Zawgyi

အခုရက္ပုိင္းေတြအတြင္းမွာ တရုတ္စမတ္ဖုန္းေစ်းကြက္ျပင္ပက သတင္းရင္းျမစ္ေတြဟာ Meizu ကုမၸဏီက Meizu 16Xs လို႔ေခၚတဲ့ဖုန္းကို ဒီလကုန္မွာ ထပ္မိတ္ဆက္လာဦးမယ္လို႔ ဆုိေနၾကပါတယ္။ ဒီဟန္းဆက္ဟာ လက္ရွိ Meizu 16X ရဲ႕အဆင့္ျမွင့္ထားတဲ့ ဗားရွင္းျဖစ္လာၿပီး တရုတ္ေစ်းကြက္မွာ ေဟာ့ေနတဲ့ Xiaomi Mi 9 SE ဖုန္းကို တုိက္ရုိက္ယွဥ္ၿပိဳင္လာမွာပါ။

Meizu 16Xs ဖုန္းဟာ ကုဒ္နံပါတ္ M926Q နဲ႔သတ္မွတ္ထုတ္လုပ္ထားၿပီး Snapdragon 712 ခ်စ္ပ္ဆက္ သုံးစြဲထားတယ္လုိ႔ ဆုိပါတယ္။ မန္မုိရီပုိင္းမွာ ဗားရွင္းႏွစ္မ်ဳိးထြက္လာမွာျဖစ္ၿပီး 6GB RAM / 64GB Storage နဲ႔ 6/128GB ဆုိၿပီး ျဖစ္ႏုိင္ပါတယ္။

ထို႔အျပင္ ဒီဖုန္းရဲ႕ေနာက္ေက်ာမွာ Triple-camera သုံးလာမယ္လို႔ ယူဆရတဲ့အတြက္ Dual-camera သာ ပါဝင္ခဲ့တဲ့ မူရင္း Meizu 16X နဲ႔ယွဥ္ရင္ သိသာတဲ့ တုိးျမွင့္မႈတစ္ခု ျဖစ္လာမွာပါ။ က်န္တဲ့အခ်က္အလက္ေတြ အတိအက်မသိရေသးေပမယ့္ Meizu 16Xs ဖုန္းဟာ အေျခခံေစ်းႏႈန္း ၂၅၀၀ ယြမ္ (ျမန္မာေငြငါးသိန္းခြဲေက်ာ္) ခန္႔နဲ႔ ထြက္လာမယ္လို႔ သတင္းထြက္ေနပါတယ္။

Ref – Playful Droid

Unicode

အခုရက်ပိုင်းတွေအတွင်းမှာ တရုတ်စမတ်ဖုန်းဈေးကွက်ပြင်ပက သတင်းရင်းမြစ်တွေဟာ Meizu ကုမ္ပဏီက Meizu 16Xs လို့ခေါ်တဲ့ဖုန်းကို ဒီလကုန်မှာ ထပ်မိတ်ဆက်လာဦးမယ်လို့ ဆိုနေကြပါတယ်။ ဒီဟန်းဆက်ဟာ လက်ရှိ Meizu 16X ရဲ့အဆင့်မြှင့်ထားတဲ့ ဗားရှင်းဖြစ်လာပြီး တရုတ်ဈေးကွက်မှာ ဟော့နေတဲ့ Xiaomi Mi 9 SE ဖုန်းကို တိုက်ရိုက်ယှဉ်ပြိုင်လာမှာပါ။

Meizu 16Xs ဖုန်းဟာ ကုဒ်နံပါတ် M926Q နဲ့သတ်မှတ်ထုတ်လုပ်ထားပြီး Snapdragon 712 ချစ်ပ်ဆက် သုံးစွဲထားတယ်လို့ ဆိုပါတယ်။ မန်မိုရီပိုင်းမှာ ဗားရှင်းနှစ်မျိုးထွက်လာမှာဖြစ်ပြီး 6GB RAM / 64GB Storage နဲ့ 6/128GB ဆိုပြီး ဖြစ်နိုင်ပါတယ်။

ထို့အပြင် ဒီဖုန်းရဲ့နောက်ကျောမှာ Triple-camera သုံးလာမယ်လို့ ယူဆရတဲ့အတွက် Dual-camera သာ ပါဝင်ခဲ့တဲ့ မူရင်း Meizu 16X နဲ့ယှဉ်ရင် သိသာတဲ့ တိုးမြှင့်မှုတစ်ခု ဖြစ်လာမှာပါ။ ကျန်တဲ့အချက်အလက်တွေ အတိအကျမသိရသေးပေမယ့် Meizu 16Xs ဖုန်းဟာ အခြေခံဈေးနှုန်း ၂၅၀၀ ယွမ် (မြန်မာငွေငါးသိန်းခွဲကျော်) ခန့်နဲ့ ထွက်လာမယ်လို့ သတင်းထွက်နေပါတယ်။

Ref – Playful Droid