Zawgyi

MediaTek အေနနဲ႔ Helio P90 (MT6779V) SoC ကို တ႐ုတ္ႏိုင္ငံ ေဘက်င္းၿမိဳ႕မွာ တရားဝင္ မိတ္ဆက္ေပးလိုက္ပါၿပီ။ Helio P90 ဟာ 12nm SoC အမ်ိဴးအစားျဖစ္ၿပီး Helio P70 ထက္ ပိုမိုအဆင့္ျမင့္တိုးတက္လာတဲ့ CPU, GPU စြမ္းေဆာင္ရည္ေတြနဲ႔ ပြဲထြက္ခဲ့တာ ျဖစ္ပါတယ္။

MediaTek Helio P90 ဟာ Mid-range စမတ္ဖုန္းေတြမွာ Flagship လိုမ်ိဴး စြမ္းေဆာင္ရည္ကို ရရွိႏိုင္ဖို႔အတြက္ ရည္႐ြယ္ထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။ P90 မွာ သိသိသာသာ တိုးတက္ေျပာင္းလဲလာတာကေတာ့ Artificial Intelligence လို႔ေခၚတဲ့ A.I. အပိုင္းပါ။ P90 ကို သူရဲ႕ အရင္မ်ိဴးဆက္ SoC ေတြျဖစ္တဲ့ Helio P70, P60 ေတြနဲ႔ ယွဥ္ရမယ္ဆိုရင္ P90 ဟာ A.I. စြမ္းေဆာင္ရည္အပိုင္းမွာ ၄ဆအထိ ပိုမိုေကာင္းမြန္လာမွာ ျဖစ္ပါတယ္။

12nm MediaTek Helio P90 ဟာ Octa-core processor အမ်ိဴးအစားျဖစ္ၿပီး ARM Cortex A75 2.2GHz CPUs ၂လုံး၊ ARM Cortex A55 2.0GHz CPUs ၆လုံးနဲ႔ ဖြဲ႕စည္းထားတာ ျဖစ္ပါတယ္။ Graphics အပိုင္းမွာ PowerVR GM 9964 GPU နဲ႔ အားျဖည့္ထားၿပီး၊ UFS 2.1 နဲ႔ LPDDRX RAM 8GB အထိ တပ္ဆင္ႏိုင္ေအာင္ ေထာက္ပံ့ေပးထားပါတယ္။ ကင္မရာ အပိုင္းမွာေတာ့ 48MP ဒါမွမဟုတ္ 24MP+16MP Dual Camera ေတြကို တပ္ဆင္ႏိုင္ေအာင္ ျပဳလုပ္ေပးထားၿပီး Maximum Display Resolution ကေတာ့ 1080 x 2520 pixels (FHD+) ျဖစ္ပါတယ္။

MediaTek က ထုတ္ေဖာ္ျပသခဲ့တဲ့ Helio P90 ရဲ႕ AI Benchmark ေတြဟာ Snapdragon 845 ထက္သာၿပီး Snapdragon 855 (7nm) နဲ႔ မတိမ္းမယိမ္းေလးကြာတယ္လို႔ သိရပါတယ္။ Helio P90 အသုံးျပဳထားတဲ့ စမတ္ဖုန္းေတြကို Q1 (1 January – 31 March) 2019 မွာ စတင္ျမင္ေတြ႕ႏိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref: Gizmochina

Unicode

Mid-range ဖုန်းတွေအတွက် Flagship စွမ်းဆောင်ရည် ပေးစွမ်းနိုင်မယ့် MediaTek Helio P90

MediaTek အနေနဲ့ Helio P90 (MT6779V) SoC ကို တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ တရားဝင် မိတ်ဆက်ပေးလိုက်ပါပြီ။ Helio P90 ဟာ 12nm SoC အမျိူးအစားဖြစ်ပြီး Helio P70 ထက် ပိုမိုအဆင့်မြင့်တိုးတက်လာတဲ့ CPU, GPU စွမ်းဆောင်ရည်တွေနဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

MediaTek Helio P90 ဟာ Mid-range စမတ်ဖုန်းတွေမှာ Flagship လိုမျိူး စွမ်းဆောင်ရည်ကို ရရှိနိုင်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ P90 မှာ သိသိသာသာ တိုးတက်ပြောင်းလဲလာတာကတော့ Artificial Intelligence လို့ခေါ်တဲ့ A.I. အပိုင်းပါ။ P90 ကို သူရဲ့ အရင်မျိူးဆက် SoC တွေဖြစ်တဲ့ Helio P70, P60 တွေနဲ့ ယှဥ်ရမယ်ဆိုရင် P90 ဟာ A.I. စွမ်းဆောင်ရည်အပိုင်းမှာ ၄ဆအထိ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။

12nm MediaTek Helio P90 ဟာ Octa-core processor အမျိူးအစားဖြစ်ပြီး ARM Cortex A75 2.2GHz CPUs ၂လုံး၊ ARM Cortex A55 2.0GHz CPUs ၆လုံးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ Graphics အပိုင်းမှာ PowerVR GM 9964 GPU နဲ့ အားဖြည့်ထားပြီး၊ UFS 2.1 နဲ့ LPDDRX RAM 8GB အထိ တပ်ဆင်နိုင်အောင် ထောက်ပံ့ပေးထားပါတယ်။ ကင်မရာ အပိုင်းမှာတော့ 48MP ဒါမှမဟုတ် 24MP+16MP Dual Camera တွေကို တပ်ဆင်နိုင်အောင် ပြုလုပ်ပေးထားပြီး Maximum Display Resolution ကတော့ 1080 x 2520 pixels (FHD+) ဖြစ်ပါတယ်။

MediaTek က ထုတ်ဖော်ပြသခဲ့တဲ့ Helio P90 ရဲ့ AI Benchmark တွေဟာ Snapdragon 845 ထက်သာပြီး Snapdragon 855 (7nm) နဲ့ မတိမ်းမယိမ်းလေးကွာတယ်လို့ သိရပါတယ်။ Helio P90 အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို Q1 (1 January – 31 March) 2019 မှာ စတင်မြင်တွေ့နိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref: Gizmochina