[Zawgyi]

Meizu ဟာ 16 မိသားစုဝင္ ဖုန္းေတြအျဖစ္ သုံးမ်ိဳးကို မိတ္ဆက္ေပးခဲ့ပါတယ္။ အဲဒါေတြကေတာ့ Meizu 16, Meizu 16 Plus နဲ႔ Meizu 16X တို႔ပဲ ျဖစ္ပါတယ္။ ပထမ ႏွစ္မ်ိဳးကေတာ့ ေနာက္ဆုံးထြက္ Snapdragon chipset နဲ႔ ျဖစ္သလို သူတို႔ေနာက္မွာ ေပၚမယ့္ ဖုန္းကလည္း အလားတူပဲ ျဖစ္မယ္လို႔ ဆိုပါတယ္။

Company CEO Jack Wong ကေတာ့ Meizu ရဲ႕ ေနာက္ထပ္ထြက္မယ့္ Flagship ကို Meizu 16s လို႔ေခၚမွာျဖစ္ေၾကာင္း ေျပာသြားခဲ့ပါတယ္။ ဒါ့အျပင္ အဲဒီဖုန္းဟာ Snapdragon 8150 ကို အသုံးျပဳထားမယ္လို႔လည္း ေျပာဆိုခဲ့ပါေသးတယ္။ Jack Wong ရဲ႕ အေျပာအရ Meizu 16s ကို လာမယ့္ ၂၀၁၉ ခုႏွစ္ ေမလေလာက္မွာ ေတြ႕ျမင္ရမယ္လို႔လည္း သိရပါတယ္။

သတင္းေထာက္ေတြက Jack Wong နဲ႔ေတြ႕ဆုံေမးျမန္းစဥ္မွာ Meizu 17 ထြက္လာဦးမယ္ဆိုတဲ့ ေကာလာဟလေတြလည္း ရွိေနေၾကာင္း၊ ဒီသတင္းေတြအေပၚ မွတ္ခ်က္ေပးေစလိုေၾကာင္း ထည့္သြင္းေမးျမန္းခဲ့ၾကပါတယ္။ Jack Wong ကေတာ့ ေမလေၾကညာခ်က္က ကုမၸဏီရဲ႕ ၁၆ႏွစ္ျပည့္ အထိမ္းအမွတ္ အခမ္းအနားအတြက္သာ စီမံထားတာျဖစ္လို႔ ၁၇ ဆိုတဲ့ ဂဏန္းက ကုမၸဏီရဲ႕ လမ္းစဥ္မူဝါဒမွာ ရွိမေနေသးဘူးလို႔ ျပန္လည္ေျပာဆိုသြားခဲ့ပါတယ္။

ဒါ့အျပင္ Jack Wong က ေနာက္ထပ္မိတ္ဆက္မယ့္ ဖုန္းရဲ႕ ဒီဇိုင္းကိုလည္း Meizu 16 နဲ႔ တူတူပဲ ျဖစ္မယ္လို႔ ေမွ်ာ္လင့္ထားသင့္ေၾကာင္း ေျပာသြားခဲ့ပါေသးတယ္။ ဒီ S version ဟာ အတြင္းအစိတ္အပိုင္းေတြကိုပဲ အဆင့္ျမႇင့္တင္ထားမွာျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ဒါေပမယ့္ Meizu 16s မွာ ဘာေတြအဆင့္ျမႇင့္တင္ထားမယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္ကိုေတာ့ မေျပာသြားခဲ့ပါဘူး။

Ref: GSMarena

[Unicode]

Meizu ဟာ 16 မိသားစုဝင် ဖုန်းတွေအဖြစ် သုံးမျိုးကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒါတွေကတော့ Meizu 16, Meizu 16 Plus နဲ့ Meizu 16X တို့ပဲ ဖြစ်ပါတယ်။ ပထမ နှစ်မျိုးကတော့ နောက်ဆုံးထွက် Snapdragon chipset နဲ့ ဖြစ်သလို သူတို့နောက်မှာ ပေါ်မယ့် ဖုန်းကလည်း အလားတူပဲ ဖြစ်မယ်လို့ ဆိုပါတယ်။

Company CEO Jack Wong ကတော့ Meizu ရဲ့ နောက်ထပ်ထွက်မယ့် Flagship ကို Meizu 16s လို့ခေါ်မှာဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဖုန်းဟာ Snapdragon 8150 ကို အသုံးပြုထားမယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။ Jack Wong ရဲ့ အပြောအရ Meizu 16s ကို လာမယ့် ၂၀၁၉ ခုနှစ် မေလလောက်မှာ တွေ့မြင်ရမယ်လို့လည်း သိရပါတယ်။

သတင်းထောက်တွေက Jack Wong နဲ့တွေ့ဆုံမေးမြန်းစဉ်မှာ Meizu 17 ထွက်လာဦးမယ်ဆိုတဲ့ ကောလာဟလတွေလည်း ရှိနေကြောင်း၊ ဒီသတင်းတွေအပေါ် မှတ်ချက်ပေးစေလိုကြောင်း ထည့်သွင်းမေးမြန်းခဲ့ကြပါတယ်။ Jack Wong ကတော့ မေလကြေညာချက်က ကုမ္ပဏီရဲ့ ၁၆နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအတွက်သာ စီမံထားတာဖြစ်လို့ ၁၇ ဆိုတဲ့ ဂဏန်းက ကုမ္ပဏီရဲ့ လမ်းစဉ်မူဝါဒမှာ ရှိမနေသေးဘူးလို့ ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် Jack Wong က နောက်ထပ်မိတ်ဆက်မယ့် ဖုန်းရဲ့ ဒီဇိုင်းကိုလည်း Meizu 16 နဲ့ တူတူပဲ ဖြစ်မယ်လို့ မျှော်လင့်ထားသင့်ကြောင်း ပြောသွားခဲ့ပါသေးတယ်။ ဒီ S version ဟာ အတွင်းအစိတ်အပိုင်းတွေကိုပဲ အဆင့်မြှင့်တင်ထားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် Meizu 16s မှာ ဘာတွေအဆင့်မြှင့်တင်ထားမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ မပြောသွားခဲ့ပါဘူး။

Ref: GSMarena