[Zawgyi]
ကနဦးတုန်းကတော့ M70 ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်ရဲ့ ဒုတိယနှစ်ဝက်လောက်မှာ စမတ်ဖုန်းတွေနဲ့ အခြား 5G Devices တွေထဲမှာ တွေ့မြင်ရဖွယ်ရှိတယ်လို့လည်း သတင်းထွက်ထား ပါသေးတယ်။ ကုမ္ပဏီကတော့ Cortex-A76 Core သစ်နဲ့ Chipset သစ်အတွက် လုပ်ဆောင်နေကြတယ်လို့ သတင်းထုတ်ပြန်ထားဖူးတာကြောင့် အခုသတင်းထွက်လာတဲ့ 5G Modem ပဲဖြစ်လာမလားလို့ မေးခွန်းထုတ်စရာပါ။
Ref: GSMArena
[Unicode]
MediaTek ဟာ 7nm process နဲ့ 5G Chipset အတွက်လှုပ်ရှားနေကြောင်း သတင်းထွက်ပေါ်လာ
MediaTek ဟာ ဒီနှစ်ကုန်ပိုင်းလောက်မှာ 5G ကွန်ရက်နဲ့ ချိတ်ဆက်နိုင်မယ့် Chipset ကို ထုတ်ဖော်ကြေညာနိုင်လိမ့်မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒီ Chipset သစ်ဟာ 7nm process ဖြစ်ပြီး ပရီမီယံဈေးကွက်ကို ပစ်မှတ်ထား ထုတ်လုပ်တယ်လို့လည်း ဆိုရမှာပါ။
ဒီသတင်းနဲ့ပတ်သက်လို့ ကုမ္ပဏီရဲ့ တာဝန်ရှိအလုပ်အမှုဆောင်က အသေးစိတ်ကို ထုတ်ဖော်မပြောခဲ့ပါဘူး။ ဒါပေမယ့် MediaTek ရဲ့ 5G Chipset သစ်ဟာ (12nm chip with two Cortex-A75 cores, six A55) ဖြစ်တဲ့ Heilo P90 Chipset ထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။
MediaTek ဟာ 7nm process ပေါ်အခြေခံတည်ဆောက်ထားတဲ့ Heilo M70 modem လည်း ရှိပြီးသား ဖြစ်ပါတယ်။ ဒီ Modem ကို ၂၀၁၉ထုတ် ဖုန်းတွေမှာ တွေ့ရမယ်လို့လည်း သတင်းထွက်ပေါ်ပြီးသားပါ။ ဒါပေမယ့် အခုသတင်းထွက်လာတဲ့ 5G ချိတ်ဆက်နိုင်မယ့် Chipset သစ်ဟာ သီးသန့်တည်ဆောက်မှာလား၊ ဒါမှမဟုတ် Heilo M70 ကို မှီခိုပြီးတည်ဆောက်မှာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကနဦးတုန်းကတော့ M70 ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်ရဲ့ ဒုတိယနှစ်ဝက်လောက်မှာ စမတ်ဖုန်းတွေနဲ့ အခြား 5G devices တွေထဲမှာ တွေ့မြင်ရဖွယ်ရှိတယ်လို့လည်း သတင်းထွက်ထား ပါသေးတယ်။ ကုမ္ပဏီကတော့ Cortex-A76 core သစ်နဲ့ Chipset သစ်အတွက် လုပ်ဆောင်နေကြတယ်လို့ သတင်းထုတ်ပြန်ထားဖူးတာကြောင့် အခုသတင်းထွက်လာတဲ့ 5G modem ပဲဖြစ်လာမလားလို့ မေးခွန်းထုတ်စရာပါ။
Ref: GSMArena