MediaTek က မေလ ၇ ရက်နေ့မှာ ကျင်းပမယ့် ပွဲ ၁ ခုအတွက် ဖိတ်စာတွေကို ပေးပို့နေပြီး အဲဒီပွဲမှာ 5G Chipset အသစ်ကို ချပြတော့မှာပါ။ Tagline မှာ “ 5G all-inclusive” လို့ ရေးသားထားတဲ့အတွက် စွမ်းဆောင်ရည်သင့် Chipset ဖြစ်နိုင်ပါတယ်။

ကုမ္ပဏီဟာ စွမ်းဆောင်ရည်သင့် 5G ဖုန်းတွေအတွက် Dimensity 800 နဲ့ စွမ်းရည်မြင့် ဖုန်းတွေအတွက် Dimensity 1000 နဲ့ 1000L တွေကို ထုတ်လုပ်ထားပါတယ်။

နာမည်ကျော် Leakster ဖြစ်တဲ့ Digital Chat Station က MT6853 Chip ဟာ စွမ်းရည်နိမ့် အမျိုးအစား ဖြစ်တယ်လို့ သတင်းပေးထားပါတယ်။ အဲဒီ Chip ကို ဈေးကွက်မှာ ရောင်းချမယ့် နာမည်ကို မသိရသေးပေမယ့် MT6873V ဟာ Dimensity 800 ဖြစ်ပါတယ်။ Dimensity 2000 ထုတ်လုပ်နေတာလည်း စီစဉ်ထားတဲ့ အတိုင်း တိုးတက်မှု ရှိတယ်လို့ သတင်းထွက်နေပါတယ်။

Redmi K30i ဟာ ဒေါ်လာ ၂၅၀ လောက်ပဲရှိတဲ့ 5G စမတ်ဖုန်း ဖြစ်နိုင်ပြီး Dimentisy 800 မောင်းနှင်ထားပါတယ်။ OPPO A92s မှာလည်း 800 Chip ထည့်ထားနိုင်ပါတယ်။ MediaTek နောက် ၁ ပတ်မှာ ကြေညာမယ့် တန်ဖိုးနည်း 5G Chipset က စိတ်ဝင်စားစရာကောင်းပါတယ်။

Ref : gsmarena