Meizu 17 စမတ်ဖုန်းဟာ တကယ်တော့ ၂၀၂၀ ခုနှစ် Q1 ကာလမှာတည်းက ကြေညာရမှာဖြစ်ပေမယ့် မထွက်နိုင်ခဲ့ဘဲ အခုလအစောပိုင်းမှာ ပေါ်ထွက်လာတဲ့ Leaked ဓါတ်ပုံတစ်ခုအရ ဧပြီ ၁၅ ရက်နေ့မှာ မိတ်ဆက်မယ်လို့ မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဒီရက်စွဲလည်းမဟုတ်ခဲ့ဘဲ ယနေ့မှာ Meizu ကိုယ်တိုင်က Meizu 17 ကို ဧပြီလ ၁၇ ရက်နေ့မှာ မိတ်ဆက်ဖို့ တရားဝင်ကြေညာလိုက်ပါတယ်။ Meizu ဟာ တရုတ်ဆိုရှယ်နက်ဝပ် Weibo မှာကြေညာခဲ့ပြီး “mSmart 5G” ဆိုတဲ့ စာသားပါတဲ့ ပိုစတာတစ်ခုကိုပါ ဖော်ပြခဲ့တဲ့အတွက် မျိုးဆက်သစ် 5G နက်ဝပ်သုံးစွဲနိုင်စွမ်း ပါဝင်ဖို့ပါ အတည်ပြုနိုင်ခဲ့ပါတယ်။

တရုတ်ဈေးကွက်မှာ အရင်ဆုံးမိတ်ဆက်လာမယ့် Meizu 17 မှာ Snapdragon 865 Flagship ချစ်ပ်ဆက်ပါမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာထဲက အတည်ပြုထားတာဖြစ်ပေမယ့် ကျန်တဲ့အချက်အလက်တွေကိုတော့ အတည်ပြုခဲ့ခြင်းမရှိထားပါဘူး။

သတင်းတွေအရတော့ ဒီစမတ်ဖုန်းမှာ 90Hz OLED Display ပါဝင်မှာဖြစ်ပြီး Punch-hole ဒီဇိုင်းနဲ့ 1080p Resolution ပါဝင်မယ်လို့ ဆိုထားပါတယ်။ နောက်ဘက်မှာ အလျားလိုက်ထည့်သွင်းလာတဲ့ Quad-cam အတွဲကိုလည်း တွေ့ရမှာပါ။

Meizu 17 မှာ 30W အားသွင်းစနစ်ပါဝင်ဖို့ မျှော်လင့်ထားပြီး Pro ဗားရှင်းမှာတော့ 65W အားသွင်းစနစ်ကြီး ထည့်သွင်းပေးထားမယ်လို့လည်း ဆိုပါတယ်။

Ref – GSM Arena