Meizu 17 စီးရီးဟာ တရုတ်နိုင်ငံဈေးကွက်မှာတော့ ကြိုတင်မှာယူမှုတွေ ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ နာမည်ကြီး အရောင်းဆိုက်ဖြစ်တဲ့ JD.com မှာ Meizu 17, Pro Version နဲ့ Meizu 17T တွေကို တွေ့မြင်နေရပါပြီ။ အခုအချိန်ထိတော့ ဟန်းဆက်တွေရဲ့ သက်ဆိုင်ရာရုပ်ပုံတွေပဲ ဖော်ပြထားသေးတာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြထားသေးပါဘူး။

ဒီရက်ထဲမှာ ကုမ္ပဏီဟာ Meizu 17 Pro နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို Teaser နဲ့အတူ ထုတ်ပြခဲ့ပါတယ်။ Meizu 17 Pro ဟာ 129-degree ultra-wide ကင်မရာနဲ့ Great-sounding stereo loudspeakers တွေ ပါဝင်မယ်လို့ Teaser တွေမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် Meizu 17 Pro ရဲ့ Ultra-wide ကင်မရာဟာ ဟာ လက်ရှိဈေးကွက်ထဲမှာ အကျယ်ဆုံးမဟုတ်ပေမယ့် အတော်လေးကို ကျယ်ပြန့်တဲ့ကင်မရာလို့ ဆိုရပါလိမ့်မယ်။

ဒီအချက်မှာ ပြောစရာရှိတာက Meizu 17 Pro အနေနဲ့ ဒီမှန်ဘီလူးကို 32MP sensor နဲ့ တွဲဖက်ထားတယ်လို့ ယူဆရပါတယ်။ Pixel-binning အနေနဲ့ 4-to-1 ဖြစ်တယ်လို့လည်း မှတ်ယူရပါတယ်။ နောက်တစ်ချက်က တတိယမျိုးဆက် “dual ultra-liner stereo speakers” တွေပဲ ဖြစ်ပါတယ်။ Audio နည်းပညာကို ရင်းနှီးကျွမ်းဝင်သူတွေက ကောင်းမွန်တဲ့မှတ်ချက်တွေ ပေးနိုင်တဲ့ စပီကာမျိုးလို့ ဆိုရမှာပါ။

Meizu ရဲ့ Flagship တွေဟာ လာမယ့် မေလ ၈ ရက်နေ့မှာ ဈေးကွက်ထဲကို ရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် မကြာခင်ရက်ပိုင်းအတွက် ဒီဟန်းဆက်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေက ထပ်ပြီးပေါ်ထွက်လာဖွယ် ရှိပါတယ်။ အခု Teaser မှာ မြင်လိုက်ရတဲ့ 129-degree ultra-wide ကင်မရာနဲ့ Great-sounding stereo loudspeakers တွေရဲ့ အမှန်တကယ် စွမ်းဆောင်ရည်ကိုသိနိုင်ဖို့ကတော့ ရက်သတ္တပတ် အနည်းငယ် အချိန်ယူရဦးမယ်လို့ ဆိုနိုင်ပါတယ်။

Ref: GSM Arena