[Zawgyi]

တစ္ေန႔က TENAA ေပၚကို စေရာက္လာခဲ့တဲ့ Meizu 16s ဟန္းဆက္မွာ ပုံရိပ္နဲ႔အတူ Specs အခ်ဳိ႕ပါ ထည့္သြင္းေဖာ္ျပလာခဲ့ေပမယ့္ အတိအက်မဟုတ္ခဲ့ပါဘူး။ ယေန႔မွာ TENAA ေဒတာကို ထပ္မံ Update ျပဳလုပ္ခဲ့ၿပီး Hardware ေတြရဲ႕ အခ်က္အလက္ေတြကို တိက်စြာျမင္ေတြ႕လာရပါၿပီ။

Meizu 16s ဖုန္းကို 2.8GHz Octa-core ပရိုဆက္ဆာနဲ႔ စာရင္းတင္ထားခဲ့ၿပီး TENAA ဟာ ခ်စ္ပ္ဆက္ေတြရဲ႕ အမည္ကို ထည့္သြင္းေဖာ္ျပျခင္းမရွိပါဘူး။ ဒါေပမယ့္ သူ႕ရဲ႕ Clockspeed ဟာ Snapdragon 855 ရဲ႕ ျမန္ႏႈန္းနဲ႔ ကိုက္ညီေနၿပီး Benchmark မွာေဖာ္ျပခဲ့တာနဲ႔လည္း ကိုက္ညီေနပါတယ္။

အတြင္းပိုင္းမွာ SD855 ကို 8GB RAM မန္မုိရီနဲ႔ တြဲဖက္ထားတယ္လို႔ ေဖာ္ျပခဲ့ေပမယ့္ AnTuTu နဲ႔ Geekbench တုိ႔မွာေတာ့ 6GB RAM မန္မုိရီကိုသာ အသုံးျပဳထားတဲ့ ဗားရွင္းနဲ႔ အစမ္းသပ္ခံခဲ့တာ ျမင္ေတြ႕ရပါတယ္။

Meizu 16s ဟန္းဆက္မွာ Android Pie စက္ႏွင္စနစ္အသုံးျပဳလာၿပီး 6.2” လက္မအရြယ္ AMOLED Display မွာ 2232 x 1080p Resolution နဲ႔ျဖစ္ပါတယ္။ စုစုေပါင္းကင္မရာသုံးလုံးပါၿပီး ဆယ္ဖီကင္မရာက 20MP နဲ႔ ေနာက္ဘက္မွာ 48 MP + 20 MP ကင္မရာအတြဲပါ။

ဒီစမတ္ဖုန္းမွာ In-display Fingerprint ပါဝင္လာၿပီး Storage ပမာဏက 128GB ျဖစ္ပါတယ္။ ဘကၳရီက 3,540 mAh ျဖစ္ကာ အားအျမန္သြင္းစနစ္တစ္ခု ပါလာမွာပါ။ အေရာင္ကေတာ့ သုံးမ်ဳိးေတြ႕ရၿပီး Black, White နဲ႔ Gradient Blue တုိ႔ျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

တစ်နေ့က TENAA ပေါ်ကို စရောက်လာခဲ့တဲ့ Meizu 16s ဟန်းဆက်မှာ ပုံရိပ်နဲ့အတူ Specs အချို့ပါ ထည့်သွင်းဖော်ပြလာခဲ့ပေမယ့် အတိအကျမဟုတ်ခဲ့ပါဘူး။ ယနေ့မှာ TENAA ဒေတာကို ထပ်မံ Update ပြုလုပ်ခဲ့ပြီး Hardware တွေရဲ့ အချက်အလက်တွေကို တိကျစွာမြင်တွေ့လာရပါပြီ။

Meizu 16s ဖုန်းကို 2.8GHz Octa-core ပရိုဆက်ဆာနဲ့ စာရင်းတင်ထားခဲ့ပြီး TENAA ဟာ ချစ်ပ်ဆက်တွေရဲ့ အမည်ကို ထည့်သွင်းဖော်ပြခြင်းမရှိပါဘူး။ ဒါပေမယ့် သူ့ရဲ့ Clockspeed ဟာ Snapdragon 855 ရဲ့ မြန်နှုန်းနဲ့ ကိုက်ညီနေပြီး Benchmark မှာဖော်ပြခဲ့တာနဲ့လည်း ကိုက်ညီနေပါတယ်။

အတွင်းပိုင်းမှာ SD855 ကို 8GB RAM မန်မိုရီနဲ့ တွဲဖက်ထားတယ်လို့ ဖော်ပြခဲ့ပေမယ့် AnTuTu နဲ့ Geekbench တို့မှာတော့ 6GB RAM မန်မိုရီကိုသာ အသုံးပြုထားတဲ့ ဗားရှင်းနဲ့ အစမ်းသပ်ခံခဲ့တာ မြင်တွေ့ရပါတယ်။

Meizu 16s ဟန်းဆက်မှာ Android Pie စက်နှင်စနစ်အသုံးပြုလာပြီး 6.2” လက်မအရွယ် AMOLED Display မှာ 2232 x 1080p Resolution နဲ့ဖြစ်ပါတယ်။ စုစုပေါင်းကင်မရာသုံးလုံးပါပြီး ဆယ်ဖီကင်မရာက 20MP နဲ့ နောက်ဘက်မှာ 48 MP + 20 MP ကင်မရာအတွဲပါ။

ဒီစမတ်ဖုန်းမှာ In-display Fingerprint ပါဝင်လာပြီး Storage ပမာဏက 128GB ဖြစ်ပါတယ်။ ဘက္ထရီက 3,540 mAh ဖြစ်ကာ အားအမြန်သွင်းစနစ်တစ်ခု ပါလာမှာပါ။ အရောင်ကတော့ သုံးမျိုးတွေ့ရပြီး Black, White နဲ့ Gradient Blue တို့ဖြစ်ပါတယ်။

Ref – GSM Arena