[Zawgyi]

ဧၿပီလဆန္းပိုင္းတုန္းက Meizu 16s ကို AnTuTu မွာ အထင္ႀကီးစရာ ရမွတ္နဲ႔အတူ ေတြ႕ခဲ့ရပါတယ္။ “alps m1971” ရဲ႕ AnTuTu benchmark ဟာ 357,975 ျဖစ္ခဲ့ပါတယ္။ အခုဧၿပီလလယ္ေရာက္ေတာ့ AnTuTu ေပၚမွာ Meizu 16s ကို ေနာက္တစ္ႀကိမ္ ထပ္ေတြ႕ရျပန္ပါၿပီ။

ဒီတစ္ေခါက္ေတြ႕ရေတာ့ Meizu 16s ရဲ႕ ရမွတ္က တစ္ေသာင္းခြဲေက်ာ္ေလာက္ ထပ္မ်ားလာပါတယ္။ စုစုေပါင္း ရမွတ္ 374,190 ျဖစ္တာေၾကာင့္ ၿပီးခဲ့တစ္ေခါက္ကထက္ ၅ ရာခိုင္ႏႈန္း ပိုၿပီး တိုးတက္လာတယ္လို႔ ဆိုရမွာပါ။ ကုမၸဏီအေနနဲ႔ Meizu 16s ရဲ႕ Software ပိုင္းကို ပိုေကာင္းေအာင္ ျပဳျပင္ႏိုင္ခဲ့တဲ့ အက်ိဳးေက်းဇူးလို႔ ယူဆရပါတယ္။

ကုမၸဏီဟာ Meizu 16s ကို အႀကိမ္ႀကိမ္စမ္းသပ္ခဲ့တာျဖစ္ပါတယ္။ အခုေဖာ္ျပထားတဲ့ ရမွတ္က အျမင့္ဆုံးရထားတာပါ။ အျခား Snapdragon 855, Kirin 980, Exynos 9820 သုံးထားတဲ့ ဖုန္းေတြအျပင္ Apple ရဲ႕ ေနာက္ဆုံးထြက္ chipset ပါ ထည့္သြင္းၿပီး ရမွတ္ေတြ ႏႈိင္းယွဥ္ၾကည့္လိုက္တဲ့အခါ Meizu 16s က Xiaomi Mi 9 ကိုေက်ာ္ျဖတ္ၿပီး ထိပ္ဆုံးေနရာကို ေရာက္ရွိသြားပါေတာ့တယ္။

Meizu 16s ဟာ အၾကမ္းအားျဖင့္ Meizu 16 အတိုင္းပဲ ဒီဇိုင္းဆြဲထားတယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္ဟာ 18:9 ကေန 18.6:9 ၾကား ျဖစ္ႏိုင္ပါတယ္။ Resolution ကေတာ့ 1080p+ ျဖစ္ႏိုင္ၿပီး မ်က္ႏွာျပင္အက်ယ္ကေတာ့ 6-inch ကေန 6.2-inch ၾကားမွာ ရွိႏိုင္ပါတယ္။ Benchmarks ေတြကတစ္ဆင့္ သိရတာကေတာ့ Snapdragon 855 နဲ႔ Meizu 16s ဟာ 6GB of RAM 128 Storage ပါဝင္မွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

AnTuTu မှာ အကောင်းဆုံးရမှတ်နဲ့ ထပ်တွေ့ရတဲ့ Meizu 16s

ဧပြီလဆန်းပိုင်းတုန်းက Meizu 16s ကို AnTuTu မှာ အထင်ကြီးစရာ ရမှတ်နဲ့အတူ တွေ့ခဲ့ရပါတယ်။ “alps m1971” ရဲ့ AnTuTu benchmark ဟာ 357,975 ဖြစ်ခဲ့ပါတယ်။ အခုဧပြီလလယ်ရောက်တော့ AnTuTu ပေါ်မှာ Meizu 16s ကို နောက်တစ်ကြိမ် ထပ်တွေ့ရပြန်ပါပြီ။

ဒီတစ်ခေါက်တွေ့ရတော့ Meizu 16s ရဲ့ ရမှတ်က တစ်သောင်းခွဲကျော်လောက် ထပ်များလာပါတယ်။ စုစုပေါင်း ရမှတ် 374,190 ဖြစ်တာကြောင့် ပြီးခဲ့တစ်ခေါက်ကထက် ၅ ရာခိုင်နှုန်း ပိုပြီး တိုးတက်လာတယ်လို့ ဆိုရမှာပါ။ ကုမ္ပဏီအနေနဲ့ Meizu 16s ရဲ့ Software ပိုင်းကို ပိုကောင်းအောင် ပြုပြင်နိုင်ခဲ့တဲ့ အကျိုးကျေးဇူးလို့ ယူဆရပါတယ်။

ကုမ္ပဏီဟာ Meizu 16s ကို အကြိမ်ကြိမ်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့ ရမှတ်က အမြင့်ဆုံးရထားတာပါ။ အခြား Snapdragon 855, Kirin 980, Exynos 9820 သုံးထားတဲ့ ဖုန်းတွေအပြင် Apple ရဲ့ နောက်ဆုံးထွက် chipset ပါ ထည့်သွင်းပြီး ရမှတ်တွေ နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ Meizu 16s က Xiaomi Mi 9 ကိုကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာကို ရောက်ရှိသွားပါတော့တယ်။

Meizu 16s ဟာ အကြမ်းအားဖြင့် Meizu 16 အတိုင်းပဲ ဒီဇိုင်းဆွဲထားတယ်လို့ သိရပါတယ်။ မျက်နှာပြင်ဟာ 18:9 ကနေ 18.6:9 ကြား ဖြစ်နိုင်ပါတယ်။ Resolution ကတော့ 1080p+ ဖြစ်နိုင်ပြီး မျက်နှာပြင်အကျယ်ကတော့ 6-inch ကနေ 6.2-inch ကြားမှာ ရှိနိုင်ပါတယ်။ Benchmarks တွေကတစ်ဆင့် သိရတာကတော့ Snapdragon 855 နဲ့ Meizu 16s ဟာ 6GB of RAM 128 Storage ပါဝင်မှာ ဖြစ်ပါတယ်။

Ref: GSMArena