[Zawgyi]

တ႐ုတ္ႏိုင္ငံအေျခစိုက္ Artificial Intelligence (A.I.) နည္းပညာကုမၸဏီတစ္ခုျဖစ္တဲ့ Megvii ဟာ လက္ရွိမွာ တ႐ုတ္အစိုးရရဲ႕ ေစာင့္ၾကည့္ေရးစနစ္ေတြကို Facial Recognition Software နဲ႔ ေထာက္ပံ့ေပးေနတာ ျဖစ္ပါတယ္။ ယခုအခါမွာေတာ့ အဆိုပါကုမၸဏီဟာ လူေတြရဲ႕ မ်က္ႏွာသာမက အိမ္ေမြးတိရစာၦန္ေတြရဲ႕ မ်က္ႏွာကိုပါ ဖတ္ရႈ႕မွတ္သားႏိုင္မယ့္ A.I နည္းပညာအသစ္ကို ထပ္မံတီထြင္လိုက္ၿပီလို႔ သိရပါတယ္။

Abacus News အမည္ရွိ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္မ်ားအရ Megvii ရဲ႕ ပ႐ိုဂရမ္အသစ္ဟာ ေခြးေတြရဲ႕ မတူညီတဲ့ ႏွာေခါင္းေတြကို ဖတ္ရႈ႕မွတ္သားတယ္လို႔ ဆိုပါတယ္။ လူေတြမွာ မတူညီတဲ့ လက္ေဗြရာရွိသလို ေခြးေတြမွာလည္း မတူညီတဲ့ ႏွာေခါင္းပုံသ႑ာန္ေတြ ရွိတာေၾကာင့္ အခုလိုမ်ိဴး အသုံးခ်လိုက္တာ ျဖစ္ႏိုင္ပါတယ္။ လက္ရွိမွာ Megvii ဟာ သူတို႔ရဲ႕ A.I နည္းပညာကို အသုံးခ်ၿပီး ေပ်ာက္ဆုံးေနတဲ့ ေခြးေတြကို ျပန္လည္ရွာေဖြႏိုင္ေအာင္ တ႐ုတ္ႏိုင္ငံအတြက္ Mobile Application ထုတ္ေပးထားပါတယ္။

ေခြးပိုင္ရွင္မ်ားအေနနဲ႔ အဆိုပါ App ကို အသုံးျပဳၿပီး သူတို႔ရဲ႕ ေခြးေတြကို အလြယ္တကူ မွတ္ပုံတင္ထားႏိုင္ပါတယ္လို႔ ကုမၸဏီက ေျပာၾကားထားပါတယ္။ မွတ္ပုံတင္တဲ့အခါမွာေတာ့ စမတ္ဖုန္း ကင္မရာကို အသုံးျပဳၿပီး ေခြးရဲ႕ ႏွာေခါင္းကို ရႈ႕ေထာင့္အမ်ိဴးမ်ိဴးကေန ဓာတ္ပုံ႐ိုက္ကူးေပးဖို႔ လိုအပ္တယ္လို႔ သိရပါတယ္။ Megvii ကေတာ့ သူတို႔ရဲ႕ A.I နည္းပညာ မွန္ကန္မႈႏႈန္းထားဟာ ၉၅% အထိရွိၿပီး App ကေနတဆင့္ ေပ်ာက္ဆုံးသြားတဲ့ ေခြး အေကာင္ေရ စုစုေပါင္း ၁၅,၀၀၀ ကို ျပန္လည္ရွာေတြ႕ထားၿပီးျဖစ္တယ္လို႔ ေျပာၾကားထားပါတယ္။

Ref : TheVerge

[Unicode]

A.I နှာခေါင်းဖတ်စနစ်နဲ့ ပျောက်ဆုံးနေတဲ့ ခွေးတွေကို ပြန်လည်ရှာဖွေ

တရုတ်နိုင်ငံအခြေစိုက် Artificial Intelligence (A.I.) နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Megvii ဟာ လက်ရှိမှာ တရုတ်အစိုးရရဲ့ စောင့်ကြည့်ရေးစနစ်တွေကို Facial Recognition Software နဲ့ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ အဆိုပါကုမ္ပဏီဟာ လူတွေရဲ့ မျက်နှာသာမက အိမ်မွေးတိရစ္ဆာန်တွေရဲ့ မျက်နှာကိုပါ ဖတ်ရှု့မှတ်သားနိုင်မယ့် A.I နည်းပညာအသစ်ကို ထပ်မံတီထွင်လိုက်ပြီလို့ သိရပါတယ်။

Abacus News အမည်ရှိ သတင်းဌာနရဲ့ ဖော်ပြချက်များအရ Megvii ရဲ့ ပရိုဂရမ်အသစ်ဟာ ခွေးတွေရဲ့ မတူညီတဲ့ နှာခေါင်းတွေကို ဖတ်ရှု့မှတ်သားတယ်လို့ ဆိုပါတယ်။ လူတွေမှာ မတူညီတဲ့ လက်ဗွေရာရှိသလို ခွေးတွေမှာလည်း မတူညီတဲ့ နှာခေါင်းပုံသဏ္ဍာန်တွေ ရှိတာကြောင့် အခုလိုမျိူး အသုံးချလိုက်တာ ဖြစ်နိုင်ပါတယ်။ လက်ရှိမှာ Megvii ဟာ သူတို့ရဲ့ A.I နည်းပညာကို အသုံးချပြီး ပျောက်ဆုံးနေတဲ့ ခွေးတွေကို ပြန်လည်ရှာဖွေနိုင်အောင် တရုတ်နိုင်ငံအတွက် Mobile Application ထုတ်ပေးထားပါတယ်။

ခွေးပိုင်ရှင်များအနေနဲ့ အဆိုပါ App ကို အသုံးပြုပြီး သူတို့ရဲ့ ခွေးတွေကို အလွယ်တကူ မှတ်ပုံတင်ထားနိုင်ပါတယ်လို့ ကုမ္ပဏီက ပြောကြားထားပါတယ်။ မှတ်ပုံတင်တဲ့အခါမှာတော့ စမတ်ဖုန်း ကင်မရာကို အသုံးပြုပြီး ခွေးရဲ့ နှာခေါင်းကို ရှု့ထောင့်အမျိူးမျိူးကနေ ဓာတ်ပုံရိုက်ကူးပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။ Megvii ကတော့ သူတို့ရဲ့ A.I နည်းပညာ မှန်ကန်မှုနှုန်းထားဟာ ၉၅% အထိရှိပြီး App ကနေတဆင့် ပျောက်ဆုံးသွားတဲ့ ခွေး အကောင်ရေ စုစုပေါင်း ၁၅,၀၀၀ ကို ပြန်လည်ရှာတွေ့ထားပြီးဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Ref : TheVerge