[Zawgyi]

ထိုင္ဝမ္ႏိုင္ငံ အေျခစိုက္ Chipmaker ကုမၸဏီတစ္ခုျဖစ္တဲ့ MediaTek ဟာ Helio P65 အေၾကာင္းကို ထုတ္ျပန္ေၾကညာလာပါတယ္။ Helio P65 ဟာ Helio P60 , P70 တို႔နဲ႔ သိပ္မကြာေပမယ့္ ပိုျမန္တဲ့ CPU cores , တိုးတက္ေကာင္းမြန္လာတဲ့ Neural Processing Unit (NPU) ေတြကို အသုံးျပဳထားပါတယ္။

Helio P65 ဟာ Octa-core SoC (Systems-on-Chip) အမ်ိဴးအစားျဖစ္ၿပီး ARM Cortex-A75 Core ၂လုံးနဲ႔ ARM Cortex-A55 Core ၆လုံးတို႔ကို ေပါင္းစပ္ဖြဲ႕စည္းထားတာ ျဖစ္ပါတယ္။ Helio P60 နဲ႔ P70 တို႔မွာေတာ့ ARM Cortex-A73 Core ၄လုံးနဲ႔ ARM Cortex-A53 Core ၄လုံးတို႔ကို အသုံးျပဳထားပါတယ္။ ARM ရဲ႕ ေျပာၾကားခ်က္အရဆိုရင္ Cortex-A75 က A73 ထက္ ၂၂% ပိုမိုျမန္ဆန္ၿပီး၊ Cortex-A55 က A53 ထက္ ၁၈% ပိုမိုျမန္ဆန္တယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ Helio P65 ဟာ Single-core Performance မွာ Helio P60 နဲ႔ P70 တို႔ထက္ တိုးတက္ေကာင္းမြန္လာမယ္လို႔ ေမွ်ာ္လင့္ရေပမယ့္ Multi-core Performance မွာေတာ့ Helio P60 နဲ႔ P70 တို႔ကို မမွီႏိုင္ဘူးလို႔ ယူဆရပါတယ္။

GPU အပိုင္းမွာဆိုရင္လည္း Helio P70 မွာ အသုံးျပဳထားတဲ့ Mali-G72 MP3 အစား Mali-G52 2EEMC2 ကိုသာ အသုံးျပဳထားတာ ေတြ႕ရပါတယ္။ RAM 4GB ဒါမွမဟုတ္ 8GB စိုက္လို႔ရၿပီး eMMC 5.1 Storage အမ်ိဴးအစားကို အသုံးျပဳထားပါတယ္။ ပိုျမန္တဲ့ UFS 2.1 Flash Storage ကိုေတာ့ ေထာက္ပံ့ထားျခင္း မရွိပါဘူး။

ကင္မရာ ၁လုံးတည္း တပ္မယ္ဆိုရင္ 48MP Sensor ကို တပ္ဆင္ႏိုင္ၿပီး ၂လုံးတပ္မယ္ဆိုပါက အျမင့္ဆုံး 16MP+16MP Dual Camera Setup ကို တပ္ဆင္ႏိုင္တယ္လို႔ သိရပါတယ္။ 4K ဗီဒီယိုေတြ ႐ိုက္ကူးလို႔ မရေပမယ့္ 2K ဗီဒီယိုေတြကို 30 fps (Frame per second) နဲ႔ ႐ိုက္ကူးႏိုင္ေအာင္ ေထာက္ပံ့ေပးထားပါတယ္။ Helio P65 ဟာ အရင္မ်ိဴးဆက္ Helio Chipset ေတြထက္ NPU အပိုင္းမွာ ၂ဆပိုျမန္ေၾကာင္း MediaTek က ေျပာၾကားထားပါတယ္။ ဒါေပမယ့္ Helio P65 ရဲ႕ Manufacturing Process ကိုေတာ့ MediaTek က ထုတ္ေဖာ္ေျပာၾကားသြားျခင္း မရွိပါဘူး။ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ TSMC ရဲ႕ 12nm Architecture ေပၚမွာ တည္ေဆာက္ထားတာ ျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : Gizmochina

[Unicode]

Helio P65 Chipset ကို မိတ်ဆက်လိုက်တဲ့ MediaTek

ထိုင်ဝမ်နိုင်ငံ အခြေစိုက် Chipmaker ကုမ္ပဏီတစ်ခုဖြစ်တဲ့ MediaTek ဟာ Helio P65 အကြောင်းကို ထုတ်ပြန်ကြေညာလာပါတယ်။ Helio P65 ဟာ Helio P60 , P70 တို့နဲ့ သိပ်မကွာပေမယ့် ပိုမြန်တဲ့ CPU cores , တိုးတက်ကောင်းမွန်လာတဲ့ Neural Processing Unit (NPU) တွေကို အသုံးပြုထားပါတယ်။

Helio P65 ဟာ Octa-core SoC (Systems-on-Chip) အမျိူးအစားဖြစ်ပြီး ARM Cortex-A75 Core ၂လုံးနဲ့ ARM Cortex-A55 Core ၆လုံးတို့ကို ပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ Helio P60 နဲ့ P70 တို့မှာတော့ ARM Cortex-A73 Core ၄လုံးနဲ့ ARM Cortex-A53 Core ၄လုံးတို့ကို အသုံးပြုထားပါတယ်။ ARM ရဲ့ ပြောကြားချက်အရဆိုရင် Cortex-A75 က A73 ထက် ၂၂% ပိုမိုမြန်ဆန်ပြီး၊ Cortex-A55 က A53 ထက် ၁၈% ပိုမိုမြန်ဆန်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် Helio P65 ဟာ Single-core Performance မှာ Helio P60 နဲ့ P70 တို့ထက် တိုးတက်ကောင်းမွန်လာမယ်လို့ မျှော်လင့်ရပေမယ့် Multi-core Performance မှာတော့ Helio P60 နဲ့ P70 တို့ကို မမှီနိုင်ဘူးလို့ ယူဆရပါတယ်။

GPU အပိုင်းမှာဆိုရင်လည်း Helio P70 မှာ အသုံးပြုထားတဲ့ Mali-G72 MP3 အစား Mali-G52 2EEMC2 ကိုသာ အသုံးပြုထားတာ တွေ့ရပါတယ်။ RAM 4GB ဒါမှမဟုတ် 8GB စိုက်လို့ရပြီး eMMC 5.1 Storage အမျိူးအစားကို အသုံးပြုထားပါတယ်။ ပိုမြန်တဲ့ UFS 2.1 Flash Storage ကိုတော့ ထောက်ပံ့ထားခြင်း မရှိပါဘူး။

ကင်မရာ ၁လုံးတည်း တပ်မယ်ဆိုရင် 48MP Sensor ကို တပ်ဆင်နိုင်ပြီး ၂လုံးတပ်မယ်ဆိုပါက အမြင့်ဆုံး 16MP+16MP Dual Camera Setup ကို တပ်ဆင်နိုင်တယ်လို့ သိရပါတယ်။ 4K ဗီဒီယိုတွေ ရိုက်ကူးလို့ မရပေမယ့် 2K ဗီဒီယိုတွေကို 30 fps (Frame per second) နဲ့ ရိုက်ကူးနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။ Helio P65 ဟာ အရင်မျိူးဆက် Helio Chipset တွေထက် NPU အပိုင်းမှာ ၂ဆပိုမြန်ကြောင်း MediaTek က ပြောကြားထားပါတယ်။ ဒါပေမယ့် Helio P65 ရဲ့ Manufacturing Process ကိုတော့ MediaTek က ထုတ်ဖော်ပြောကြားသွားခြင်း မရှိပါဘူး။ ကျွမ်းကျင်ပညာရှင်တွေကတော့ TSMC ရဲ့ 12nm Architecture ပေါ်မှာ တည်ဆောက်ထားတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Gizmochina