Zawgyi

Meizu 16T စမတ္ဖုန္းသစ္ရဲ႕ ပထမဆုံး တရားဝင္ဓါတ္ပုံကို ကုမၸဏီရဲ႕ VP မွ သူ႕ရဲ႕အေကာင့္မွာ တင္လာခဲ့ပါတယ္။ Meizu 16T ဟာ လာမယ့္ေအာက္တုိဘာ ၂၃ ရက္ေန႔မွာ မိတ္ဆက္လာမယ့္ ထုတ္ကုန္သစ္ပါ။

အခုျမင္ရတဲ့ ပုံထဲမွာ 16T ရဲ႕ ေနာက္ေက်ာဘက္ကိုျမင္ရၿပီး ဖုန္းရဲ႕အေပၚဘယ္ဘက္ေထာင့္မွာ ေဒါင္လုိက္ ထည့္သြင္းထားတဲ့ Triple-camera အတြဲကို ေတြ႕ရမွာျဖစ္ပါတယ္။ ကင္မရာရဲ႕ေအာက္မွာ Flash Module ကိုေတြ႕ရၿပီး သူ႕ရဲ႕ေဘးမွာေတာ့ Meizu အမွတ္တံဆိပ္ပါ။ ေနာက္ဘက္မွာ Fingerprint Scanner ကို မေတြ႕ရတဲ့အတြက္ ေရွ႕ဘက္ Display ထဲမွာ ထည့္လာမယ္လို႔ ယူဆရမွာျဖစ္ပါတယ္။

Meizu ကုမၸဏီကေတာ့ 16T နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို ထုတ္ေဖာ္ျပသျခင္းမရွိေသးေပမယ့္ AnTuTu နဲ႔ TENAA ဝက္ဆုိက္ေတြေပၚမွာ ျမင္ေတြ႕ခဲ့ရၿပီးျဖစ္လို႔ ဒီဖုန္းမွာ Snapdragon 855 ခ်စ္ပ္ဆက္အသုံးျပဳလာမယ္ဆုိတာနဲ႔ 6GB RAM / 128GB Storage သုိ႔မဟုတ္ 8GB / 256GB ဆုိၿပီး မန္မုိရီဗားရွင္းႏွစ္မ်ဳိး ရရွိႏုိင္မယ္ဆုိတာကိုပါ သိထားရပါတယ္။

Meizu 16T စမတ္ဖုန္းမွာ 6.5” လက္မအရြယ္ FHD+ Display နဲ႔အတူ 16MP Selfie ကင္မရာတစ္ခု ပါဝင္ပါတယ္။ ေနာက္ဘက္မွာေတာ့ 12MP အဓိက Sensor ကို 10MP နဲ႔ 5MP ယူနစ္ႏွစ္ခုျဖင့္ တြဲဖက္ထားပါတယ္။ စထြက္ထြက္ခ်င္း Android 9 Pie နဲ႔သာ အသုံးျပဳႏုိင္ဦးမယ့္ ဖုန္းအသစ္ဟာ 4,400 mAh ဘကၳရီႀကီးနဲ႔ပါ။

လာမယ့္အပတ္ထဲမွာ တရားဝင္မိတ္ဆက္လာေတာ့မယ့္ Meizu 16T အတြက္ တရားဝင္ထုတ္ေဖာ္ Tease လုပ္လာတာေတြက အစပဲရွိဦးမယ္လို႔ ယူဆရၿပီး မိတ္ဆက္ရက္မေရာက္ခင္မွာလည္း ျမင္ရဦးမွာပါ။

Ref – GSM Arena

Unicode

Meizu 16T စမတ်ဖုန်းသစ်ရဲ့ ပထမဆုံး တရားဝင်ဓါတ်ပုံကို ကုမ္ပဏီရဲ့ VP မှ သူ့ရဲ့အကောင့်မှာ တင်လာခဲ့ပါတယ်။ Meizu 16T ဟာ လာမယ့်အောက်တိုဘာ ၂၃ ရက်နေ့မှာ မိတ်ဆက်လာမယ့် ထုတ်ကုန်သစ်ပါ။

အခုမြင်ရတဲ့ ပုံထဲမှာ 16T ရဲ့ နောက်ကျောဘက်ကိုမြင်ရပြီး ဖုန်းရဲ့အပေါ်ဘယ်ဘက်ထောင့်မှာ ဒေါင်လိုက် ထည့်သွင်းထားတဲ့ Triple-camera အတွဲကို တွေ့ရမှာဖြစ်ပါတယ်။ ကင်မရာရဲ့အောက်မှာ Flash Module ကိုတွေ့ရပြီး သူ့ရဲ့ဘေးမှာတော့ Meizu အမှတ်တံဆိပ်ပါ။ နောက်ဘက်မှာ Fingerprint Scanner ကို မတွေ့ရတဲ့အတွက် ရှေ့ဘက် Display ထဲမှာ ထည့်လာမယ်လို့ ယူဆရမှာဖြစ်ပါတယ်။

Meizu ကုမ္ပဏီကတော့ 16T နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြသခြင်းမရှိသေးပေမယ့် AnTuTu နဲ့ TENAA ဝက်ဆိုက်တွေပေါ်မှာ မြင်တွေ့ခဲ့ရပြီးဖြစ်လို့ ဒီဖုန်းမှာ Snapdragon 855 ချစ်ပ်ဆက်အသုံးပြုလာမယ်ဆိုတာနဲ့ 6GB RAM / 128GB Storage သို့မဟုတ် 8GB / 256GB ဆိုပြီး မန်မိုရီဗားရှင်းနှစ်မျိုး ရရှိနိုင်မယ်ဆိုတာကိုပါ သိထားရပါတယ်။

Meizu 16T စမတ်ဖုန်းမှာ 6.5” လက်မအရွယ် FHD+ Display နဲ့အတူ 16MP Selfie ကင်မရာတစ်ခု ပါဝင်ပါတယ်။ နောက်ဘက်မှာတော့ 12MP အဓိက Sensor ကို 10MP နဲ့ 5MP ယူနစ်နှစ်ခုဖြင့် တွဲဖက်ထားပါတယ်။ စထွက်ထွက်ချင်း Android 9 Pie နဲ့သာ အသုံးပြုနိုင်ဦးမယ့် ဖုန်းအသစ်ဟာ 4,400 mAh ဘက္ထရီကြီးနဲ့ပါ။

လာမယ့်အပတ်ထဲမှာ တရားဝင်မိတ်ဆက်လာတော့မယ့် Meizu 16T အတွက် တရားဝင်ထုတ်ဖော် Tease လုပ်လာတာတွေက အစပဲရှိဦးမယ်လို့ ယူဆရပြီး မိတ်ဆက်ရက်မရောက်ခင်မှာလည်း မြင်ရဦးမှာပါ။

Ref – GSM Arena