Zawgyi

အခုအခ်ိန္မွာဆိုရင္ 5G ကို Support ျပဳလုပ္တဲ့စမတ္ဖုန္းေတြအမ်ားအျပားထြက္ရွိၿပီးျဖစ္သလို Mobile Operator ေတြကလည္း 5G Network ကို စတင္ေဆာင္႐ြက္ေနၾကၿပီျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ MediaTek ကေန ထုတ္ျပန္လိုက္တဲ့ ေၾကညာခ်က္အရ Laptop ေတြမွာပါ 5G Network ကို အသုံးျပဳႏိုင္ေတာ့မွာပါ။

အခု ေၾကညာခ်က္ကေတာ့ MediaTek ကေန Intel Processor အသုံးျပဳထားတဲ့ Laptop ေတြမွာ 5G Support ေပးႏိုင္ဖို႔အတြက္ Intel နဲ႔ တရားဝင္ပူးေပါင္းလိုက္တာပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ Laptop ေတြအတြက္ 5G Modem ကို MediaTek ကေန စတင္ထုတ္လုပ္ေနၿပီျဖစ္သလို Intel အေနနဲ႔လည္း ကူညီေဆာင္႐ြက္ေပးေနတယ္လို႔ သိရပါတယ္။

MediaTek ရဲ႕ President ျဖစ္တဲ့ Joe Chen ရဲ႕ ေျပာၾကားခ်က္အရေတာ့ အခုလိုမ်ိဳး Industry Leader တစ္ဦးျဖစ္တဲ့ Intel နဲ႔ ပူးေပါင္းရတဲ့အတြက္ MediaTek ရဲ႕ 5G နည္းပညာကို တမာၻလုံးေစ်းကြက္အထိ ပို႔ေဆာင္ႏိုင္မွာျဖစ္တဲ့အျပင္ အခုလို ပူးေပါင္းမႈကေန အသုံးျပဳသူေတြအေနနဲ႔ 5G ကို အသုံးျပဳၿပီး Web Browsing နဲ႔ Game ေတြ၊ Streaming ေတြကို ပိုျမန္ျမန္ဆန္ဆန္နဲ႔ ေဆာင္႐ြက္ႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

ဒီ MediaTek 5G Modem ပါဝင္တဲ့ Windows Laptop ေတြကို ၂၀၂၁ ခုႏွစ္အေစာပိုင္းမွာ စတင္ေတြ႕ရွိရႏိုင္ၿပီးေတာ့ Dell နဲ႔ HP Laptop ေတြက ဦးဆုံးထြက္ရွိလာမွာျဖစ္ပါတယ္။ MediaTek အေနနဲ႔ ဒီ Laptop ေတြအတြက္ 5G Modem ကို Helio M70 5G Modem ကို အေျခခံထုတ္လုပ္သြားမွာျဖစ္သလို စမတ္ဖုန္းေတြအတြက္ 5G Modem အသစ္ကိုလည္း မၾကာခင္မိတ္ဆက္သြားမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

အခုအချိန်မှာဆိုရင် 5G ကို Support ပြုလုပ်တဲ့စမတ်ဖုန်းတွေအများအပြားထွက်ရှိပြီးဖြစ်သလို Mobile Operator တွေကလည်း 5G Network ကို စတင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ MediaTek ကနေ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အရ Laptop တွေမှာပါ 5G Network ကို အသုံးပြုနိုင်တော့မှာပါ။

အခု ကြေညာချက်ကတော့ MediaTek ကနေ Intel Processor အသုံးပြုထားတဲ့ Laptop တွေမှာ 5G Support ပေးနိုင်ဖို့အတွက် Intel နဲ့ တရားဝင်ပူးပေါင်းလိုက်တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Laptop တွေအတွက် 5G Modem ကို MediaTek ကနေ စတင်ထုတ်လုပ်နေပြီဖြစ်သလို Intel အနေနဲ့လည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

MediaTek ရဲ့ President ဖြစ်တဲ့ Joe Chen ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး Industry Leader တစ်ဦးဖြစ်တဲ့ Intel နဲ့ ပူးပေါင်းရတဲ့အတွက် MediaTek ရဲ့ 5G နည်းပညာကို တမ္ဘာလုံးစျေးကွက်အထိ ပို့ဆောင်နိုင်မှာဖြစ်တဲ့အပြင် အခုလို ပူးပေါင်းမှုကနေ အသုံးပြုသူတွေအနေနဲ့ 5G ကို အသုံးပြုပြီး Web Browsing နဲ့ Game တွေ၊ Streaming တွေကို ပိုမြန်မြန်ဆန်ဆန်နဲ့ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီ MediaTek 5G Modem ပါဝင်တဲ့ Windows Laptop တွေကို ၂၀၂၁ ခုနှစ်အစောပိုင်းမှာ စတင်တွေ့ရှိရနိုင်ပြီးတော့ Dell နဲ့ HP Laptop တွေက ဦးဆုံးထွက်ရှိလာမှာဖြစ်ပါတယ်။ MediaTek အနေနဲ့ ဒီ Laptop တွေအတွက် 5G Modem ကို Helio M70 5G Modem ကို အခြေခံထုတ်လုပ်သွားမှာဖြစ်သလို စမတ်ဖုန်းတွေအတွက် 5G Modem အသစ်ကိုလည်း မကြာခင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Ref – GSM Arena