Zawgyi

Meizu ကေန အခုအခ်ိန္မွာ ကုမၸဏီရဲ႕ တတိယေျမာက္ Flagship ဖုန္းျဖစ္လာတဲ့ Meizu 16T စမတ္ဖုန္းကို တရားဝင္မိတ္ဆက္လိုက္ၿပီျဖစ္ပါတယ္။ အခု Meizu 16T ဖုန္းဟာ ၿပီးခဲ့တဲ့ ဧၿပီလတုန္းက မိတ္ဆက္ခဲ့တဲ့ Meizu 16s နဲ႔ ၾသဂုတ္လတုန္းက မိတ္ဆက္ခဲ့တဲ့ Meizu 16s Pro ဖုန္းေတြေနာက္ပိုင္း ထြက္ရွိလာတဲ့ Flagship ဖုန္းတစ္ခုလို႔ ေျပာလို႔ရၿပီးေတာ့ Meizu ကေတာ့ Gaming ဦးစားေပးစမတ္ဖုန္းတစ္ခုအေနနဲ႔ ထုတ္လိုက္တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Meizu 16T စမတ္ဖုန္းဟာ 6.5″ ရွိတဲ့ 18.5:9 Ratio Full HD+ Super AMOLED Display ကို အသုံးျပဳထားၿပီးေတ့ာ ပါးလႊာတဲ့ ေဘးေဘာင္ေတြကိုလည္း တပ္ဆင္ထားတာျဖစ္ပါတယ္။ Super mTouch Fingerprint Sensor ကိုလည္း Display ေအာက္မွာထည့္သြင္းေပးထားၿပီးေတာ့ Meizu ရဲ႕ ေျပာၾကားခ်က္အရေတာ့ Unlock ျပဳလုပ္ဖို႔အတြက္ အခ်ိန္ ၀.၂ စကၠန္႔ပဲ ၾကာျမင့္မွာျဖစ္တယ္လို႔ သိရပါတယ္။

Performance ပိုင္းမွာေတာ့ Qualcomm Snapdragon 855 Processor ၊ RAM 6G သို႔ 8GB နဲ႔ Storage ကိုလည္း 128GB နဲ႔ 256GB ဆိုၿပီး ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။ Battery အေနနဲ႔လည္း ႀကီးမားတဲ့ 4500mAh Battery နဲ႔ 18W Fast Charging စနစ္လည္း ပါဝင္ဦးမွာပါ။

ဒါတင္မဟုတ္ေသးဘဲ Meizu 16T စမတ္ဖုန္းဟာ Gaming ပိုင္းကို ဦးစားေပးထားတဲ့အတြက္ Linear Vibration Motor ၊ Game Mode 4.0 ေတြပါဝင္မွာျဖစ္သလို Dual Stereo Speakers ၊ 3.5mm Earphone Port ေတြလည္း ပါဝင္ဦးမွာပါ။ Meizu က Tencent နဲ႔လည္း ပူးေပါင္းၿပီးေတာ့ ပိုၿပီး Smooth ျဖစ္တဲ့ Gaming Experience ရရွိေအာင္လည္း Optimize ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

Camera ပိုင္းအေနနဲ႔ကေတာ့ Triple Camera ကို အသုံးျပဳထားၿပီးေတာ့ Primary 12MP Sony IMX362 f1.9 Sensor ၊ 8MP f2.2 118-degree Ultrawide Sensor နဲ႔ 5MP f1.9 Depth Sensor ေတြပါဝင္မွာျဖစ္ပါတယ္။ ပုံမွန္ Super Night Scene Mode ၊ Portrait Mode ေတြအျပင္ Object ေတြကို 2.5cm အကြာအေဝးကေန ႐ိုက္ကူးႏိုင္တဲ့ Super Macro Shot Mode လည္းထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။ Selfie Camera အေနနဲ႔ကေတာ့ 16MP Sensor ပါဝင္မွာပါ။

Meizu 16T စမတ္ဖုန္းဟာ Android 9 Pie ကို အေျခခံထားတဲ့ Flyme 7 UI ကိုပဲ အသုံးျပဳထားၿပီးေတာ့ OneMind 3.5 AI Engine လည္း ပါဝင္မွာျဖစ္ပါတယ္။ ေစ်းႏႈန္းေတြအေနနဲ႔ကေတာ့ RAM 6GB + 128GB Storage Version ကို 1,999 Yuan (ျမန္မာေငြ ၄၄၀,၀၀၀ က်ပ္ဝန္းက်င္) ၊ RAM 8GB + 128GB Storage Version ကို 2,299 Yuan (ျမန္မာေငြ ၅၀၀,၀၀၀ က်ပ္ဝန္းက်င္) နဲ႔ RAM 8GB + 256GB Storage Version ကိုေတာ့ 2,499 Yuan (ျမန္မာေငြ ၅၅၀,၀၀၀ က်ပ္ဝန္းက်င္) က်သင့္မွာျဖစ္ပါတယ္။

Ref – Gizmo China

Unicode

Meizu ကနေ အခုအချိန်မှာ ကုမ္ပဏီရဲ့ တတိယမြောက် Flagship ဖုန်းဖြစ်လာတဲ့ Meizu 16T စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု Meizu 16T ဖုန်းဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက မိတ်ဆက်ခဲ့တဲ့ Meizu 16s နဲ့ သြဂုတ်လတုန်းက မိတ်ဆက်ခဲ့တဲ့ Meizu 16s Pro ဖုန်းတွေနောက်ပိုင်း ထွက်ရှိလာတဲ့ Flagship ဖုန်းတစ်ခုလို့ ပြောလို့ရပြီးတော့ Meizu ကတော့ Gaming ဦးစားပေးစမတ်ဖုန်းတစ်ခုအနေနဲ့ ထုတ်လိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Meizu 16T စမတ်ဖုန်းဟာ 6.5″ ရှိတဲ့ 18.5:9 Ratio Full HD+ Super AMOLED Display ကို အသုံးပြုထားပြီးတေ့ာ ပါးလွှာတဲ့ ဘေးဘောင်တွေကိုလည်း တပ်ဆင်ထားတာဖြစ်ပါတယ်။ Super mTouch Fingerprint Sensor ကိုလည်း Display အောက်မှာထည့်သွင်းပေးထားပြီးတော့ Meizu ရဲ့ ပြောကြားချက်အရတော့ Unlock ပြုလုပ်ဖို့အတွက် အချိန် ၀.၂ စက္ကန့်ပဲ ကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။

Performance ပိုင်းမှာတော့ Qualcomm Snapdragon 855 Processor ၊ RAM 6G သို့ 8GB နဲ့ Storage ကိုလည်း 128GB နဲ့ 256GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Battery အနေနဲ့လည်း ကြီးမားတဲ့ 4500mAh Battery နဲ့ 18W Fast Charging စနစ်လည်း ပါဝင်ဦးမှာပါ။

ဒါတင်မဟုတ်သေးဘဲ Meizu 16T စမတ်ဖုန်းဟာ Gaming ပိုင်းကို ဦးစားပေးထားတဲ့အတွက် Linear Vibration Motor ၊ Game Mode 4.0 တွေပါဝင်မှာဖြစ်သလို Dual Stereo Speakers ၊ 3.5mm Earphone Port တွေလည်း ပါဝင်ဦးမှာပါ။ Meizu က Tencent နဲ့လည်း ပူးပေါင်းပြီးတော့ ပိုပြီး Smooth ဖြစ်တဲ့ Gaming Experience ရရှိအောင်လည်း Optimize ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Triple Camera ကို အသုံးပြုထားပြီးတော့ Primary 12MP Sony IMX362 f1.9 Sensor ၊ 8MP f2.2 118-degree Ultrawide Sensor နဲ့ 5MP f1.9 Depth Sensor တွေပါဝင်မှာဖြစ်ပါတယ်။ ပုံမှန် Super Night Scene Mode ၊ Portrait Mode တွေအပြင် Object တွေကို 2.5cm အကွာအဝေးကနေ ရိုက်ကူးနိုင်တဲ့ Super Macro Shot Mode လည်းထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ Selfie Camera အနေနဲ့ကတော့ 16MP Sensor ပါဝင်မှာပါ။

Meizu 16T စမတ်ဖုန်းဟာ Android 9 Pie ကို အခြေခံထားတဲ့ Flyme 7 UI ကိုပဲ အသုံးပြုထားပြီးတော့ OneMind 3.5 AI Engine လည်း ပါဝင်မှာဖြစ်ပါတယ်။ စျေးနှုန်းတွေအနေနဲ့ကတော့ RAM 6GB + 128GB Storage Version ကို 1,999 Yuan (မြန်မာငွေ ၄၄၀,၀၀၀ ကျပ်ဝန်းကျင်) ၊ RAM 8GB + 128GB Storage Version ကို 2,299 Yuan (မြန်မာငွေ ၅၀၀,၀၀၀ ကျပ်ဝန်းကျင်) နဲ့ RAM 8GB + 256GB Storage Version ကိုတော့ 2,499 Yuan (မြန်မာငွေ ၅၅၀,၀၀၀ ကျပ်ဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China