Huawei ကို ပြီးခဲ့တဲ့လပိုင်းတုန်းက US အစိုးရကနေ ထပ်မံပြီး ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပြုလုပ်မှုတွေကြောင့် TSMC ကနေ Huawei ကို Chip တွေထောက်ပံ့မှုကိုပါ ရပ်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့်လည်း လက်ရှိအချိန်မှာ Huawei ဟာ Mate 40 Series ဖုန်းတွေကိုပဲ နောက်ဆုံးသော ကိုယ်ပိုင် Kirin Chipset ကို ထည့်သွင်းနိုင်မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Huawei အနေနဲ့ တခြားသော ကုမ္ပဏီတွေရဲ့ Chipset တွေကိုပဲ နောက်ပိုင်းမှာပြောင်းလဲအသုံးပြုရဖို့များနေတာဖြစ်ပါတယ်။

အရင်တုန်းက Qualcomm ကနေ Huawei ကို Chipset တွေထောက်ပံ့ပေးနိုင်ဖို့အတွက် US အစိုးရကို လိုင်စင်လျှောက်ထားနေပြီဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ အခုလည်း MediaTek ကနေ Huawei ကို Chipset ထောက်ပံ့ပေးဖို့အတွက် US အစိုးရဆီကနေ လိုင်စင်လျှောက်ထားနေပြီလို့ သိရပါတယ်။

လောလောဆယ်မှာ Huawei ရဲ့ Mid Range ဖုန်းအချိန်မှာ Kirin Chipset အပြင် MediaTek Chipset တွေကိုပါ အသုံးပြုနေတာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ Flagship ဖုန်းတွေကလည်း MediaTek Chipset နဲ့ မိတ်ဆက်လာနိုင်ခြေပိုများနေပါတယ်။ ဘာပဲဖြစ်ဖြစ် Huawei အနေနဲ့ ဘယ်ကုမ္ပဏီရဲ့ Chipset ကို အသုံးပြုလာမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China