MediaTek ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက Mid Range စမတ်ဖုန်းတွေအတွက် 5G Chipset အများအပြားကို ထုတ်လုပ်နိုင်ခဲ့ပြီး အောင်မြင်မှုလည်းရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ တတိယ ၃ လပတ်မှာဆိုရင် နာမည်ကြီး Chipset ထုတ်လုပ်သူဖြစ်တဲ့ Qualcomm ကိုပါ ကျော်တက်ပြီး ကမ္ဘာ့အကြီးမားဆုံး Chipset ထုတ်လုပ်သူအဖြစ် နေရာယူထားနိုင်တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ MediaTek ကနေ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ Chipset အသစ်တွေကို မိတ်ဆက်သွားမယ်လို့ တရားဝင်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါနေ့မှာ Flagship Chipset အပြင် တခြားသော Dimensity 600 Series နဲ့ 700 Series 5G Chipset တွေကိုပါ မြင်တွေ့ရမယ်လို့ ယူဆရပါတယ်။

MediaTek ရဲ့ ပြောကြားချက်အရတော့ မြင့်မားတဲ့နည်းပညာတွေကို အသုံးပြုထားတဲ့ Dimensity Product အသစ်တွေကို မြင်တွေ့ရမယ်လို့ ရေးသားထားခဲ့ပါတယ်။ ဒါပေမယ့် Chipset ဘယ်နှမျိုးလောက်အထိ မိတ်ဆက်လာနိုင်မလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

လက်တလောမှာ ထွက်ရှိနေတဲ့သတင်းတွေအရတော့ MediaTek ကနေ 6nm Architecture ကို အခြေခံထားပြီး MT6893 သို့မဟုတ် Codename Alps လို့ နာမည်ပေးထားတဲ့ Flagship Chipset ကို မိတ်ဆက်လာနိုင်ပါတယ်။ အဆိုပါ Chipset ဟာ 3GHz Cortex-A78 Core တွေအပြင် Mali-G77 GPU ၊ LPDDR5 RAM နဲ့ UFS 3.1 Storage တွေပါ ထောက်ပံမှာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် MediaTek ရဲ့ Dimensity Series Chipset အသစ်တွေဟာ Qualcomm Snapdragon 888 လိုမျိုး Flagship Chipset ကို ယှဥ်နိုင်ဦးမှာမဟုတ်ပေမယ့် Mid Range ဖုန်းတွေအတွက်တော့ စွမ်းဆောင်ရည်ပိုကောင်းလာဖွယ်ရှိနေပါတယ်။

Ref – GSM Arena