[Zawgyi]

Meizu 16s ကေတာ့ တရားဝင္ မိတ္ဆက္လိုက္ပါၿပီ။ မိတ္မဆက္ခင္တုန္းက ေပါက္ၾကားခဲ့တဲ့ အခ်က္အလက္အေတာ္မ်ားမ်ားအတိုင္းပဲ ထြက္လာခဲ့တာပါ။ AnTuTu မွာ ရမွတ္ေကာင္းေတြ ျပသႏိုင္ခဲ့တဲ့ Meizu 16s ရဲ႕ ေဈးကြက္ထိုးေဖာက္မႈ ေအာင္ျမင္မယ္၊ မေအာင္ျမင္ဘူးဆိုတာကို ေစာင့္ၾကည့္ဖို႔ပဲ လိုတာပါ။

Meizu ရဲ႕ ေနာက္ဆုံးထုတ္ Flagship ဖုန္းဟာ 6.2-inch FHD+ Super AMOLED မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး In-Display Fingerprint sensor နဲ႔ ျဖစ္ပါတယ္။ Samsung နဲ႔ လက္တြဲၿပီးေတာ့ အသုံးျပဳသူရဲ႕ အျမင္အာ႐ုံကို မထိခိုက္ေစတဲ့ အရည္အေသြးေကာင္းတဲ့ မ်က္ႏွာျပင္ျဖစ္ေအာင္ အာ႐ုံစိုက္ထားတယ္လို႔ Meizu က ဆိုပါတယ္။ ဒါေၾကာင့္ မ်က္ႏွာျပင္ဟာ Blue light ထုတ္လႊတ္ျခင္းကို ၃၃ ရာခိုင္ႏႈန္းထိ တားဆီးေပးႏိုင္တယ္လို႔ သိရပါတယ္။

Meizu 16s ဟာ ေက်ာဘက္မွာ ကင္မရာႏွစ္လုံးအျဖစ္ 48MP f/1.7 OIS Sony sensor နဲ႔ 20MP f/2.6 wide shotter တို႔ကို တြဲဖက္ တပ္ဆင္ေပးထားပါတယ္။ အေရွ႕ဘက္မွာေတာ့ HDR+ ေထာက္ပံ့ႏိုင္တဲ့ 20MP Selfie ကင္မရာ တပ္ဆင္ေပးထားပါတယ္။ Selfie ကင္မရာဟာ ကမာၻ႔အေသးငယ္ဆုံး မွန္ဘီလူးျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေၾကာင့္ Meizu 16s ဟာ Notch မသုံးဘဲ သာမန္ထက္ အနည္းငယ္ပါးတဲ့ အေပၚဘက္ Bezel နဲ႔ ထြက္လာႏိုင္တာလို႔ ဆိုရမွာပါ။

Snapdragon 855 သုံးထားၿပီး 6GB ဒါမွမဟုတ္ 8GB DDR4X RAM ကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။ သိုေလွာင္မႈကိုလည္း 128 နဲ႔ 256 ဆိုၿပီး ေ႐ြးခ်ယ္ႏိုင္တာပါ။ ဘက္ထရီပမာဏကေတာ့ 3,600mAh နဲ႔ျဖစ္တဲ့အတြက္ သိပ္မမ်ားဘူးလို႔ ဆိုရေပမယ့္ ၆ နာရီၾကာ ဂိမ္းကစားႏိုင္ၿပီး ၁၄ နာရီၾကာ ဗြီဒီယို ၾကည့္ႏိုင္မယ္လို႔ ဆိုပါတယ္။ 24W mChager စနစ္ေထာက္ပံ့ေပးထားတာေၾကာင့္ မိနစ္ ၃၀ အတြင္းမွာ ၆၀ ရာခိုင္ႏႈန္းအထိ အားျဖည့္သြင္းႏိုင္မယ္လို႔ သိရပါတယ္။

mEngine 3.0 Vibration motor ထည့္သြင္းေပးထားတာေၾကာင့္ ႏွစ္သက္ဖြယ္ရာ ဂိမ္းကစားျခင္းအေတြ႕အႀကဳံကို ရရွိလိမ့္မယ္လို႔ ကုမၸဏီက အခိုင္အမာ ေျပာဆိုထားပါတယ္။ Meizu 16s ဟာ Carbon Black, Pearl White နဲ႔ Phantom Blue ဆိုၿပီး အေရာင္သုံးမ်ိဳးနဲ႔ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။

ေဈးႏႈန္းေတြကေတာ့ 6GB + 128GB အမ်ိဳးအစားဟာ CNY 3,198 ($475) (၇ သိန္း ၃ ေသာင္းဝန္းက်င္) ျဖစ္ၿပီး 8/256GB အမ်ိဳးအစားကေတာ့ CNY 3,998 ($595) (၉ သိန္း ၁ ေသာင္းခြဲဝန္းက်င္) ျဖစ္ပါတယ္။ ဧၿပီလ ၂၈ ရက္ေန႔ကစၿပီး တ႐ုတ္ႏိုင္ငံေဈးကြက္မွာ ျဖန႔္ခ်ိမွာျဖစ္ၿပီး ျပည္ပေဈးကြက္ကို ဘယ္အခ်ိန္တင္ပို႔မလဲဆိုတာေတာ့မသိရေသးပါဘူး။

Ref: GSMArena

[Unicode]

Snapdragon 855 နဲ့ Meizu 16s ကို တရုတ်မှာ တရားဝင် မိတ်ဆက်လိုက်ပြီ

Meizu 16s ကတော့ တရားဝင် မိတ်ဆက်လိုက်ပါပြီ။ မိတ်မဆက်ခင်တုန်းက ပေါက်ကြားခဲ့တဲ့ အချက်အလက်အတော်များများအတိုင်းပဲ ထွက်လာခဲ့တာပါ။ AnTuTu မှာ ရမှတ်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ Meizu 16s ရဲ့ ဈေးကွက်ထိုးဖောက်မှု အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာကို စောင့်ကြည့်ဖို့ပဲ လိုတာပါ။

Meizu ရဲ့ နောက်ဆုံးထုတ် Flagship ဖုန်းဟာ 6.2-inch FHD+ Super AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး In-Display Fingerprint sensor နဲ့ ဖြစ်ပါတယ်။ Samsung နဲ့ လက်တွဲပြီးတော့ အသုံးပြုသူရဲ့ အမြင်အာရုံကို မထိခိုက်စေတဲ့ အရည်အသွေးကောင်းတဲ့ မျက်နှာပြင်ဖြစ်အောင် အာရုံစိုက်ထားတယ်လို့ Meizu က ဆိုပါတယ်။ ဒါကြောင့် မျက်နှာပြင်ဟာ Blue light ထုတ်လွှတ်ခြင်းကို ၃၃ ရာခိုင်နှုန်းထိ တားဆီးပေးနိုင်တယ်လို့ သိရပါတယ်။

Meizu 16s ဟာ ကျောဘက်မှာ ကင်မရာနှစ်လုံးအဖြစ် 48MP f/1.7 OIS Sony sensor နဲ့ 20MP f/2.6 wide shotter တို့ကို တွဲဖက် တပ်ဆင်ပေးထားပါတယ်။ အရှေ့ဘက်မှာတော့ HDR+ ထောက်ပံ့နိုင်တဲ့ 20MP Selfie ကင်မရာ တပ်ဆင်ပေးထားပါတယ်။ Selfie ကင်မရာဟာ ကမ္ဘာ့အသေးငယ်ဆုံး မှန်ဘီလူးဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် Meizu 16s ဟာ Notch မသုံးဘဲ သာမန်ထက် အနည်းငယ်ပါးတဲ့ အပေါ်ဘက် Bezel နဲ့ ထွက်လာနိုင်တာလို့ ဆိုရမှာပါ။

Snapdragon 855 သုံးထားပြီး 6GB ဒါမှမဟုတ် 8GB DDR4X RAM ကို ရွေးချယ်နိုင်ပါတယ်။ သိုလှောင်မှုကိုလည်း 128 နဲ့ 256 ဆိုပြီး ရွေးချယ်နိုင်တာပါ။ ဘက်ထရီပမာဏကတော့ 3,600mAh နဲ့ဖြစ်တဲ့အတွက် သိပ်မများဘူးလို့ ဆိုရပေမယ့် ၆ နာရီကြာ ဂိမ်းကစားနိုင်ပြီး ၁၄ နာရီကြာ ဗွီဒီယို ကြည့်နိုင်မယ်လို့ ဆိုပါတယ်။ 24W mChager စနစ်ထောက်ပံ့ပေးထားတာကြောင့် မိနစ် ၃၀ အတွင်းမှာ ၆၀ ရာခိုင်နှုန်းအထိ အားဖြည့်သွင်းနိုင်မယ်လို့ သိရပါတယ်။

mEngine 3.0 Vibration motor ထည့်သွင်းပေးထားတာကြောင့် နှစ်သက်ဖွယ်ရာ ဂိမ်းကစားခြင်းအတွေ့အကြုံကို ရရှိလိမ့်မယ်လို့ ကုမ္ပဏီက အခိုင်အမာ ပြောဆိုထားပါတယ်။ Meizu 16s ဟာ Carbon Black, Pearl White နဲ့ Phantom Blue ဆိုပြီး အရောင်သုံးမျိုးနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဈေးနှုန်းတွေကတော့ 6GB + 128GB အမျိုးအစားဟာ CNY 3,198 ($475) (၇ သိန်း ၃ သောင်းဝန်းကျင်) ဖြစ်ပြီး 8/256GB အမျိုးအစားကတော့ CNY 3,998 ($595) (၉ သိန်း ၁ သောင်းခွဲဝန်းကျင်) ဖြစ်ပါတယ်။ ဧပြီလ ၂၈ ရက်နေ့ကစပြီး တရုတ်နိုင်ငံဈေးကွက်မှာ ဖြန့်ချိမှာဖြစ်ပြီး ပြည်ပဈေးကွက်ကို ဘယ်အချိန်တင်ပို့မလဲဆိုတာတော့မသိရသေးပါဘူး။

Ref: GSMArena