[Zawgyi]

မေန႔က ေပါက္ၾကားခဲ့တဲ့ အျဖဴေရာင္ Meizu 16s စမတ္ဖုန္းဟာ ယေန႔မွာေတာ့ TENAA ဝက္ဆုိက္ေပၚကို အနက္ေရာင္နဲ႔ ထြက္ေပၚလာခဲ့ျပန္ၿပီး အဓိက Spec တစ္ခ်ဳိ႕ကိုလည္း ေဖာ္ျပလာခဲ့ပါတယ္။

ဒီဖုန္းအသစ္ဟာ TENAA ဝက္ဆုိက္မွာ ေမာ္ဒယ္နံပါတ္ M971Q ျဖင့္ထြက္ေပၚလာခဲ့ၿပီး ပူးတြဲပါလာတဲ့ ဓါတ္ပုံေတြကေတာ့ ယခင္ေပါက္ၾကားခဲ့တဲ့ ဓါတ္ပုံေတြနဲ႔ တူညီတဲ့ ဒီဇုိင္းပဲဆုိတာ ျမင္ေတြ႕ခဲ့ရပါတယ္။

ေရွ႕ဘက္မွာ စမတ္ဖုန္းအသစ္ဟာ Notch မပါတဲ့ Display တစ္ခုနဲ႔ ဆယ္ဖီကင္မရာကေတာ့ ညာဘက္အေပၚေထာင့္မွာ ရွိေနပါတယ္။ ေနာက္ဘက္မွာ ေဒါင္လုိက္ထည့္သြင္းထားတဲ့ Dual-camera ကိုျမင္ရမွာျဖစ္ၿပီး အဆုိပါကင္မရာရဲ႕ေအာက္မွာ LED Flash အဝုိင္းေလးနဲ႔ရံထားတဲ့ ေလဆာ AF Sensor ပါတယ္။

TENAA စာရင္းကေတာ့ Meizu 16s မွာ 3,540 mAh ဘကၳရီပါမယ္ဆုိတာကို ေဖာ္ျပလာခဲ့ၿပီး Display အရြယ္အစားကလည္း 6.2” လက္မဆုိတာ သိခြင့္ရခဲ့ပါတယ္။ ဒါေပမယ့္ အျခားအခ်က္အလက္ေတြကိုေတာ့ မျမင္ရေသးဘူး။

AnTuTu ဝက္ဆုိက္မွာလည္း စမ္းသပ္ခံၿပီးျဖစ္တဲ့ Meizu 16s ဟာ Snapdragon 855 SoC ၊ 6GB RAM မန္မုိရီနဲ႔ Android Pie OS တုိ႔ပါဝင္မွာပါ။ အျခား Specs ေတြကေတာ့ 128GB Storage နဲ႔ 2232 x 1080p Resolution စတာေတြကုိသာ သိရပါေသးတယ္။

Ref – GSM Arena

[Unicode]

မနေ့က ပေါက်ကြားခဲ့တဲ့ အဖြူရောင် Meizu 16s စမတ်ဖုန်းဟာ ယနေ့မှာတော့ TENAA ဝက်ဆိုက်ပေါ်ကို အနက်ရောင်နဲ့ ထွက်ပေါ်လာခဲ့ပြန်ပြီး အဓိက Spec တစ်ချို့ကိုလည်း ဖော်ပြလာခဲ့ပါတယ်။

ဒီဖုန်းအသစ်ဟာ TENAA ဝက်ဆိုက်မှာ မော်ဒယ်နံပါတ် M971Q ဖြင့်ထွက်ပေါ်လာခဲ့ပြီး ပူးတွဲပါလာတဲ့ ဓါတ်ပုံတွေကတော့ ယခင်ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံတွေနဲ့ တူညီတဲ့ ဒီဇိုင်းပဲဆိုတာ မြင်တွေ့ခဲ့ရပါတယ်။

ရှေ့ဘက်မှာ စမတ်ဖုန်းအသစ်ဟာ Notch မပါတဲ့ Display တစ်ခုနဲ့ ဆယ်ဖီကင်မရာကတော့ ညာဘက်အပေါ်ထောင့်မှာ ရှိနေပါတယ်။ နောက်ဘက်မှာ ဒေါင်လိုက်ထည့်သွင်းထားတဲ့ Dual-camera ကိုမြင်ရမှာဖြစ်ပြီး အဆိုပါကင်မရာရဲ့အောက်မှာ LED Flash အဝိုင်းလေးနဲ့ရံထားတဲ့ လေဆာ AF Sensor ပါတယ်။

TENAA စာရင်းကတော့ Meizu 16s မှာ 3,540 mAh ဘက္ထရီပါမယ်ဆိုတာကို ဖော်ပြလာခဲ့ပြီး Display အရွယ်အစားကလည်း 6.2” လက်မဆိုတာ သိခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် အခြားအချက်အလက်တွေကိုတော့ မမြင်ရသေးဘူး။

AnTuTu ဝက်ဆိုက်မှာလည်း စမ်းသပ်ခံပြီးဖြစ်တဲ့ Meizu 16s ဟာ Snapdragon 855 SoC ၊ 6GB RAM မန်မိုရီနဲ့ Android Pie OS တို့ပါဝင်မှာပါ။ အခြား Specs တွေကတော့ 128GB Storage နဲ့ 2232 x 1080p Resolution စတာတွေကိုသာ သိရပါသေးတယ်။

Ref – GSM Arena