[Zawgyi]

MediaTek က ၿပီးခဲ့တဲ့ လေႏွာင္းပိုင္းမွာ ဂိမ္း အသားေပး Helio G90 နဲ႔ Helio G90T Chipsets ေတြကို ေၾကညာခဲ့ပါတယ္။  သိပ္မၾကာခင္မွာပဲ Redmi က Helio G90T ပါတဲ့ ပထမဆံုး စမတ္ဖုန္းကုိ ထုတ္လုပ္ေရာင္းခ်မယ္လို႔ ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကေတာ့ Redmi Note 8 နဲ႔ Note 8 Pro Smartphones ေတြကို ဒီလ ၂၉ ရက္မွာ မိတ္ဆက္မယ္လို႔ ကုမၸဏီက အတည္ျပဳခဲ့ပါတယ္။ Redmi Note 8 Series ေတြမွာ Helio G90T Chipset ပါမယ္လို႔ သတင္းေတြထြက္ခဲ့ပါတယ္။ အခုေတာ့ MediaTek က Redmi Note 8 နဲ႔ Note 8 Pro တို႔မွာ အဲဒီ Chipset ပါမယ္လို႔ အတည္ျပဳလိုက္ပါတယ္။

MediaTek က ၀ီဘိုမွာ ဒီသတင္းကို ေၾကညာလိုက္တာ ျဖစ္ၿပီး ပိုစတာအရ MediaTek နဲ႔ Redmi တို႔ဟာ Note 8 Series ေတြမွာ Helio G90T Chipset ကို အေစာဆံုး ထည့္သြင္းႏိုင္ေအာင္  ပူးေပါင္းေဆာင္ရြက္ထားတာ ျဖစ္ပါတယ္။ အဲဒီဖုန္း ၂ လံုးစလံုးမွာ အေနာက္ကင္မရာ ၄ လံုး ပါလာမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Pro Model ဟာ 64MP Samsung GW1 Sensor ပါတဲ့ ကမာၻ႕ ပထမဆံုး စမတ္ဖုန္း ျဖစ္လာမွာပါ။

Redmi Note 8 Pro ရဲ႕ တျခား သတင္းအခ်က္အလက္ေတြကို မသိရေသးပါဘူး။ အဲဒီဖုန္းမွာ 8GB RAM အထိ ေရြးခ်ယ္ႏုိင္ၿပီး အရြယ္ႀကီး ဘက္ထရီ ပါလာႏုိင္ပါတယ္။ Redmi က လာမယ့္ ရက္ေတြမွာ အဲဒီဖုန္းေတြရဲ႕ သတင္းအခ်က္အလက္ေတြကို မွ်ေ၀ႏုိင္ပါတယ္။

Ref : playfuldroid

[Unicode]

Redmi Note 8 Series တွေမှာ MediaTek Helio G90T ပါမှာ သေချာပြီ

MediaTek က ပြီးခဲ့တဲ့ လနှောင်းပိုင်းမှာ ဂိမ်း အသားပေး Helio G90 နဲ့ Helio G90T Chipsets တွေကို ကြေညာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ Redmi က Helio G90T ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချမယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ Redmi Note 8 နဲ့ Note 8 Pro Smartphones တွေကို ဒီလ ၂၉ ရက်မှာ မိတ်ဆက်မယ်လို့ ကုမ္ပဏီက အတည်ပြုခဲ့ပါတယ်။ Redmi Note 8 Series တွေမှာ Helio G90T Chipset ပါမယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ အခုတော့ MediaTek က Redmi Note 8 နဲ့ Note 8 Pro တို့မှာ အဲဒီ Chipset ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။

MediaTek က ဝီဘိုမှာ ဒီသတင်းကို ကြေညာလိုက်တာ ဖြစ်ပြီး ပိုစတာအရ MediaTek နဲ့ Redmi တို့ဟာ Note 8 Series တွေမှာ Helio G90T Chipset ကို အစောဆုံး ထည့်သွင်းနိုင်အောင် ပူးပေါင်းဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ အဲဒီဖုန်း ၂ လုံးစလုံးမှာ အနောက်ကင်မရာ ၄ လုံး ပါလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Pro Model ဟာ 64MP Samsung GW1 Sensor ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

Redmi Note 8 Pro ရဲ့ တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ အဲဒီဖုန်းမှာ 8GB RAM အထိ ရွေးချယ်နိုင်ပြီး အရွယ်ကြီး ဘက်ထရီ ပါလာနိုင်ပါတယ်။ Redmi က လာမယ့် ရက်တွေမှာ အဲဒီဖုန်းတွေရဲ့ သတင်းအချက်အလက်တွေကို မျှဝေနိုင်ပါတယ်။

Ref : playfuldroid