Zawgyi

ၿပီးခဲ့တဲ့လက Meizu ရဲ႕ Flagship အသစ္ 16S ကို တရားဝင္မိတ္ဆက္ခဲ့ၿပီး ယခုအခါ ကုမၸဏီက ပိုမုိေစ်းခ်ဳိတဲ့ ဗားရွင္းအျဖစ္ Meizu 16Xs လို႔ေခၚတဲ့ ဖုန္းအသစ္ကို ထပ္မံခ်ျပလာဖို႔ ျပင္ဆင္ေနပါၿပီ။ ဒီဖုန္းဟာ သူ႕ရဲ႕ေစ်းပိုႀကီးတဲ့ Flagship ဗားရွင္းနဲ႔ တူညီတဲ့ဒီဇုိင္းပါဝင္လာမွာျဖစ္ၿပီး Mid-range ေစ်းႏႈန္းနဲ႔ ထြက္လာမွာပါ။ ဒါ့အျပင္ မႏွစ္က Meizu 16X ရဲ႕ တုိက္ရိုက္မ်ဳိးဆက္သစ္အျဖစ္လည္း သတ္မွတ္ႏုိင္မွာျဖစ္တယ္။

အဆုိပါဖုန္းဟာ ေမာ္ဒယ္နံပါတ္ M926Q လို႔ေခၚဆုိလာၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာ ေသးငယ္တဲ့ အေပၚေအာက္ Bezel ေတြအျပင္ ဘာမွမပါရွိတဲ့ ေျပာင္ေခ်ာမ်က္ႏွာျပင္ပုံနဲ႔ ထြက္လာမွာျဖစ္ပါတယ္။ အေပၚဘက္မွာ Selfie ကင္မရာကို တနည္းနည္းနဲ႔ေတာ့ ထည့္လာမွာျဖစ္တဲ့အတြက္ အခုေခတ္စားေနတဲ့ Pop-up ဒီဇုိင္းကိုေတာ့ ျမင္ရမွာမဟုတ္ပါဘူး။

ေနာက္ဘက္မွာေတာ့ ေဒါင္လုိက္ေနရာခ်ထားတဲ့ Triple-camera အတြဲကို LED Flash တစ္ခုတည္းနဲ႔ တြဲထားတာ ျမင္ရပါတယ္။ TENAA ေပၚမွာ Specs အားလုံးကို အေသးစိတ္ေဖာ္ျပမထားေပမယ့္ ဒီဖုန္းမွာ Snapdragon 712 ခ်စ္ပ္ဆက္ကို အသုံးျပဳၿပီး 6GB RAM မန္မုိရီနဲ႔ 128GB Storage တုိ႔ပါဝင္မယ္လို႔ သတင္းထြက္ေနတယ္။

မႏွစ္က ထြက္ခဲ့တဲ့ Meizu 16X ဖုန္းဟာ ထြက္စမွာ တရုတ္ယြမ္ ၂,၁၀၀ (ျမန္မာေငြေလးသိန္းေျခာက္ေသာင္း) ရွိခဲ့တဲ့အတြက္ အခုႏွစ္မွာလည္း 16Xs ဟာ ဒီေစ်းႏႈန္းဝန္းက်င္နဲ႔ပဲ ပြဲထြက္လာမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့လက Meizu ရဲ့ Flagship အသစ် 16S ကို တရားဝင်မိတ်ဆက်ခဲ့ပြီး ယခုအခါ ကုမ္ပဏီက ပိုမိုဈေးချိုတဲ့ ဗားရှင်းအဖြစ် Meizu 16Xs လို့ခေါ်တဲ့ ဖုန်းအသစ်ကို ထပ်မံချပြလာဖို့ ပြင်ဆင်နေပါပြီ။ ဒီဖုန်းဟာ သူ့ရဲ့ဈေးပိုကြီးတဲ့ Flagship ဗားရှင်းနဲ့ တူညီတဲ့ဒီဇိုင်းပါဝင်လာမှာဖြစ်ပြီး Mid-range ဈေးနှုန်းနဲ့ ထွက်လာမှာပါ။ ဒါ့အပြင် မနှစ်က Meizu 16X ရဲ့ တိုက်ရိုက်မျိုးဆက်သစ်အဖြစ်လည်း သတ်မှတ်နိုင်မှာဖြစ်တယ်။

အဆိုပါဖုန်းဟာ မော်ဒယ်နံပါတ် M926Q လို့ခေါ်ဆိုလာပြီး ရှေ့ဘက်မျက်နှာပြင်မှာ သေးငယ်တဲ့ အပေါ်အောက် Bezel တွေအပြင် ဘာမှမပါရှိတဲ့ ပြောင်ချောမျက်နှာပြင်ပုံနဲ့ ထွက်လာမှာဖြစ်ပါတယ်။ အပေါ်ဘက်မှာ Selfie ကင်မရာကို တနည်းနည်းနဲ့တော့ ထည့်လာမှာဖြစ်တဲ့အတွက် အခုခေတ်စားနေတဲ့ Pop-up ဒီဇိုင်းကိုတော့ မြင်ရမှာမဟုတ်ပါဘူး။

နောက်ဘက်မှာတော့ ဒေါင်လိုက်နေရာချထားတဲ့ Triple-camera အတွဲကို LED Flash တစ်ခုတည်းနဲ့ တွဲထားတာ မြင်ရပါတယ်။ TENAA ပေါ်မှာ Specs အားလုံးကို အသေးစိတ်ဖော်ပြမထားပေမယ့် ဒီဖုန်းမှာ Snapdragon 712 ချစ်ပ်ဆက်ကို အသုံးပြုပြီး 6GB RAM မန်မိုရီနဲ့ 128GB Storage တို့ပါဝင်မယ်လို့ သတင်းထွက်နေတယ်။

မနှစ်က ထွက်ခဲ့တဲ့ Meizu 16X ဖုန်းဟာ ထွက်စမှာ တရုတ်ယွမ် ၂,၁၀၀ (မြန်မာငွေလေးသိန်းခြောက်သောင်း) ရှိခဲ့တဲ့အတွက် အခုနှစ်မှာလည်း 16Xs ဟာ ဒီဈေးနှုန်းဝန်းကျင်နဲ့ပဲ ပွဲထွက်လာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena