Unicode

အခုနောက်ပိုင်း စမတ်ဖုန်းတွေမှာ Gaming ပိုင်းကို ဦးစားပေးတဲ့ ဖုန်းတွေအများအပြားထွက်ရှိလာတာဖြစ်ပါတယ်။ Mobile Processor ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Qualcomm နဲ့ MediaTek တို့ကလည်း Snapdragon 730G နဲ့ Helio G90T လိုမျိုး Gaming Chipset တွေကိုပါ မိတ်ဆက်ထားပါသေးတယ်။

အဆိုပါ Gaming Chipset တွေဟာ လက်ရှိမှာ အမြင့်ပိုင်း High End စမတ်ဖုန်းတွေနဲ့ Upper Mid-range စမတ်ဖုန်းတွေ အတွက်ပဲဖြစ်နေသေးပြီးတေ့ာ Mid Range ဖုန်းတွေအတွက်ကတော့ မရှိသေးဘူးလို့ ပြောလို့ရပါတယ်။ အဲ့ဒီအတွက် MediaTek ကနေ Mid Range Gaming Chipset အသစ်ကို မိတ်ဆက်တော့မယ့်ပုံစံပါပဲ။

အခုလည်း MediaTek ကုမ္ပဏီကိုယ်တိုင်ကနေ အနိမ့်ပိုင်း G-Series Chipset အသစ်တစ်ခုမိတ်ဆက်ဖို့ရှိတယ်ဆိုတာကို အတည်ပြုလုပ်ပါတယ်။ MediaTek ရဲ့ Senior Director တစ်ဦးဖြစ်တဲ့ Yenchi Lee ပြောကြားချက်အရတော့ အဆိုပါ Processor ဟာ G90T ထက် နိမ့်ပြီးတော့ စွမ်းဆောင်ရည်ပိုင်းမှာ G90 Chipset နဲ့ အများကြီးကွာမှာမဟုတ်ဘူးလို့ သိရပါတယ်။ မိတ်ဆက်မယ့်အချိန်ကိုလည်း မကြာခင်မှာ သိရတော့မယ်လို့ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

လောလောဆယ်မှာ MediaTek ကနေ Dimensity 1000 နဲ့ 800 5G Chipset တွေကို မိတ်ဆက်ထားပြီးတော့ာ့ Qualcomm ရဲ့ Processor အသစ်တွေနဲ့ ဆက်တိုက်ယှဥ်ပြိုင်နေတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Gaming Chipset အသစ်ထွက်ရှိလာမယ်ဆိုရင် Mid Range ဖုန်းတွေထဲမှာ Gaming Performance ဦးစားပေးရွေးချယ်နိုင်တော့မှာပါ။

Ref – Android Authority

Zawgyi

အခုေနာက္ပိုင္း စမတ္ဖုန္းေတြမွာ Gaming ပိုင္းကို ဦးစားေပးတဲ့ ဖုန္းေတြအမ်ားအျပားထြက္ရွိလာတာျဖစ္ပါတယ္။ Mobile Processor ထုတ္လုပ္တဲ့ ကုမၸဏီေတြျဖစ္တဲ့ Qualcomm နဲ႔ MediaTek တို႔ကလည္း Snapdragon 730G နဲ႔ Helio G90T လိုမ်ိဳး Gaming Chipset ေတြကိုပါ မိတ္ဆက္ထားပါေသးတယ္။

အဆိုပါ Gaming Chipset ေတြဟာ လက္ရွိမွာ အျမင့္ပိုင္း High End စမတ္ဖုန္းေတြနဲ႔ Upper Mid-range စမတ္ဖုန္းေတြ အတြက္ပဲျဖစ္ေနေသးၿပီးေတ့ာ Mid Range ဖုန္းေတြအတြက္ကေတာ့ မရွိေသးဘူးလို႔ ေျပာလို႔ရပါတယ္။ အဲ့ဒီအတြက္ MediaTek ကေန Mid Range Gaming Chipset အသစ္ကို မိတ္ဆက္ေတာ့မယ့္ပုံစံပါပဲ။

အခုလည္း MediaTek ကုမၸဏီကိုယ္တိုင္ကေန အနိမ့္ပိုင္း G-Series Chipset အသစ္တစ္ခုမိတ္ဆက္ဖို႔ရွိတယ္ဆိုတာကို အတည္ျပဳလုပ္ပါတယ္။ MediaTek ရဲ႕ Senior Director တစ္ဦးျဖစ္တဲ့ Yenchi Lee ေျပာၾကားခ်က္အရေတာ့ အဆိုပါ Processor ဟာ G90T ထက္ နိမ့္ၿပီးေတာ့ စြမ္းေဆာင္ရည္ပိုင္းမွာ G90 Chipset နဲ႔ အမ်ားႀကီးကြာမွာမဟုတ္ဘူးလို႔ သိရပါတယ္။ မိတ္ဆက္မယ့္အခ်ိန္ကိုလည္း မၾကာခင္မွာ သိရေတာ့မယ္လို႔ ထပ္ေလာင္းေျပာၾကားခဲ့ပါေသးတယ္။

ေလာေလာဆယ္မွာ MediaTek ကေန Dimensity 1000 နဲ႔ 800 5G Chipset ေတြကို မိတ္ဆက္ထားၿပီးေတာ့ Qualcomm ရဲ႕ Processor အသစ္ေတြနဲ႔ ဆက္တိုက္ယွဥ္ၿပိဳင္ေနတာျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီ Gaming Chipset အသစ္ထြက္ရွိလာမယ္ဆိုရင္ Mid Range ဖုန္းေတြထဲမွာ Gaming Performance ဦးစားေပးေ႐ြးခ်ယ္ႏိုင္ေတာ့မွာပါ။

Ref – Android Authority