Counterpoint Research ကဖော်ပြတဲ့ သုံးလပတ်ဆိုင်ရာ အချက်အလက်တွေအရ MediaTek ဟာ ဇူလိုင်လကစတင်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း SoC တင်ပို့ရောင်းချမှုပမာဏဟာ Qualcomm ထက် ပိုမိုများပြားခဲ့တာကို တွေ့မြင်ရပါတယ်။

ဈေးကွက်ပြိုင်ဆိုင်မှုမှာ အပြောင်းအလဲအချို့ကိုတွေ့မြင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ Apple ကတော့ ပြီးခဲ့တဲ့နှစ်ကာလတူနဲ့နှိုင်းယှဉ်ရင် အနည်းငယ်တိုးတက်လာပြီး တတိယနေရာမှာရှိနေပါတယ်။ Samsung ကတော့ UNISOC ရဲ့ ကျော်တက်ခြင်းကိုခံခဲ့ရပြီး HiSilicon ကလည်း ၂% ဆိုတဲ့ ပါးပါးလေးသာပိုင်ဆိုင်ခဲ့တာကို တွေ့ရပါတယ်။

MediaTek ဟာ မြင့်မားလှတဲ့ 4G SoC လိုအပ်ချက်နဲ့အတူ အကျိုးအမြတ်ရသွားပုံပါပဲ။ 5G chip တွေ ကမ္ဘာလုံးအတိုင်းအတာ ပြတ်လပ်မှုကြုံတွေ့ခဲ့ကြရချိန်မှာ စမတ်ဖုန်း ၅ လုံးမှာ ၂ လုံးက MediaTek ရဲ့ Chip ကိုအသုံးပြုထားတဲ့အထိ ဖြစ်လာပါတယ်။ တစ်ဖက်မှာတော့ Qualcomm က 5G ဈေးကွက်ကို ဦးဆောင်နေပါတယ်။ သူ့ရဲ့ Snapdragon 8-series chips တွေနဲ့ ပရီမီယံ 5G modem တွေနဲ့အတူ ဈေးကွက်ကို ၆၂% အထိ ရယူနိုင်ခဲ့တာပါ။

Apple ကတော့ စမတ်ဖုန်း Chip ဈေးကွက်မှာ တတိယနေရာကို ရယူထားပါတယ်။ စတုတ္ထသုံးလပတ် အချက်အလက်တွေထွက်လာချိန်မှပဲ အစိတ်အပိုင်းပြတ်လပ်မှုဒဏ်ကို ဘယ်လောက်ထိခံရမလဲဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။ UNISOC က Realme, Motorola, ZTE နဲ့ Samsung တို့လိုကုမ္ပဏီတွေနဲ့ စိတ်ချရတဲ့မိတ်ဖက်အဖြစ် ရပ်တည်နေနိုင်တာကြောင့် တတိယသုံးလပတ်မှာ အခုလိုမျိုးရလဒ်ကို ရရှိသွားတာ ဖြစ်ပါတယ်။

Ref: GSM Arena