[Zawgyi]

Meizu က ၿပီးခဲ့တဲ့လကပဲ စြမ္းရည္ျမင့္ 16S ကို ေရာင္းခ်ေပးခဲ့ပါတယ္။ Meizu က ဒါနဲ႔တင္ မေက်နပ္ေသးပါဘူး။ ေနာက္လကုန္မွာ စြမ္းရည္ျမင့္ ေနာက္ဖုန္း ၁ လံုး ျဖစ္တဲ့ Meizu 16T ကို ေၾကညာေတာ့မယ္လို႔ သတင္းထြက္လာပါတယ္။ အဲဒီ ဖုန္းက ရိုးရိုး ဖုန္း မဟုတ္ဘဲ Gaming Phone ျဖစ္ပါတယ္။ 16T မွ “T” ဟာ “Turbo”  ျဖစ္ၿပီး Red Magic 3S နဲ႔ Black Shark 2 Pro တို႔ကို လိုက္ဖိုက္မယ့္ Gaming Phone ျဖစ္လာမွာပါ။

Meizu 16T ကို ဒီလ အေစာပိုင္းက TENAA မွာ M928Q ေမာ္ဒယ္နံပါတ္နဲ႔ မွတ္ပံုတင္ထားပါတယ္။ မွတ္ပံုတင္ထားတဲ့ သတင္းအခ်က္အလက္ေတြအရ အဲဒီ ဖုန္းမွာ Snapdragon 855+ မဟုတ္ဘဲ ပိုေႏွးတဲ့ 855 Processor သာ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ အရြယ္ႀကီး 4,500mAh Battery နဲ႔ အေနာက္ဘက္မွာ Triple (12+8+5MP) Camera ေတြ ပါလာမွာပါ။ 4,500mAh Battery ပါတဲ့ ဖုန္းအတြက္ ၁၈၃ ဂရမ္ အေလးခ်ိန္က ေပါ့တယ္လို႔ ေျပာႏိုင္ပါတယ္။

Meizu 16T မွာ Snapdragon 855 Processor အေဟာင္းကို သံုးထားေပမယ့္ ေစ်းႏႈန္းက အဓိက စြဲေဆာင္မႈ ျဖစ္ပါတယ္။ Meizu CEO Jack Wong က 16T ဟာ ယြမ္ ၂,၀၀၀ နဲ႔ ၂,၅၀၀ ၾကားမွာ ရွိမယ္လို႔ ဒီႏွစ္ အေစာပိုင္းက ေျပာထားၿပီး ျမန္မာေငြ ၄၃၀,၀၀၀ နဲ႔ ၅၃၀,၀၀၀ ၾကားမွာ ရွိႏုိင္ပါတယ္။ Black Shark 2 Pro နဲ႔ Nubia Red Magic ( ျမန္မာေငြ ၆၄၀,၀၀၀ ေလာက္)ထက္ ေစ်းသက္သာမွာပါ။

Ref : gizmochina

[Unicode]

စွမ်းရည်မြင့် Meizu 16T Gaming Phone ကို အောက်တိုဘာလကုန်မှာ ကြေညာနိုင်

Meizu က ပြီးခဲ့တဲ့လကပဲ စွမ်းရည်မြင့် 16S ကို ရောင်းချပေးခဲ့ပါတယ်။ Meizu က ဒါနဲ့တင် မကျေနပ်သေးပါဘူး။ နောက်လကုန်မှာ စွမ်းရည်မြင့် နောက်ဖုန်း ၁ လုံး ဖြစ်တဲ့ Meizu 16T ကို ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ ဖုန်းက ရိုးရိုး ဖုန်း မဟုတ်ဘဲ Gaming Phone ဖြစ်ပါတယ်။ 16T မှ “T” ဟာ “Turbo” ဖြစ်ပြီး Red Magic 3S နဲ့ Black Shark 2 Pro တို့ကို လိုက်ဖိုက်မယ့် Gaming Phone ဖြစ်လာမှာပါ။

Meizu 16T ကို ဒီလ အစောပိုင်းက TENAA မှာ M928Q မော်ဒယ်နံပါတ်နဲ့ မှတ်ပုံတင်ထားပါတယ်။ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေအရ အဲဒီ ဖုန်းမှာ Snapdragon 855+ မဟုတ်ဘဲ ပိုနှေးတဲ့ 855 Processor သာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အရွယ်ကြီး 4,500mAh Battery နဲ့ အနောက်ဘက်မှာ Triple (12+8+5MP) Camera တွေ ပါလာမှာပါ။ 4,500mAh Battery ပါတဲ့ ဖုန်းအတွက် ၁၈၃ ဂရမ် အလေးချိန်က ပေါ့တယ်လို့ ပြောနိုင်ပါတယ်။

Meizu 16T မှာ Snapdragon 855 Processor အဟောင်းကို သုံးထားပေမယ့် ဈေးနှုန်းက အဓိက စွဲဆောင်မှု ဖြစ်ပါတယ်။ Meizu CEO Jack Wong က 16T ဟာ ယွမ် ၂,၀၀၀ နဲ့ ၂,၅၀၀ ကြားမှာ ရှိမယ်လို့ ဒီနှစ် အစောပိုင်းက ပြောထားပြီး မြန်မာငွေ ၄၃၀,၀၀၀ နဲ့ ၅၃၀,၀၀၀ ကြားမှာ ရှိနိုင်ပါတယ်။ Black Shark 2 Pro နဲ့ Nubia Red Magic ( မြန်မာငွေ ၆၄၀,၀၀၀ လောက်)ထက် ဈေးသက်သာမှာပါ။

Ref : gizmochina