[Zawgyi]

Meizu ရဲ႕ Meizu 16s နဲ႔ 16s Plus ဖုန္းေတြအတြက္ တရားမဝင္ပုံရိပ္ေတြကေတာ့ အင္တာနက္ေပၚကို ေရာက္လာခဲ့ပါၿပီ။ ကုမၸဏီရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္က မၾကာေသးခင္ကမွ ဒီဖုန္းမွာ ကင္မရာအတြက္ Notch သို႔မဟုတ္ Punch Hole ေတြ တစ္ခုမွပါမွာမဟုတ္ဘဲ “Quad Bezel-less Display” လို႔ သူေခၚဆုိတဲ့၊ ေလးဘက္ေလးတန္လုံးမွာ အေႏွာင့္အယွက္ကင္းတဲ့ Display ပါဝင္လာမယ္လို႔ Tease လုပ္ခဲ့ပါေသးတယ္။

Meizu 16s ဖုန္းမွာ 6.2” လက္မအရြယ္ Display ပါဝင္ေနၿပီး 16s Plus ေမာ္ဒယ္ကေတာ့ သိသာစြာ ပိုႀကီးတဲ့ 6.76” လက္မ မ်က္ႏွာျပင္နဲ႔ထြက္လာမွာပါ။ ႏွစ္ခုလံုးမွာ 1080p+ Resolution နဲ႔ AMOLED Panel ေတြ သုံးစြဲလာမွာျဖစ္ၿပီး Gorilla Glass 6 နဲ႔ဖုံးအုပ္ထားမွာျဖစ္တယ္။ 16s ဖုန္းရဲ႕ ေအာက္ေျခ Bezel (Chin) ဟာ တရားဝင္ Teaser အရဆုိရင္ Meizu 16 ဖုန္းထက္ 1.5mm ပိုေသးငယ္တယ္လို႔ ဆုိပါတယ္။

16s ဖုန္းေတြကို အတြင္းပုိင္းမွာ Snapdragon 855 ခ်စ္ပ္ဆက္အသစ္ေတြ သုံးစြဲလာမွာျဖစ္ၿပီး ကင္မရာကိုလည္း 48MP Sony IMX586 Sensor ေတြပဲ သုံးစြဲလာမွာျဖစ္လို႔ တျခား Flagship ေတြထက္ ဘယ္နည္းနဲ႔မွ နိမ့္မွာမဟုတ္ပါဘူး။ 16s ေမာ္ဒယ္ကို သာမာန္ထက္ပါးလႊာတဲ့ 3,600 mAh ဘကၳရီ အသုံးျပဳထားၿပီး ႀကိဳးမဲ့အားသြင္းစနစ္ေတာ့ ပါဦးမွာ မဟုတ္ပါ။

ကုမၸဏီအႀကီးအကဲရဲ႕ မွတ္ခ်က္စကားအရဆုိရင္ေတာ့ Meizu 16s ႏွစ္လုံးကို အခုႏွစ္ ဧၿပီလ သို႔မဟုတ္ ေမလမွာ ပြဲထုတ္လာမယ္လို႔ ခန္႔မွန္းရပါတယ္။ ဖုန္းႏွစ္လုံးရဲ႕ ေစ်းႏႈန္းကို အတိအက်မသိရေသးေပမယ့္ အနည္းဆုံး တရုတ္ယြမ္ေငြ ၃,၃၀၀ (ျမန္မာေငြ ခုနစ္သိန္းခြဲေက်ာ္) ရွိလိမ့္မယ္လို႔ ဆုိပါတယ္။

Ref – GSM Arena

[Unicode]

Meizu ရဲ့ Meizu 16s နဲ့ 16s Plus ဖုန်းတွေအတွက် တရားမဝင်ပုံရိပ်တွေကတော့ အင်တာနက်ပေါ်ကို ရောက်လာခဲ့ပါပြီ။ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်က မကြာသေးခင်ကမှ ဒီဖုန်းမှာ ကင်မရာအတွက် Notch သို့မဟုတ် Punch Hole တွေ တစ်ခုမှပါမှာမဟုတ်ဘဲ “Quad Bezel-less Display” လို့ သူခေါ်ဆိုတဲ့၊ လေးဘက်လေးတန်လုံးမှာ အနှောင့်အယှက်ကင်းတဲ့ Display ပါဝင်လာမယ်လို့ Tease လုပ်ခဲ့ပါသေးတယ်။

Meizu 16s ဖုန်းမှာ 6.2” လက်မအရွယ် Display ပါဝင်နေပြီး 16s Plus မော်ဒယ်ကတော့ သိသာစွာ ပိုကြီးတဲ့ 6.76” လက်မ မျက်နှာပြင်နဲ့ထွက်လာမှာပါ။ နှစ်ခုလုံးမှာ 1080p+ Resolution နဲ့ AMOLED Panel တွေ သုံးစွဲလာမှာဖြစ်ပြီး Gorilla Glass 6 နဲ့ဖုံးအုပ်ထားမှာဖြစ်တယ်။ 16s ဖုန်းရဲ့ အောက်ခြေ Bezel (Chin) ဟာ တရားဝင် Teaser အရဆိုရင် Meizu 16 ဖုန်းထက် 1.5mm ပိုသေးငယ်တယ်လို့ ဆိုပါတယ်။

16s ဖုန်းတွေကို အတွင်းပိုင်းမှာ Snapdragon 855 ချစ်ပ်ဆက်အသစ်တွေ သုံးစွဲလာမှာဖြစ်ပြီး ကင်မရာကိုလည်း 48MP Sony IMX586 Sensor တွေပဲ သုံးစွဲလာမှာဖြစ်လို့ တခြား Flagship တွေထက် ဘယ်နည်းနဲ့မှ နိမ့်မှာမဟုတ်ပါဘူး။ 16s မော်ဒယ်ကို သာမာန်ထက်ပါးလွှာတဲ့ 3,600 mAh ဘက္ထရီ အသုံးပြုထားပြီး ကြိုးမဲ့အားသွင်းစနစ်တော့ ပါဦးမှာ မဟုတ်ပါ။

ကုမ္ပဏီအကြီးအကဲရဲ့ မှတ်ချက်စကားအရဆိုရင်တော့ Meizu 16s နှစ်လုံးကို အခုနှစ် ဧပြီလ သို့မဟုတ် မေလမှာ ပွဲထုတ်လာမယ်လို့ ခန့်မှန်းရပါတယ်။ ဖုန်းနှစ်လုံးရဲ့ ဈေးနှုန်းကို အတိအကျမသိရသေးပေမယ့် အနည်းဆုံး တရုတ်ယွမ်ငွေ ၃,၃၀၀ (မြန်မာငွေ ခုနစ်သိန်းခွဲကျော်) ရှိလိမ့်မယ်လို့ ဆိုပါတယ်။

Ref – GSM Arena