[Zawgyi]

ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္က GeekBench ေပၚမွာ Meizu 16s ကိုေတြ႕ျမင္ခဲ့ရပါေသးတယ္။ Snapdragon 855 နဲ႔ 6GB of RAM သုံးထားတဲ့ Meizu 16s ဟာ GeekBench ရမွတ္မွာ အေတာ္ေလး အားရစရာ ေကာင္းခဲ့ပါတယ္။ Single Core ရမွတ္မွာ Samsung Galaxy S10 ေနာက္ ဒုတိယေနရာမွာ ရွိၿပီး Multi Core ရမွတ္မွာေတာ့ Xiaomi Mi 9 ရဲ႕ ေအာက္ ဒုတိယေနရာမွာ ရွိခဲ့တာပါ။

အခု AnTuTu ေပၚမွာလည္း Meizu 16s ရဲ႕ရမွတ္ေတြကို အထင္ႀကီးစရာ ေတြ႕ျမင္ရျပန္ၿပီ ျဖစ္ပါတယ္။ “alps m1971” ရဲ႕ AnTuTu benchmark ဟာ 357,975 ျဖစ္ပါတယ္။ ဒါေၾကာင့္ သိပ္မၾကာခင္ ေဈးကြက္ထဲကို ေရာက္လာေတာ့မယ့္ Meizu 16s ဟာ Reviewer ေတြနဲ႔ Meizu Fan ေတြရဲ႕ စိတ္ဝင္စားမႈကို ပိုၿပီးရရွိေနတယ္လို႔ သိရပါတယ္။

Meizu 16s ဟာ Meizu 16 နဲ႔ အေတာ္ေလးကို တူညီမယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။ ဒါေပမယ့္ ထိပ္ဘက္နဲ႔ ေအာက္ေျခ Bezel ေတြကေတာ့ ပိုၿပီးေတာ့ က်ဥ္းေျမာင္းသြားမွာပါ။ Meizu 16s ဟာ ပိုရွည္တဲ့ မ်က္ႏွာျပင္အမ်ိဳးအစား ရွိေနမွာျဖစ္ၿပီး 18.6:9 ratio ျဖစ္ပါလိမ့္မယ္။ 2232 x 1080 pixel နဲ႔ Full HD+ resolution အမ်ိဳးအစား မ်က္ႏွာျပင္ ျဖစ္ပါတယ္။

လက္ရွိရလဒ္ေတြကိုၾကည့္လိုက္ရင္ေတာ့ အျခား Flagship ေတြျဖစ္တဲ့ Lenovo Z5 Pro GT, Xiaomi Mi 9 စတာေတြေလာက္နီးနီးကို ရွိေနတာပါ။ ဒီရမွတ္ေတြဟာ CPU, GPU, UX နဲ႔ Memory စတာေတြရဲ႕ ရမွတ္ေတြကို ေပါင္းထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ 6GB of RAM သာ ရွိတဲ့ Meizu 16s အေနနဲ႔ Memory ပိုင္းသာ ပိုမ်ားလာမယ္ဆိုရင္ ရမွတ္ေတြလည္း ပိုေကာင္းလာဖြယ္ရွိတယ္လို႔ ေယဘုယ်အားျဖင့္ သုံးသပ္ရမွာပါ။

အခုအခ်ိန္ထိေတာ့ Meizu 16s ရဲ႕ တရားဝင္မိတ္ဆက္မယ့္ရက္ကို မသိရေသးပါဘူး။ ဒါေပမယ့္ သိပ္အၾကာႀကီး ေစာင့္ဆိုင္းရဦးမွာေတာ့ မဟုတ္ပါဘူး။

Ref: GSMArena

[Unicode]

AnTuTu မှာ အထင်ကြီးစရာ ရမှတ်တွေနဲ့ ထွက်ပေါ်လာပြန်တဲ့ Meizu 16s

ပြီးခဲ့တဲ့ နှစ်ရက်လောက်က GeekBench ပေါ်မှာ Meizu 16s ကိုတွေ့မြင်ခဲ့ရပါသေးတယ်။ Snapdragon 855 နဲ့ 6GB of RAM သုံးထားတဲ့ Meizu 16s ဟာ GeekBench ရမှတ်မှာ အတော်လေး အားရစရာ ကောင်းခဲ့ပါတယ်။ Single Core ရမှတ်မှာ Samsung Galaxy S10 နောက် ဒုတိယနေရာမှာ ရှိပြီး Multi Core ရမှတ်မှာတော့ Xiaomi Mi 9 ရဲ့ အောက် ဒုတိယနေရာမှာ ရှိခဲ့တာပါ။

အခု AnTuTu ပေါ်မှာလည်း Meizu 16s ရဲ့ရမှတ်တွေကို အထင်ကြီးစရာ တွေ့မြင်ရပြန်ပြီ ဖြစ်ပါတယ်။ “alps m1971” ရဲ့ AnTuTu benchmark ဟာ 357,975 ဖြစ်ပါတယ်။ ဒါကြောင့် သိပ်မကြာခင် ဈေးကွက်ထဲကို ရောက်လာတော့မယ့် Meizu 16s ဟာ Reviewer တွေနဲ့ Meizu Fan တွေရဲ့ စိတ်ဝင်စားမှုကို ပိုပြီးရရှိနေတယ်လို့ သိရပါတယ်။

Meizu 16s ဟာ Meizu 16 နဲ့ အတော်လေးကို တူညီမယ်လို့တော့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ထိပ်ဘက်နဲ့ အောက်ခြေ Bezel တွေကတော့ ပိုပြီးတော့ ကျဉ်းမြောင်းသွားမှာပါ။ Meizu 16s ဟာ ပိုရှည်တဲ့ မျက်နှာပြင်အမျိုးအစား ရှိနေမှာဖြစ်ပြီး 18.6:9 ratio ဖြစ်ပါလိမ့်မယ်။ 2232 x 1080 pixel နဲ့ Full HD+ resolution အမျိုးအစား မျက်နှာပြင် ဖြစ်ပါတယ်။

လက်ရှိရလဒ်တွေကိုကြည့်လိုက်ရင်တော့ အခြား Flagship တွေဖြစ်တဲ့ Lenovo Z5 Pro GT, Xiaomi Mi 9 စတာတွေလောက်နီးနီးကို ရှိနေတာပါ။ ဒီရမှတ်တွေဟာ CPU, GPU, UX နဲ့ Memory စတာတွေရဲ့ ရမှတ်တွေကို ပေါင်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် 6GB of RAM သာ ရှိတဲ့ Meizu 16s အနေနဲ့ Memory ပိုင်းသာ ပိုများလာမယ်ဆိုရင် ရမှတ်တွေလည်း ပိုကောင်းလာဖွယ်ရှိတယ်လို့ ယေဘုယျအားဖြင့် သုံးသပ်ရမှာပါ။

အခုအချိန်ထိတော့ Meizu 16s ရဲ့ တရားဝင်မိတ်ဆက်မယ့်ရက်ကို မသိရသေးပါဘူး။ ဒါပေမယ့် သိပ်အကြာကြီး စောင့်ဆိုင်းရဦးမှာတော့ မဟုတ်ပါဘူး။

Ref: GSMArena