Meizu 17 စီးရီးဟာ အခုလအတွင်းမှာ ထွက်ရှိလာရမှာဖြစ်ပြီး ကုမ္ပဏီက စမတ်ဖုန်းသစ်ရဲ့ အချက်အလက်တွေကို တစ်ခုပြီးတစ်ခု Tease လုပ်လာပါတယ်။ အခုနောက်ဆုံးမြင်တွေ့ရတာကတော့ ဖုန်းမှာပါဝင်လာမယ့် Charger အမျိုးအစားပဲ ဖြစ်ပါတယ်။

Meizu ရဲ့တရားဝင် Weibo စာမျက်နှာမှာတင်လာတဲ့ ပိုစတာအသစ်မှာ Meizu 17 စီးရီးဟာ GaN Charger နဲ့ လာမယ်လို့ဖော်ပြလာပါတယ်။ အရောင်က အဖြူနဲ့အနက်နှစ်မျိုးလုံး ဖော်ပြထားပြီး ခေါက်ချိုးနိုင်တဲ့ ပလပ်ခေါင်းကိုလည်း မြင်ရမှာပါ။ ပိုစတာထဲမှာ USB-C Type နဲ့ Meizu Power Bank အသစ်တစ်ခုကိုလည်း ဖော်ပြထားပါတယ်။

Meizu 17 ဖုန်းမှာ 4,500 mAh ဘက္ထရီနဲ့ 30W Super mCharge အားသွင်းစနစ်တို့ပါမယ်ဆိုတာကိုတော့ အတည်ပြုထားပြီးသားပါ။ ဒါ့ကြောင့် GaN Charger ဟာ 30W အားသွင်းစနစ်နဲ့ဖြစ်ပြီး Pro ဗားရှင်းမှာတော့ ကြိုးမဲ့ Super mCharge နည်းပညာကိုပါ တွေ့ရမယ်လို့ ဆိုပါတယ်။

Meizu ဟာ လာမယ့် မေလ ၈ ရက် သောကြာနေ့မှာ Meizu 17 စီးရီးကို ကြေညာတော့မှာပါ။ ဒီဖုန်းသစ်မှာ Punch-hole ဒီဇိုင်းနဲ့ 90Hz Refresh Rate ပါတဲ့ Display ပါဝင်ပြီး Snapdragon 865 ချစ်ပ်ဆက်အသုံးပြုလာမှာပါ။

Ref – GizmoChina