[Zawgyi]

Meizu က စြမ္းရည္ျမင့္ စမတ္ဖုန္း အသစ္ ၁ လံုးကို ေၾကညာလိုက္ပါတယ္။ Meizu 16s Pro လို႔ နာမည္ေပးထားၿပီး ဧၿပီလက ေၾကညာခဲ့တဲ့ Meizu 16s ထက္ ပိုေကာင္းတဲ့ အစိတ္အပိုင္းေတြ ပါလာပါတယ္။ အဓိက ကြာျခားခ်က္က Pro Model မွာ Snapdragon 855+ နဲ႔ အေနာက္ကင္မရာ ၃ လံုးပါလာတာပါ။

အဲဒီဖုန္းမွာ ၆.၂ လက္မ FHD+ AMOLED Display ထည့္သြင္းထားၿပီး 160Hz Touch Sampling Rate ပါလာပါတယ္။ မ်က္ႏွာျပင္ရဲ႕ အထက္နဲ႔ ေအာက္က ေဘာင္ေတြက 16s လိုပဲ ပါးလႊာပါတယ္။ မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ထည့္သြင္းထားၿပီး ၀.၁၅ စကၠန္႔အတြင္းမွာ ဖုန္းကို Unlock လုပ္ေပးႏိုင္ပါတယ္။ ဆဲလ္ဖီး ကင္မရာက 16s လိုပဲ 20MP ျဖစ္ပါတယ္။

Meizu 16s Pro ရဲ႕ အေနာက္ဘက္မွာ 48MP Main , 16MP Ultrawide နဲ႔ 20MP Telephoto Cameras ေတြ ထည့္ထားပါတယ္။ 60fps နဲ႔ 4K Video ေတြ ရိုက္ကူးႏုိင္ပါတယ္။ Portrait Mode, HDR နဲ႔ Scene Recognition စြမ္းရည္ေတြ ပါလာပါတယ္။ 6 or 8GB RAM နဲ႔ 256GB UFS 3.0 Storage အထိ ေရြးခ်ယ္ႏုိင္ပါတယ္။ 24W Fast Charging ပါတဲ့ 3,600mAh Battery ထည့္ထားပါတယ္။

Android 9 Pie အေျချပဳ Flyme 8 OS ေမာင္းႏွင္ထားပါတယ္။ One Mind 3.5 System Optimizer , Game Mode 4.0 , Aicy Voice Assistant နဲ႔ AR Emojis အသစ္ေတြ ထည့္ထားပါတယ္။ White, Black, Gradient နဲ႔ Green အေရာင္ေတြ ထုတ္လုပ္ထားပါတယ္။ 6/128GB ကို ၂၆၉၉ ယြမ္၊ 8/128GB ကို ၂၉၉၉ ယြမ္နဲ႔ 8/256GB ကို ၃၂၉၉ ယြမ္နဲ႔ ေရာင္းခ်မွာပါ။ ျမန္မာေငြ ၅၇၀ ၀၀၀ ၊ ၆၃၀ ၀၀၀ နဲ႔ ၇၀၀ ၀၀၀ ၀န္းက်င္ ရွိႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

Triple Cameras နဲ့ Snapdragon 855+ တွေပါတဲ့ Meizu 16s Pro ကို ကြေညာ

Meizu က စွမ်းရည်မြင့် စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Meizu 16s Pro လို့ နာမည်ပေးထားပြီး ဧပြီလက ကြေညာခဲ့တဲ့ Meizu 16s ထက် ပိုကောင်းတဲ့ အစိတ်အပိုင်းတွေ ပါလာပါတယ်။ အဓိက ကွာခြားချက်က Pro Model မှာ Snapdragon 855+ နဲ့ အနောက်ကင်မရာ ၃ လုံးပါလာတာပါ။

အဲဒီဖုန်းမှာ ၆.၂ လက်မ FHD+ AMOLED Display ထည့်သွင်းထားပြီး 160Hz Touch Sampling Rate ပါလာပါတယ်။ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်က ဘောင်တွေက 16s လိုပဲ ပါးလွှာပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပြီး ဝ.၁၅ စက္ကန့်အတွင်းမှာ ဖုန်းကို Unlock လုပ်ပေးနိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 16s လိုပဲ 20MP ဖြစ်ပါတယ်။

Meizu 16s Pro ရဲ့ အနောက်ဘက်မှာ 48MP Main , 16MP Ultrawide နဲ့ 20MP Telephoto Cameras တွေ ထည့်ထားပါတယ်။ 60fps နဲ့ 4K Video တွေ ရိုက်ကူးနိုင်ပါတယ်။ Portrait Mode, HDR နဲ့ Scene Recognition စွမ်းရည်တွေ ပါလာပါတယ်။ 6 or 8GB RAM နဲ့ 256GB UFS 3.0 Storage အထိ ရွေးချယ်နိုင်ပါတယ်။ 24W Fast Charging ပါတဲ့ 3,600mAh Battery ထည့်ထားပါတယ်။

Android 9 Pie အခြေပြု Flyme 8 OS မောင်းနှင်ထားပါတယ်။ One Mind 3.5 System Optimizer , Game Mode 4.0 , Aicy Voice Assistant နဲ့ AR Emojis အသစ်တွေ ထည့်ထားပါတယ်။ White, Black, Gradient နဲ့ Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 6/128GB ကို ၂၆၉၉ ယွမ်၊ 8/128GB ကို ၂၉၉၉ ယွမ်နဲ့ 8/256GB ကို ၃၂၉၉ ယွမ်နဲ့ ရောင်းချမှာပါ။ မြန်မာငွေ ၅၇၀ ၀၀၀ ၊ ၆၃၀ ၀၀၀ နဲ့ ၇၀၀ ၀၀၀ ဝန်းကျင် ရှိနိုင်ပါတယ်။

Ref : gsmarena