MediaTek ကနေ အခုအချိန်မှာ Budget ဖုန်းတွေအတွက် Helio G35 နဲ့ G25 Chipset တွေကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Chipset တွေဟာ ဒေါ်လာ ၁၀၀ အောက်ဖုန်းတွေအတွက် Gaming ပိုင်းဦးစားပေးထားတဲ့ Chipset တွေလို့လည်းပြောရမှာပါ။

အရင်ဆုံး Helio G35 Chipset ကတော့ 12nm Octa-core 2.3GHz Processor ဖြစ်ပြီး အမြင့်ဆုံး 6GB LPDDR4x RAM အထိထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် DDR3 4GB RAM ကိုလည်းအသုံးပြုနိုင်မှာဖြစ်သလို Storage အနေနဲ့ကတော့ eMMC 5.1 ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

GPU ပိုင်းကတော့ PowerVR GE8320 ဖြစ်ပြီး Clock Speed အနေနဲ့ 680MHz နဲ့ Run မှာဖြစ်ပါတယ်။ အဆိုပါ GPU ဟာ Helio P35 Chipset မှာအသုံးပြုထားတဲ့ GPU လည်းဖြစ်တယ်လို့ သိရပါတယ်။

Helio G25 Chipset ဟာ တူညီတဲ့ Architecture ကိုအသုံးပြုထားပေမယ့် Clock Speed အနေနဲ့ကတော့ ပိုနိမ့်ပြီးတော့ CPU အနေနဲ့ 2.0GHz နဲ့ GPU မှာတော့ 650MHz ပဲရှိမှာဖြစ်ပါတယ်။ နောက်ထပ်ကွာခြားချက်အနေနဲ့ကတော့ Helio G35 Chipset ဟာ Full HD+ Display တွေကို Support ပေးနိုင်ပြီးတော့ G25 Chipset ကတော့ 720p HD+ Display တွေကိုပဲ Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ G35 ဟာ 25MP Single Camera သို့မဟုတ် 13MP Dual Camera Setup ကို အသုံးပြုနိုင်ပြီး G25 ကတော့ 21MP Single Camera သို့မဟုတ် 13MP + 8MP Dual Camera Setup ကို အသုံးပြုနိုင်မှာပါ။ Video ပိုင်းမှာတော့ Full HD Resolution ကိုပဲ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ ကျန်တဲ့ Wi-Fi 5 ၊ Bluetooth 5.0 လိုမျိုး နည်းပညာတွေကိုလည်း Support ပြုလုပ်ဦးမှာပါ။

လောလောဆယ်မှာ realme C11 နဲ့ Redmi 9C ဖုန်းတွေက Helio G35 Chipset နဲ့ မိတ်ဆက်ထားပြီး Redmi 9A ဖုန်းကတော့ Helio G25 Chipset ကို အသုံးပြုထားပါတယ်။ ဘာပဲဖြစ်ဖြစ် ယခု MediaTek Chipset အသစ်တွေဟာ Budget ဖုန်းတွေအတွက်ကတော့ အကောင်းဆုံးရွေးချယ်စရာဖြစ်မှာပါ။

Ref – GSM Arena