Meizu 17 Series တွေကို မေလ ၈ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး အခုတော့ ကုမ္ပဏီက မိတ်ဆက်ပွဲ မတိုင်ခင်မှာ Meizu 17 Pro မှာ 27W Fast Wireless Charging ပါမယ်လို့ သတင်းပေးလိုက်ပါတယ်။ Meizu က 17 Pro ရဲ့ Wired Charging Speed ကို မပြောသေးပါဘူး။ ဒါပေမယ့် 3C က စာရင်းအရ 40W Wired Charging ပါလာမှာပါ။

ကုမ္ပဏီ အရင်က အတည်ပြုထားတဲ့ Meizu 17 Pro ရဲ့ Specs တွေထဲမှာ Snapdragon 865 Chipset , UFS 3.1 Storage နဲ့ 5G Support တွေ ပါပါတယ်။ 90Hz Super AMOLED မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး ညာဘက်အထက်က Punch Hole မှာ 32MP Ultrawide ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာပါ။ အဲဒီ ကင်မရာက ၁၂၉ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်ပါတယ်။

Pro မဟုတ်တဲ့ မော်ဒယ်မှာ 64MP Sony IMX686 Main ကင်မရာ ပါလာမှာ ဖြစ်ပြီး Pro မှာလည်း အဲဒီ ကင်မရာ တပ်ဆင်ထားနိုင်ပါတယ်။ Meizu 17 Series တွေကို ကြေညာဖို့ ရက်ပိုင်းပဲလိုပြီး အဲဒီအချိန်ကျရင် Specs အပြည့်အစုံ၊ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်တွေကို သိလာရမှာပါ။

Ref : gsmarena