Zawgyi

Meizu 16T စမတ္ဖုန္းဟာ Meizu 16s ရဲ႕ ကင္မရာကို ႏွိမ့္ထားတဲ့ ဗားရွင္းျဖစ္ၿပီး ေအာက္တုိဘာ ၂၃ ရက္ေန႔မွာ မိတ္ဆက္လာေတာ့မွာပါ။ ဒီဖုန္းမွာ ေနာက္ဘက္ကင္မရာအျဖစ္ 12MP + 10MP + 5MP အတြဲ ပါဝင္ၿပီး ယေန႔မွာ ကုမၸဏီရဲ႕ Vice President ျဖစ္သူ Hua Hailang ဟာ 16T ဖုန္းရဲ႕ ပထမဆုံး အစမ္းရုိက္ခ်က္ Sample ဓါတ္ပုံကို ထုတ္ျပလာခဲ့ပါတယ္။

ဒီဓါတ္ပုံေတြဟာ တရုတ္ႏုိင္ငံ၊ ေဘဂ်င္းၿမိဳ႕မွ Forbidden City ကို ညဘက္မွာ ရုိက္ထားတာျဖစ္ၿပီး ေတာ္ေတာ္ေလး ေကာင္းမြန္တယ္လို႔ ေျပာရမွာပါ။ အဆုိပါဓါတ္ပုံက 12MP Resolution ျဖစ္တာေၾကာင့္ အဓိက Sensor နဲ႔ရုိက္ကူးထားတာ ျဖစ္ပါတယ္။

Meizu 16T ထြက္ရွိဖို႔ ႏွစ္ပတ္ခန္႔သာ လိုအပ္ေတာ့တဲ့အတြက္ ၾကားထဲမွာလည္း Meizu 16T ရဲ႕ Specs ေတြနဲ႔ ေစ်းႏႈန္းတုိ႔ကို ကုမၸဏီက ထပ္ၿပီး Tease လုပ္လာမယ္လို႔ ယူဆရပါတယ္။ ဒီဖုန္းဟာ 16s ထက္ ကင္မရာ စြမ္းရည္နိမ့္က်တယ္ဆုိေပမယ့္ အျခားေနရာေတြမွာေတာ့ ကြာျခားမႈသိပ္ရွိမွာမဟုတ္ပါဘူး။

AnTuTu နဲ႔ TENAA တုိ႔မွာ ျမင္ခဲ့ရတဲ့ အခ်က္အလက္ေတြအရ Meizu 16T ဟာ 6.5” လက္မ Display ပါဝင္မွာျဖစ္လို႔ 6.2” လက္မသာရွိတဲ့ 16s ဖုန္းႏွစ္လုံးထက္ ပိုႀကီးပါတယ္။ ဘကၳရီကလည္း 16s မွာပါတဲ့ 3,600 mAh ထက္ သိသာစြာပိုမ်ားတဲ့ 4,400 mAh ျဖစ္ပါတယ္။

အတြင္းမွာေတာ့ 16s မွာလုိပဲ Snapdragon 855 ကိုအသုံးျပဳထားၿပီး 16s Pro လိုေတာ့ ေနာက္ဆုံးထြက္ SD 855+ မပါလာပါဘူး။ မန္မုိရီပိုင္းမွာ 6GB RAM နဲ႔ 128GB Storage ကိုျမင္ခဲ့ရေပမယ့္ TENAA ေပၚမွာ 8/256 GB ဗားရွင္းကိုပါ ေတြ႕ရပါတယ္။ လက္ရွိမွာေတာ့ Android 9 Pie နဲ႔သာ ထြက္ေပၚလာခဲ့ပါေသးတယ္။

Ref – GSM Arena

Unicode

Meizu 16T စမတ်ဖုန်းဟာ Meizu 16s ရဲ့ ကင်မရာကို နှိမ့်ထားတဲ့ ဗားရှင်းဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်နေ့မှာ မိတ်ဆက်လာတော့မှာပါ။ ဒီဖုန်းမှာ နောက်ဘက်ကင်မရာအဖြစ် 12MP + 10MP + 5MP အတွဲ ပါဝင်ပြီး ယနေ့မှာ ကုမ္ပဏီရဲ့ Vice President ဖြစ်သူ Hua Hailang ဟာ 16T ဖုန်းရဲ့ ပထမဆုံး အစမ်းရိုက်ချက် Sample ဓါတ်ပုံကို ထုတ်ပြလာခဲ့ပါတယ်။

ဒီဓါတ်ပုံတွေဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှ Forbidden City ကို ညဘက်မှာ ရိုက်ထားတာဖြစ်ပြီး တော်တော်လေး ကောင်းမွန်တယ်လို့ ပြောရမှာပါ။ အဆိုပါဓါတ်ပုံက 12MP Resolution ဖြစ်တာကြောင့် အဓိက Sensor နဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Meizu 16T ထွက်ရှိဖို့ နှစ်ပတ်ခန့်သာ လိုအပ်တော့တဲ့အတွက် ကြားထဲမှာလည်း Meizu 16T ရဲ့ Specs တွေနဲ့ ဈေးနှုန်းတို့ကို ကုမ္ပဏီက ထပ်ပြီး Tease လုပ်လာမယ်လို့ ယူဆရပါတယ်။ ဒီဖုန်းဟာ 16s ထက် ကင်မရာ စွမ်းရည်နိမ့်ကျတယ်ဆိုပေမယ့် အခြားနေရာတွေမှာတော့ ကွာခြားမှုသိပ်ရှိမှာမဟုတ်ပါဘူး။

AnTuTu နဲ့ TENAA တို့မှာ မြင်ခဲ့ရတဲ့ အချက်အလက်တွေအရ Meizu 16T ဟာ 6.5” လက်မ Display ပါဝင်မှာဖြစ်လို့ 6.2” လက်မသာရှိတဲ့ 16s ဖုန်းနှစ်လုံးထက် ပိုကြီးပါတယ်။ ဘက္ထရီကလည်း 16s မှာပါတဲ့ 3,600 mAh ထက် သိသာစွာပိုများတဲ့ 4,400 mAh ဖြစ်ပါတယ်။

အတွင်းမှာတော့ 16s မှာလိုပဲ Snapdragon 855 ကိုအသုံးပြုထားပြီး 16s Pro လိုတော့ နောက်ဆုံးထွက် SD 855+ မပါလာပါဘူး။ မန်မိုရီပိုင်းမှာ 6GB RAM နဲ့ 128GB Storage ကိုမြင်ခဲ့ရပေမယ့် TENAA ပေါ်မှာ 8/256 GB ဗားရှင်းကိုပါ တွေ့ရပါတယ်။ လက်ရှိမှာတော့ Android 9 Pie နဲ့သာ ထွက်ပေါ်လာခဲ့ပါသေးတယ်။

Ref – GSM Arena