Meizu ကုမ္ပဏီဟာ သူတို့ရဲ့ နောက်ထွက်မယ့် Meizu 17 စီးရီးမှာ ပါဝင်မယ့် စမတ်ဖုန်းအားလုံး 90Hz Refresh Rate နဲ့ Display ပါမယ်လို့ အတည်ပြုပေးလိုက်ပါတယ်။ Meizu 17 အမည်အောက်ကနေ ထွက်လာမယ့် ဗားရှင်းအားလုံး 90Hz Refresh Rate ပါဝင်မှာဖြစ်တာကြောင့် ဈေးသက်သာတဲ့ ဗားရှင်းတွေမှာပါ ချောမွေ့တဲ့ Display ကို အသုံးပြုနိုင်မယ့် သဘောပါပဲ။

Meizu 17 နဲ့ 17 Pro တို့မှာ Samsung AMOLED Display အသုံးပြုမှာဖြစ်ပြီး ဆဲလ်ဖီးကင်မရာအတွက် Punch-hole စတိုင်ကိုမြင်ရမှာပါ။ Refresh Rate မြင့်ရင် UI ကိုမြင်ရတာ ပိုချောမွေ့ရုံတင်မကဘဲ ဂိမ်းဆော့ရာမှာလည်း သိသာတဲ့ ကွာခြားမှုကို ခံစားရမှာဖြစ်ပါတယ်။

Meizu 17 စီးရီးဟာ တရုတ်အခြေစိုက်ကုမ္ပဏီအတွက်တော့ Flagship အဆင့်ဖြစ်ပြီး Specs အမြင့်တွေပဲ မြင်ရမှာပါ။ Snapdragon 865 ချစ်ပ်ဆက်နဲ့ LPDDR5 RAM မန်မိုရီတို့လို အလန်းတွေကိုတွေ့ရမှာဖြစ်ပြီး 5G ထောက်ပံ့မှုလည်း ပါဝင်မှာဖြစ်ပါတယ်။ Meizu 17 စီးရီးကို မေလ ၈ ရက်နေ့မှာ အွန်လိုင်းကနေ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

Ref – GizmoChina