Zawgyi
ဘာကြောင့်လဲဆိုရင် MediaTek ရဲ့ Helio G90 ရဲ့ Antutu နဲ့ Geekbench Benchmark တွေထွက်ရှိလာပြီဖြစ်ပြီး အဓိကပြိုင်ဆိုင်ရမယ့် Snapdragon 730 ထက်ပိုပြီး သာနေတာကြောင့်ဖြစ်ပါတယ်။
Antutu Benchmark အနေနဲ့ဆိုရင် MediaTek Helio G90 Processor က 222,282 Marks ရရှိထားပြီးတော့ Snapdragon 730 သုံးထားတဲ့ Xiaomi Mi 9T က 211,915 Marks ပဲရရှိထားတဲ့အတွက် အနည်းငယ်ပိုသာနေပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီ MediaTek Helio G90 သုံးထားတဲ့စမတ်ဖုန်းတွေကို Xiaomi ဆီကနေ အစောဆုံးတွေ့ရမှာဖြစ်ပြီး Snapdragon 730 သုံးထားတဲ့ဖုန်းတွေထက် ဈေးပိုသက်သာဖို့များနေတဲ့အတွက် Mid Range Gaming ဦးစားပေးဖုန်းတွေကို ရှာနေတဲ့သူတွေအတွက်ကတော့ သတင်းကောင်းဖြစ်နေမှာပါ။
Ref – GSM Arena
Unicode
MediaTek ကနေ Gaming အတွက်ရည်ရွယ်ပြီးတော့ MediaTek Helio G90 နဲ့ G90T Processor တွေကို မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ အခု MediaTek G90 Series Processor တွေဟာ Qualcomm ရဲ့ Snapdragon 730 Series Processor တွေကို အဓိကယှဉ်ပြိုင်မှာဖြစ်ပြီးတော့ ကြည့်ရတာတော့ အနိုင်ယူနိုင်သွားတဲ့ပုံစံပါပဲ။
ဘာကြောင့်လဲဆိုရင် ဒီ MediaTek ရဲ့ Helio G90 ရဲ့ Antutu နဲ့ Geekbench Benchmark တွေထွက်ရှိလာပြီဖြစ်ပြီး အဓိကပြိုင်ဆိုင်ရမယ့် Snapdragon 730 ထက်ပိုပြီး သာနေတာကြောင့်ဖြစ်ပါတယ်။
Antutu Benchmark အနေနဲ့ဆိုရင် ဒီ MediaTek Helio G90 Processor က 222,282 Marks ရရှိထားပြီးတော့ Snapdragon 730 သုံးထားတဲ့ Xiaomi Mi 9T က 211,915 Marks ပဲရရှိထားတဲ့အတွက် အနည်းငယ်ပိုသာနေပါတယ်။
Geekbench Score တွေအနေနဲ့လည်း Single-Core Score 2,410 Marks နဲ့ Multi-Core Score 7,193 Marks ရရှိထားတဲ့အတွက် Snapdragon 730 ထက်လည်း ပိုသာနေသေးတာကိုတွေ့ရပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီ MediaTek Helio G90 သုံးထားတဲ့စမတ်ဖုန်းတွေကို Xiaomi ဆီကနေ အစောဆုံးတွေ့ရမှာဖြစ်ပြီးတော့ Snapdragon 730 သုံးထားတဲ့ဖုန်းတွေထက် ဈေးပိုသက်သာဖို့များနေတဲ့အတွက် Mid Range Gaming ဦးစားပေးဖုန်းတွေကို ရှာနေတဲ့သူတွေအတွက်ကတော့ သတင်းကောင်းဖြစ်နေမှာပါ။
Ref – GSM Arena