Meizu က မေလမှာ Meizu 17 နဲ့ 17 Pro ဖုန်းတွေကို တရုတ်မှာ ကြေညာခဲ့ပြီး အဲဒီအချိန်တုန်းက Meizu 17 အတွက် Green , Gray နဲ့ Aurora White ၃ ရောင်ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ တရုတ်မှာ Meizu 17 ရဲ့ AG Interstellar Gray နဲ့ AG Field Green အရောင်ကို ရောင်းပေးလိုက်ပါပြီ။ တန်ဖိုးအနည်းဆုံး မော်ဒယ် ဖြစ်တဲ့ 8/128GB ကို ၃၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်း ၃ သောင်းလောက်ရှိပါတယ်။ 8/256GB မော်ဒယ်ကို ၃၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်း ၉ သောင်းလောက် ကျသင့်မှာပါ။

Meizu 17 မှာ ၆.၆ လက်မ Full HD+ Samsung AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးက 19.5:9 ဖြစ်ပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာပါတယ်။

Snapdragon 865 Octa-core Processor မောင်းနှင်ထားပြီး အနောက်ဘက်မှာ 64MP Main , 12MP Wide-angle , 8MP Ultrawide နဲ့ 5MP Macro ကင်မရာတွေ ပါပါတယ်။ အရှေ့ဘက်မှာ 20MP ကင်မရာ ထည့်သွင်းထားပြီး Android 10 မောင်းနှင်ထားပါတယ်။ 30W Super mCharge Fast Charging နည်းပညာ ပါတဲ့ 4,500mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။

Ref : gizmochina