[Zawgyi]

ၿပီးခဲ့တဲ့ လေတြတုန္းကတည္းက Meizu 16s ဟာ ဓါတ္ပုံနဲ႔အတူ အခ်က္အလက္ေတြလည္းေပါက္ၾကားလာခဲ့ပါတယ္။ ဒါေပမယ့္ တရားဝင္ေပါက္ၾကားတာ မဟုတ္တဲ့အတြက္ ခိုင္မာတဲ့ အေထာက္အထားတစ္ခုခုကို ေစာင့္ဆိုင္းေနခဲ့ၾကတာ ျဖစ္ပါတယ္။

အခု မတ္လကုန္ကာနီးမွာေတာ့ Meizu 16s ကို GeekBench ေပၚမွာ ေတြ႕ျမင္လိုက္ရၿပီျဖစ္ပါတယ္။ “alps m1971” Model name နဲ႔ Device ဟာ လက္ရွိအခ်ိန္မွာ စင္ေပၚကလို႔ေျပာရမယ့္ CPU နဲ႔အတူ ေတြ႕ျမင္ရပါတယ္။ ဒါေၾကာင့္ ေရွ႕မွာ ေပါက္ၾကားထားတဲ့ အခ်က္အလက္ေတြအတြက္ ခိုင္မာတဲ့ အေထာက္အထားအခ်ိဳ႕ေတာ့ ရရွိလိုက္တယ္လို႔ ဆိုရမွာပါ။

“alps m1971” ဟာ Snapdragon 855 ကို အသုံးျပဳထားတာကို ေတြ႕ျမင္ရတဲ့အတြက္ ေရွ႕မွာ ေပါက္ၾကားခဲ့တဲ့ သတင္းကို အမွန္ျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့ပါၿပီ။ တြဲဖက္ထားတဲ့ မန္မိုရီကေတာ့ 6GB of RAM ျဖစ္ပါတယ္။ Single-Core ရမွတ္မွာ ၃၇၇၈ မွတ္ျဖစ္ၿပီး Multi-Core ရမွတ္မွာေတာ့ ၁၀၄၉၃ ျဖစ္တာကို ေတြ႕ရပါတယ္။

Meizu M16s ရဲ႕ရမွတ္ေတြကို ၾကည့္မယ္ဆိုရင္ Multi Core မွာ Huawei P30 Pro နဲ႔ Samsung Galaxy S10 တို႔ထက္သာလြန္ေနၿပီး Xiaomi Mi 9 ကေတာ့ သူ႔ထက္ ရမွတ္ပိုေကာင္းတာကို ေတြ႕ျမင္ရပါတယ္။ Single Core မွာေတာ့ ပထမေနရာကို Samsung Galaxy S10 က ရယူထားၿပီး Meizu M16s က ဒုတိယေနရာမွာပဲ ရွိေနပါတယ္။ သူ႔ေနာက္မွာေတာ့ Xiaomi Mi 9 နဲ႔ Huawei P30 Pro တို႔က အစဥ္လိုက္ရွိေနတာပါ။

Ref: GSMArena

[Unicode]

GeekBench မှာတွေ့လာရတဲ့ Meizu 16s

ပြီးခဲ့တဲ့ လတွေတုန်းကတည်းက Meizu 16s ဟာ ဓါတ်ပုံနဲ့အတူ အချက်အလက်တွေလည်းပေါက်ကြားလာခဲ့ပါတယ်။ ဒါပေမယ့် တရားဝင်ပေါက်ကြားတာ မဟုတ်တဲ့အတွက် ခိုင်မာတဲ့ အထောက်အထားတစ်ခုခုကို စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။

အခု မတ်လကုန်ကာနီးမှာတော့ Meizu 16s ကို GeekBench ပေါ်မှာ တွေ့မြင်လိုက်ရပြီဖြစ်ပါတယ်။ “alps m1971” Model name နဲ့ Device ဟာ လက်ရှိအချိန်မှာ စင်ပေါ်ကလို့ပြောရမယ့် CPU နဲ့အတူ တွေ့မြင်ရပါတယ်။ ဒါကြောင့် ရှေ့မှာ ပေါက်ကြားထားတဲ့ အချက်အလက်တွေအတွက် ခိုင်မာတဲ့ အထောက်အထားအချို့တော့ ရရှိလိုက်တယ်လို့ ဆိုရမှာပါ။

“alps m1971” ဟာ Snapdragon 855 ကို အသုံးပြုထားတာကို တွေ့မြင်ရတဲ့အတွက် ရှေ့မှာ ပေါက်ကြားခဲ့တဲ့ သတင်းကို အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါပြီ။ တွဲဖက်ထားတဲ့ မန်မိုရီကတော့ 6GB of RAM ဖြစ်ပါတယ်။ Single-Core ရမှတ်မှာ ၃၇၇၈ မှတ်ဖြစ်ပြီး Multi-Core ရမှတ်မှာတော့ ၁၀၄၉၃ ဖြစ်တာကို တွေ့ရပါတယ်။

Meizu M16s ရဲ့ရမှတ်တွေကို ကြည့်မယ်ဆိုရင် Multi Core မှာ Huawei P30 Pro နဲ့ Samsung Galaxy S10 တို့ထက်သာလွန်နေပြီး Xiaomi Mi 9 ကတော့ သူ့ထက် ရမှတ်ပိုကောင်းတာကို တွေ့မြင်ရပါတယ်။ Single Core မှာတော့ ပထမနေရာကို Samsung Galaxy S10 က ရယူထားပြီး Meizu M16s က ဒုတိယနေရာမှာပဲ ရှိနေပါတယ်။ သူ့နောက်မှာတော့ Xiaomi Mi 9 နဲ့ Huawei P30 Pro တို့က အစဉ်လိုက်ရှိနေတာပါ။

Ref: GSMArena