ရှပ်ပြေးယာဉ်တွေဟာ စွမ်းရည် သိပ်မကောင်းကြပါဘူး။ အခုတော့ VonMercier က စွမ်းရည်မြင့်မားတဲ့ ကား-ရှပ်ပြေးယာဉ်ကို ပြသလိုက်ပြီး ကမ္ဘာ့ ပထမဆုံး ဇိမ်ခံ ရှပ်ပြေးယာဉ်လို့ ညွှန်းဆိုထားပါတယ်။ အဲဒီ ယာဉ်ကို Supercraft အမည်နဲ့ ၂၀၁၄ ခုနှစ်မှာ ပြသခဲ့ပြီး နောက်ပိုင်းမှာ ပိုကောင်းအောင် တည်ဆောက်ခဲ့ကာ အခုတော့ Arosa လို့ အမည်ပြောင်းလဲထားပါတယ်။

Arosa Hovercraft

ကား-ရှပ်ပြေးယာဉ်မှာ စူပါကားတွေနဲ့ စပိဘုတ်တွေရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေ ထည့်သွင်းထားပါတယ်။ ကာဘွန်ဖိုက်ဘာနဲ့ တည်ဆောက်ထားပြီး ဒီဇိုင်းက ခေတ်ဆန်ပါတယ်။ လူ ၂ ယောက် စီးနင်းနိုင်ပြီး လျှပ်စစ်စွမ်းအင်နဲ့ မောင်းနှင်တဲ့အတွက် အသံဆူညံမှု နည်းပါးသလို ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိပါဘူး။

Arosa Hovercraft

VonMercier က Arosa ဟာ မြက်ခင်း၊ ကတ္တရာလမ်း၊ ကျောက်စရစ်နဲ့ ရေပြင်ပေါ်မှာ မောင်းနှင်နိုင်တယ်လို့ ပြောပါတယ်။ အမြန်ဆုံး အနေနဲ့ ၁ နာရီကို မိုင် ၈၀ မောင်းနှင်နိုင်ပြီး အကွာအဝေး အနေနဲ့ မိုင် ၁၂၀ မောင်းနှင်နိုင်ပါတယ်။ အဆင့်မြင့် တည်နေရာ ထိန်းချုပ်စနစ် ထည့်သွင်းထားတဲ့အတွက် VonMercier က ကမ္ဘာမှာ မောင်းနှင်လို့ အကောင်းဆုံး Personal ရှပ်ပြေးယာဉ်လို့ ပြောပါတယ်။

VonMercier က Arosa နမူနာ အစီးရေ ၅၀ ထုတ်လုပ်ရောင်းချဖို့ စီစဉ်ထားပြီး ဈေးနှုန်းက ဒေါ်လာ ၁၀၀,၀၀၀ က စမှာ ဖြစ်ပါတယ်။ ရှပ်ပြေးယာဉ်တွေကို အမေရိကန်မှာ ရေယာဉ် အဖြစ် သတ်မှတ်ထားတဲ့အတွက် အများပြည်သူ လမ်းမတွေမှာ မောင်းနှင်လို့ မရပါဘူး။

Ref : robbreport