[Zawgyi]

လြန္ခဲ့တဲ့ သုံးရက္ေလာက္ကပဲ Meizu စမတ္ဖုန္းသစ္ဟာ တ႐ုတ္ျပည္တြင္းမွာ Certified ရခဲ့ပါတယ္။ လာမယ့္ ေမလထဲမွာ မိတ္ဆက္ဖြယ္ရွိတယ္လို႔ ေမွ်ာ္လင့္ရတဲ့ Meizu 16s ဟာ ၿပီးခဲ့တဲ့ရက္မွာေတာ့ ဓါတ္ပုံေတြနဲ႔တစ္ကြ ေပၚထြက္လာခဲ့ပါတယ္။

Meizu 16s နဲ႔ Meizu 16s Plus ႏွစ္မ်ိဳး ထြက္ေပၚလာမယ္လို႔ သတင္းႀကီးေနေပမယ့္ အခုေပၚထြက္လာတဲ့ ဓါတ္ပုံေတြကို ၾကည့္ရျခင္းအားျဖင့္ Meizu 16s ျဖစ္ႏိုင္တယ္လို႔ပဲ ယူဆရပါတယ္။ ဓါတ္ပုံထဲမွာေတာ့ Meizu 16s ဟာ Notch နဲ႔ Punch-hole မပါဝင္တဲ့ မ်က္ႏွာျပင္ျပည့္ ဖုန္းတစ္လုံးအျဖစ္ ျမင္ေတြ႕ရပါတယ္။

Meizu 16s ရဲ႕ မ်က္ႏွာျပင္ကို ဝန္းရံထားတဲ့ Bezel ေတြအနက္ ေဘးႏွစ္ဘက္ Bezel ေတြကေတာ့ အေတာ္ေလးပါးလႊာက်ဥ္းေျမာင္းတာကိုေတြ႕ျမင္ရပါတယ္။ အထက္ဘက္ ေဘာင္မွာ ကင္မရာတစ္လုံးတပ္ဆင္ထားတာကိုေတြ႕ရတာေၾကာင့္ Meizu 16s ဟာ Pop-up ေတြ Slider ေတြ မဟုတ္ဘူးလို႔ ေျပာလို႔ရသြားပါၿပီ။ Chin ကေတာ့ Meizu 16 ထက္ ပိုၿပီးပါးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

လက္ရွိထြက္ေပၚထားတဲ့သတင္းေတြအရေတာ့ Meizu 16s ဟာ 6.2-inch AMOLED မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး Full HD+ resolution ျဖစ္တယ္လို႔ သိရပါတယ္။ ေအာက္ဘက္ Chin ကေတာ့ 16mm ျဖစ္ေၾကာင္း သိရပါတယ္။ Meizu 16s ကို Snapdragon 855 နဲ႔ထုတ္လုပ္မွာျဖစ္ၿပီး 48MP ကင္မရာတစ္လုံးလည္း ပါဝင္မယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

မျက်နှာပြင်ပြည့်နဲ့ Meizu 16s ရဲ့ ဓါတ်ပုံထွက်ပေါ်လာပြီ

လွန်ခဲ့တဲ့ သုံးရက်လောက်ကပဲ Meizu စမတ်ဖုန်းသစ်ဟာ တရုတ်ပြည်တွင်းမှာ Certified ရခဲ့ပါတယ်။ လာမယ့် မေလထဲမှာ မိတ်ဆက်ဖွယ်ရှိတယ်လို့ မျှော်လင့်ရတဲ့ Meizu 16s ဟာ ပြီးခဲ့တဲ့ရက်မှာတော့ ဓါတ်ပုံတွေနဲ့တစ်ကွ ပေါ်ထွက်လာခဲ့ပါတယ်။

Meizu 16s နဲ့ Meizu 16s Plus နှစ်မျိုး ထွက်ပေါ်လာမယ်လို့ သတင်းကြီးနေပေမယ့် အခုပေါ်ထွက်လာတဲ့ ဓါတ်ပုံတွေကို ကြည့်ရခြင်းအားဖြင့် Meizu 16s ဖြစ်နိုင်တယ်လို့ပဲ ယူဆရပါတယ်။ ဓါတ်ပုံထဲမှာတော့ Meizu 16s ဟာ Notch နဲ့ Punch-hole မပါဝင်တဲ့ မျက်နှာပြင်ပြည့် ဖုန်းတစ်လုံးအဖြစ် မြင်တွေ့ရပါတယ်။

Meizu 16s ရဲ့ မျက်နှာပြင်ကို ဝန်းရံထားတဲ့ Bezel တွေအနက် ဘေးနှစ်ဘက် Bezel တွေကတော့ အတော်လေးပါးလွှာကျဉ်းမြောင်းတာကိုတွေ့မြင်ရပါတယ်။ အထက်ဘက် ဘောင်မှာ ကင်မရာတစ်လုံးတပ်ဆင်ထားတာကိုတွေ့ရတာကြောင့် Meizu 16s ဟာ Pop-up တွေ Slider တွေ မဟုတ်ဘူးလို့ ပြောလို့ရသွားပါပြီ။ Chin ကတော့ Meizu 16 ထက် ပိုပြီးပါးမယ်လို့ မျှော်လင့်ရပါတယ်။

လက်ရှိထွက်ပေါ်ထားတဲ့သတင်းတွေအရတော့ Meizu 16s ဟာ 6.2-inch AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး Full HD+ resolution ဖြစ်တယ်လို့ သိရပါတယ်။ အောက်ဘက် Chin ကတော့ 16mm ဖြစ်ကြောင်း သိရပါတယ်။ Meizu 16s ကို Snapdragon 855 နဲ့ထုတ်လုပ်မှာဖြစ်ပြီး 48MP ကင်မရာတစ်လုံးလည်း ပါဝင်မယ်လို့ သိရပါတယ်။

Ref: GSMArena