MediaTek ဟာ အခုနောက်ပိုင်းမှာ 5G Network ကို Support ပေးနိုင်တဲ့ Chipset တွေကို ဆက်တိုက်မိတ်ဆက်နေတာဖြစ်ပါတယ်။ အခုလည်း MediaTek ကနေ လာမယ့် မေလ ၁၈ ရက်နေ့မှာ 5G Chipset အသစ်ကို မိတ်ဆက်သွားဦးမယ်ဆိုပြီး ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်အစောပိုင်း ဇန်နဝါရီဝန်းကျင်မှာ MediaTek ကနေ Dimensity 800 နဲ့ 1000 Chipset တွေကို မိတ်ဆက်ခဲ့သလို ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းလည်း MediaTek ရဲ့ စွမ်းဆောင်ရည်အကောင်းဆုံးလို့ ပြောနိုင်တဲ့ Dimensity 1000+ Chipset ကို Vivo iQOO Z1 ဖုန်းနဲ့ အတူမိတ်ဆက်ထားခဲ့ပါတယ်။ အဲ့ဒီအတွက် အခုမိတ်ဆက်သွားမယ့် Chipset ဟာလည်း Dimensity Chipset အမျိုးအစားဖြစ်ဖို့ ရာခိုင်နှုန်းများနေပါတယ်။

လက်ရှိသိရှိထားရတဲ့သတင်းတွေအရတော့ အဆိုပါ 5G Chipset အသစ်ဟာ Dimensity 800+ ဖြစ်လာနိုင်ပြီး Gaming ပိုင်းအတွက် ပိုပြီးစွမ်းဆောင်ရည်မြင့်မားတဲ့ GPU အသစ်အပြင် တခြားသော Gaming Feature တွေကိုပါ ထည့်သွင်းလာမယ်လို့ ယူဆရပါတယ်။ MediaTek ကတော့ Teaser ဓါတ်ပုံကို ထုတ်ပြခဲ့ပေမယ့် ဘာဖြစ်မလဲဆိုတာကတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

အဆိုပါ MediaTek Dimensity 800+ Chipset အသစ်ဟာ ဖြစ်နိုင်တာကတော့ Xiaomi ကနေ Redmi K30i စမတ်ဖုန်းမှာထည့်သွင်းလာနိုင်ပြီး တရုတ်ယွမ်ငွေ ၂,၀၀၀ (မြန်မာငွေ ၄ သိန်းအောက်) နဲ့ ဝယ်ယူနိုင်တဲ့ 5G စမတ်ဖုန်းတစ်လုံးဖြစ်လာနိုင်ခြေများနေပါတယ်။

Ref – GSM Arena