Zawgyi

Meizu ဟာ သူတုိ႔ရဲ႕ Flagship အသစ္ျဖစ္တဲ့ Meizu 16s Pro ဖုန္းကို အခု ၾသဂုတ္လကုန္မွာ မိတ္ဆက္လာဖို႔ စီစဥ္ေနၿပီး 16s Pro ဖုန္းသစ္ရဲ႕ စြမ္းအားကို သိေစႏုိင္ဖို႔ AnTuTu မွာ အစမ္းသပ္ခံခဲ့ပါတယ္။ ဟန္းဆက္အသစ္ဟာ ရမွတ္ 464,411 ထိရရွိခဲ့ၿပီး ဒီရလဒ္ဟာ AnTuTu ဝက္ဆုိက္မွာ လက္ရွိအခ်ိန္ထိ ျမင္ဖူးသမွ်ထဲ အမ်ားဆုံးစြမ္းေဆာင္ရည္ရမွတ္လည္း ျဖစ္ပါတယ္။

Meizu 16s Pro ဟာ ေမာ္ဒယ္နံပါတ္ M1973 (M973Q) နဲ႔ Benchmark ဆုိက္ေပၚသို႔ အစစ္ေဆးခံခဲ့တာ ျဖစ္ကာ ေနာက္ဆုံးေပၚခ်စ္ပ္ဆက္ျဖစ္တဲ့ Snapdragon 855+ ကို အသုံးျပဳထားခဲ့ပါတယ္။ ဒါ့အျပင္ AnTuTu မွာ အစမ္းသပ္ခံခဲ့တဲ့ 16s Pro မွာ 2232 x 1080p Resolution ပါတဲ့ Display တစ္ခုပါဝင္ခဲ့ေပမယ့္ အရြယ္အစားကိုေတာ့ မေဖာ္ျပထားပါဘူး။ အခုႏွစ္ ဧၿပီလတုန္းက တရုတ္ႏုိင္ငံအတြင္းမွာ စတင္မိတ္ဆက္ခဲ့တဲ့ Meizu 16s ဖုန္းမွာေတာ့ 6.2” လက္မအရြယ္ Display တစ္ခုကို သုံးထားပါတယ္။

အတြင္းပိုင္းမွာ 2.96GHz Snapdragon 855+ ခ်စ္ပ္ကို Adreno 640 GPU နဲ႔အတူ တြဲဖက္ထားၿပီး RAM မန္မုိရီပမာဏကေတာ့ 6GB နဲ႔ စမ္းသပ္ခံထားခဲ့တာပါ။ Storage ပမာဏက 128GB ျဖစ္ၿပီး UFS 3.0 Storage ျဖစ္မယ္လို႔ ေမွ်ာ္လင့္ရတယ္။ စက္ႏွင္စနစ္ကေတာ့ Android 9 Pie OS ကိုပဲ တစ္ခါတည္းထည့္သြင္းလာမွာပါ။

AnTuTu စာရင္းထဲမွာ Meizu 16s Pro ဟာ 20MP Selfie ကင္မရာ အသုံးျပဳထားတယ္လို႔ ဆုိပါတယ္။ ေနာက္ဘက္မွာေတာ့ 48MP အဓိက Lens ပါဝင္တဲ့ Triple-camera အတြဲပါ။ 3C အတည္ျပဳခ်က္မွာေတာ့ ဒီဖုန္းမွာ 24W အားအျမန္သြင္းစနစ္ ပါဝင္တယ္လို႔ ေရးသားေဖာ္ျပထားခဲ့ပါတယ္။ က်န္တဲ့ အခ်က္အလက္ေတြကို မသိရေသးေပမယ့္ ၾသဂုတ္ ၂၈ ရက္မွာ မိတ္ဆက္လာမွာျဖစ္တဲ့အတြက္ အခုလအတြင္းမွာ ပိုသိလာရေတာ့မွာပါ။

Ref – Playful Droid

Unicode

Meizu ဟာ သူတို့ရဲ့ Flagship အသစ်ဖြစ်တဲ့ Meizu 16s Pro ဖုန်းကို အခု သြဂုတ်လကုန်မှာ မိတ်ဆက်လာဖို့ စီစဉ်နေပြီး 16s Pro ဖုန်းသစ်ရဲ့ စွမ်းအားကို သိစေနိုင်ဖို့ AnTuTu မှာ အစမ်းသပ်ခံခဲ့ပါတယ်။ ဟန်းဆက်အသစ်ဟာ ရမှတ် 464,411 ထိရရှိခဲ့ပြီး ဒီရလဒ်ဟာ AnTuTu ဝက်ဆိုက်မှာ လက်ရှိအချိန်ထိ မြင်ဖူးသမျှထဲ အများဆုံးစွမ်းဆောင်ရည်ရမှတ်လည်း ဖြစ်ပါတယ်။

Meizu 16s Pro ဟာ မော်ဒယ်နံပါတ် M1973 (M973Q) နဲ့ Benchmark ဆိုက်ပေါ်သို့ အစစ်ဆေးခံခဲ့တာ ဖြစ်ကာ နောက်ဆုံးပေါ်ချစ်ပ်ဆက်ဖြစ်တဲ့ Snapdragon 855+ ကို အသုံးပြုထားခဲ့ပါတယ်။ ဒါ့အပြင် AnTuTu မှာ အစမ်းသပ်ခံခဲ့တဲ့ 16s Pro မှာ 2232 x 1080p Resolution ပါတဲ့ Display တစ်ခုပါဝင်ခဲ့ပေမယ့် အရွယ်အစားကိုတော့ မဖော်ပြထားပါဘူး။ အခုနှစ် ဧပြီလတုန်းက တရုတ်နိုင်ငံအတွင်းမှာ စတင်မိတ်ဆက်ခဲ့တဲ့ Meizu 16s ဖုန်းမှာတော့ 6.2” လက်မအရွယ် Display တစ်ခုကို သုံးထားပါတယ်။

အတွင်းပိုင်းမှာ 2.96GHz Snapdragon 855+ ချစ်ပ်ကို Adreno 640 GPU နဲ့အတူ တွဲဖက်ထားပြီး RAM မန်မိုရီပမာဏကတော့ 6GB နဲ့ စမ်းသပ်ခံထားခဲ့တာပါ။ Storage ပမာဏက 128GB ဖြစ်ပြီး UFS 3.0 Storage ဖြစ်မယ်လို့ မျှော်လင့်ရတယ်။ စက်နှင်စနစ်ကတော့ Android 9 Pie OS ကိုပဲ တစ်ခါတည်းထည့်သွင်းလာမှာပါ။

AnTuTu စာရင်းထဲမှာ Meizu 16s Pro ဟာ 20MP Selfie ကင်မရာ အသုံးပြုထားတယ်လို့ ဆိုပါတယ်။ နောက်ဘက်မှာတော့ 48MP အဓိက Lens ပါဝင်တဲ့ Triple-camera အတွဲပါ။ 3C အတည်ပြုချက်မှာတော့ ဒီဖုန်းမှာ 24W အားအမြန်သွင်းစနစ် ပါဝင်တယ်လို့ ရေးသားဖော်ပြထားခဲ့ပါတယ်။ ကျန်တဲ့ အချက်အလက်တွေကို မသိရသေးပေမယ့် သြဂုတ် ၂၈ ရက်မှာ မိတ်ဆက်လာမှာဖြစ်တဲ့အတွက် အခုလအတွင်းမှာ ပိုသိလာရတော့မှာပါ။

Ref – Playful Droid