MediaTek ဟာ အခုအချိန်မှာ Dimensity Series နဲ့ 5G Chipset တွေကို ဆက်တိုက်ကို မိတ်ဆက်နေတာဖြစ်ပါတယ်။ အခုလည်း Mid Range စမတ်ဖုန်းတွေအတွက် Dimensity 700 လို့ အမည်ပေးထားတဲ့ Chipset အသစ်ကို မိတ်ဆက်လိုက်ပါပြီ။

MediaTek ကနေထုတ်လုပ်ထားတဲ့ Dimensity 720 Chipset ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာ စျေးအသက်သာဆုံး 5G စမတ်ဖုန်းတွေလို့တောင် ပြောနိုင်ပြီးတော့ အခု Dimensity 700 Chipset ဟာ ပိုပြီးတောင် စျေးသက်သာတဲ့ 5G စမတ်ဖုန်းတွေမှာ အသုံးပြုလာမှာဖြစ်ပါတယ်။ Feature ပိုင်းတွေမှာလည်း Dimensity 720 အတိုင်း Dual SIM ၊ Dual Standby ၊ Voice over New Radio (VoNR) လိုမျိုး Feature တွေပါဝင်လာမယ်လို့ သိရပါတယ်။

Dimensity 700 Chipset ဟာ 5G Network မှာ Download Speed အနေနဲ့ အမြင့်ဆုံး 2.77Gbps အထိ ရရှိမှာဖြစ်ပြီး Global 5G NR Support လည်းပါဝင်မှာပါ။ Battery စားသုံးမှုကို သက်သာစေဖို့အတွက် “5G UltraSave” အမည်ရတဲ့ Power Saving Mode လည်းပါဝင်မှာဖြစ်ပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ Octa-Core Chipset အမျိုးအစားဖြစ်ပြီး 2.2GHz Cortex-A76 Core ၂ လုံးနဲ့ 2.0GHz Cortex-A55 Core ၆ လုံး ပါဝင်မှာဖြစ်ပါတယ်။ RAM အနေနဲ့ အမြင့်ဆုံး 12GB အထိအသုံးပြုနိုင်မှာဖြစ်ပြီး GPU အနေနဲ့ကတော့ Dimensity 720 ထက် အနည်းငယ်နိမ့်တဲ့ Mali G57 MC2 GPU ကို အသုံးပြုထားတာဖြစ်ပါတယ်။ Full HD+ 90Hz Display တွေကို Support ပေးနိုင်တဲ့အပြင် Camera ပိုင်းမှာလည်း 64MP Sensor တွေကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Video ပိုင်းမှာတော့ 4K အစား Full HD 30fps Recording ကိုပဲ အမြင့်ဆုံး Support ပြုလုပ်မှာပါ။

MediaTek ကတော့ အခု Dimensity 700 Chipset ကို ဘယ်စမတ်ဖုန်းမှာ အစောဆုံးအသုံးပြုလာမလဲဆိုတာကို ပြောကြားခြင်းမရှိခဲ့ပေမယ့် လာမယ့် ၂၀၂၀ နှစ်မကုန်ခင်မှာ realme သို့မဟုတ် Xiaomi ကနေထုတ်လုပ်လာနိုင်ဖွယ်ရှိနေပါတယ်။

Ref – GSM Arena