းဆက်တွေအတွက် 5G ချိတ်ဆက်နိုင်စွမ်းကို ယူဆောင်လာမှာပါ။

Dimensity 800 ကို အသုံးပြုလာမယ့် ပထမဆုံးစမတ်ဖုန်းကိုတော့ ၂၀၂၀ ပထမနှစ်ဝက် ကုန်ခါနီးမှာ ဈေးကွက်ထဲ ဝယ်ယူနိုင်မှာဖြစ်တယ်လို့လည်း ကုမ္ပဏီက လာ့စ်ဗီးဂတ်မှာ ကျင်းပနေတဲ့ နည်းပညာပြပွဲရဲ့ မိတ်ဆက်ပွဲမှာ အတည်ပြုခဲ့ပါတယ်။

Dimensity 800 စီးရီး 5G ချစ်ပ်ဆက်တွေဟာ 2CC Aggregation ကို ထောက်ပံ့ပေးပြီး 1CC နဲ့အောက် ပလက်ဖောင်းတွေထက် 30% ပိုကျယ်ပြန့်တဲ့ Coverage ကိုရရှိစေမှာပါ။ SA နဲ့ NSA 5G နက်ဝပ်နှစ်မျိုးလုံး ထောက်ပံ့ပေးမှာ ဖြစ်ပြီး 2G ကနေ 5G ထိ နက်ဝပ်မျိုးစုံနဲ့ အသုံးပြုနိုင်မှာပါ။

သူ့မှာ 2 GHz Cortex-A76 Core လေးခုနဲ့ 2 GHz တူပေမယ့် ပါဝါစားပိုနည်းတဲ့ Cortex-A55 Core လေးခုတို့ ပေါင်းစပ်ထားပါတယ်။ ဂရပ်ဖစ်ယူနစ်ကိုတော့ Dimensity 1000 မှာပါတဲ့ဟာနဲ့ လယ်ဗယ်တူကို အသုံးပြုထားပြီး ဂိမ်းဆော့ရာမှာ စွမ်းဆောင်ရည်ပိုကောင်းအောင် Hardware အား မြှင့်တင်ပေးမယ့် HyperEngine ဆိုတဲ့ နည်းပညာ ထည့်သွင်းပေးလာပါတယ်။

Ref – GSM Arena

Zawgyi

ထိုင္ဝမ္အေျခစုိက္ထုတ္လုပ္သူ MediaTek ဟာ CES 2020 ပြဲမွာ ထုတ္ကုန္သစ္တစ္ခု မိတ္ဆက္လာမယ္လို႔ ေၾကညာခဲ့ၿပီး တကယ္လည္း Dimensity 800 SoC အသစ္ကုိ ပြဲထုတ္လာခဲ့ပါတယ္။ ဒီခ်စ္ပ္အသစ္ဟာ 7nm Process နဲ႔ တည္ေဆာက္ထားၿပီး အခုႏွစ္ထဲမွာထြက္မယ့္ Premium Midrange ဟန္းဆက္ေတြအတြက္ 5G ခ်ိတ္ဆက္ႏုိင္စြမ္းကို ယူေဆာင္လာမွာပါ။

Dimensity 800 ကုိ အသုံးျပဳလာမယ့္ ပထမဆုံးစမတ္ဖုန္းကိုေတာ့ ၂၀၂၀ ပထမႏွစ္ဝက္ ကုန္ခါနီးမွာ ေစ်းကြက္ထဲ ဝယ္ယူႏုိင္မွာျဖစ္တယ္လို႔လည္း ကုမၸဏီက လာ့စ္ဗီးဂတ္မွာ က်င္းပေနတဲ့ နည္းပညာျပပြဲရဲ႕ မိတ္ဆက္ပြဲမွာ အတည္ျပဳခဲ့ပါတယ္။

Dimensity 800 စီးရီး 5G ခ်စ္ပ္ဆက္ေတြဟာ 2CC Aggregation ကုိ ေထာက္ပံ့ေပးၿပီး 1CC နဲ႔ေအာက္ ပလက္ေဖာင္းေတြထက္ 30% ပုိက်ယ္ျပန္႔တဲ့ Coverage ကုိရရွိေစမွာပါ။ SA နဲ႔ NSA 5G နက္ဝပ္ႏွစ္မ်ဳိးလုံး ေထာက္ပ့ံေပးမွာ ျဖစ္ၿပီး 2G ကေန 5G ထိ နက္ဝပ္မ်ဳိးစုံနဲ႔ အသုံးျပဳႏုိင္မွာပါ။

သူ႕မွာ 2 GHz Cortex-A76 Core ေလးခုနဲ႔ 2 GHz တူေပမယ့္ ပါဝါစားပိုနည္းတဲ့ Cortex-A55 Core ေလးခုတုိ႔ ေပါင္းစပ္ထားပါတယ္။ ဂရပ္ဖစ္ယူနစ္ကိုေတာ့ Dimensity 1000 မွာပါတဲ့ဟာနဲ႔ လယ္ဗယ္တူကို အသုံးျပဳထားၿပီး ဂိမ္းေဆာ့ရာမွာ စြမ္းေဆာင္ရည္ပုိေကာင္းေအာင္ Hardware အား ျမွင့္တင္ေပးမယ့္ HyperEngine ဆုိတဲ့ နည္းပညာ ထည့္သြင္းေပးလာပါတယ္။

Ref – GSM Arena