Zawgyi

အခုလအေစာပုိင္းမွာ ေကာလဟလေတြထြက္ေနတဲ့ Meizu 17 ရဲ႕ အျဖဴနဲ႔အမည္း Edition ႏွစ္မ်ဳိးပါဝင္တဲ့ Render ဓါတ္ပုံေတြ တရုတ္ဆုိရွယ္မီဒီယာ Weibo ေပၚကို ထြက္ေပၚလာခဲ့ဖူးပါေသးတယ္။ ဒီေန႔မွာေတာ့ Meizu 17 ရဲ႕ Render ပုံအသစ္ေတြကို ထပ္မံျမင္ေတြ႕ခဲ့ရၿပီး အရင္ကထြက္ထားတဲ့ ပုံေတြနဲ႔လည္း ကိုက္ညီေနပါတယ္။

Meizu 17 ရဲ႕ Render အသစ္ထဲမွာ ဒီတစ္ခါ ေရွ႕ဘက္ဒီဇုိင္းတစ္ခုတည္းကိုပဲ ျပသထားပါတယ္။ ဒီဟန္းဆက္မွာ Dual-edge Curved Display ကုိအသုံးျပဳထားၿပီး ေဘးဘက္ေဘာင္ကိုျဖန္႔ကားသြားတဲ့ ပုံစံကိုျမင္ရမွာပါ။ ဒါ့အျပင္ Meizu 17 ဖုန္းဟာ 90Hz Refresh Rate ရရွိႏုိင္တဲ့ Display နဲ႔ ပထမဆုံး Meizu ဖုန္းလည္း ျဖစ္လာမွာပါ။

ပုံထဲမွာျမင္ရတဲ့အတုိင္း အေပၚနဲ႔ေအာက္ေတြမွာ အလြန္ပါးလႊာတဲ့ Bezel ေတြပါဝင္ၿပီး အေပၚ Bezel ေဘာင္ထဲမွာ Earpiece တစ္ခုနဲ႔ Selfie ကင္မရာတုိ႔ ပါဝင္မွာပါ။ ဒီစမတ္ဖုန္းမွာ In-display Fingerprint ကိုလည္း အသုံးျပဳလာမယ္ ဆုိတာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ Physical Button (ႏွိပ္ခလုတ္) ေတြ မပါတဲ့ ကုိယ္ထည္ကိုလည္း ေတြ႕ရမယ္လို႔ သတင္းထြက္ထားတာၾကာင့္ ေဘးဘက္ေတြမွာ ပါဝါနဲ႔အသံတုိးခ်ဲ႕အတြက္ ဖိအားနဲ႔ အလုပ္လုပ္တဲ့ Pressure-sensitive နည္းပညာကို အသုံးျပဳလာမွာျဖစ္ပါတယ္။

Meizu ဟာ ခလုတ္ေတြနဲ႔ Port ေတြမပါတဲ့ Meizu Zero Concept စမတ္ဖုန္းကို အခုႏွစ္ထဲမွာ ခ်ျပခဲ့ၿပီး ကိုယ္တုိင္ မထုတ္လုပ္ဘဲ အြန္လုိင္းကေန ရန္ပုံေငြေကာက္ခံထုတ္လုပ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ သတ္မွတ္ပမာဏကို မျပည့္မွီခဲ့တဲ့အတြက္ ထြက္မလာခဲ့ပါဘူး။ အခု Meizu 17 ဟာ အဲဒီ Meizu Zero ရဲ႕ဒီဇုိင္းကို အေျခခံထားတာလို႔ သတင္းထြက္ထားပါတယ္။

ယခင္က ေတြ႕ခဲ့ရတဲ့ Render ထဲမွာေတာ့ ေနာက္ဘက္မွာ 48MP AI Triple-camera အတြဲနဲ႔ LED Ring Flash တုိ႔ကို ေတြ႕ခဲ့ရပါတယ္။ ေရွ႕ဘက္ကေတာ့ 20MP Selfie ကင္မရာထည့္လာေပးမွာျဖစ္ပါတယ္။ ေနာက္ထပ္သတင္းတစ္ခုက Meizu 17 ဖုန္းဟာ Meizu ရဲ႕ ပထမဆုံး 5G စမတ္ဖုန္းလည္း ျဖစ္လာမယ္လို႔ ဆုိထားပါတယ္။

Ref – Playful Droid

Unicode

အခုလအစောပိုင်းမှာ ကောလဟလတွေထွက်နေတဲ့ Meizu 17 ရဲ့ အဖြူနဲ့အမည်း Edition နှစ်မျိုးပါဝင်တဲ့ Render ဓါတ်ပုံတွေ တရုတ်ဆိုရှယ်မီဒီယာ Weibo ပေါ်ကို ထွက်ပေါ်လာခဲ့ဖူးပါသေးတယ်။ ဒီနေ့မှာတော့ Meizu 17 ရဲ့ Render ပုံအသစ်တွေကို ထပ်မံမြင်တွေ့ခဲ့ရပြီး အရင်ကထွက်ထားတဲ့ ပုံတွေနဲ့လည်း ကိုက်ညီနေပါတယ်။

Meizu 17 ရဲ့ Render အသစ်ထဲမှာ ဒီတစ်ခါ ရှေ့ဘက်ဒီဇိုင်းတစ်ခုတည်းကိုပဲ ပြသထားပါတယ်။ ဒီဟန်းဆက်မှာ Dual-edge Curved Display ကိုအသုံးပြုထားပြီး ဘေးဘက်ဘောင်ကိုဖြန့်ကားသွားတဲ့ ပုံစံကိုမြင်ရမှာပါ။ ဒါ့အပြင် Meizu 17 ဖုန်းဟာ 90Hz Refresh Rate ရရှိနိုင်တဲ့ Display နဲ့ ပထမဆုံး Meizu ဖုန်းလည်း ဖြစ်လာမှာပါ။

ပုံထဲမှာမြင်ရတဲ့အတိုင်း အပေါ်နဲ့အောက်တွေမှာ အလွန်ပါးလွှာတဲ့ Bezel တွေပါဝင်ပြီး အပေါ် Bezel ဘောင်ထဲမှာ Earpiece တစ်ခုနဲ့ Selfie ကင်မရာတို့ ပါဝင်မှာပါ။ ဒီစမတ်ဖုန်းမှာ In-display Fingerprint ကိုလည်း အသုံးပြုလာမယ် ဆိုတာ ဖော်ပြထားပါတယ်။ ဒါ့အပြင် Physical Button (နှိပ်ခလုတ်) တွေ မပါတဲ့ ကိုယ်ထည်ကိုလည်း တွေ့ရမယ်လို့ သတင်းထွက်ထားတာကြာင့် ဘေးဘက်တွေမှာ ပါဝါနဲ့အသံတိုးချဲ့အတွက် ဖိအားနဲ့ အလုပ်လုပ်တဲ့ Pressure-sensitive နည်းပညာကို အသုံးပြုလာမှာဖြစ်ပါတယ်။

Meizu ဟာ ခလုတ်တွေနဲ့ Port တွေမပါတဲ့ Meizu Zero Concept စမတ်ဖုန်းကို အခုနှစ်ထဲမှာ ချပြခဲ့ပြီး ကိုယ်တိုင် မထုတ်လုပ်ဘဲ အွန်လိုင်းကနေ ရန်ပုံငွေကောက်ခံထုတ်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် သတ်မှတ်ပမာဏကို မပြည့်မှီခဲ့တဲ့အတွက် ထွက်မလာခဲ့ပါဘူး။ အခု Meizu 17 ဟာ အဲဒီ Meizu Zero ရဲ့ဒီဇိုင်းကို အခြေခံထားတာလို့ သတင်းထွက်ထားပါတယ်။

ယခင်က တွေ့ခဲ့ရတဲ့ Render ထဲမှာတော့ နောက်ဘက်မှာ 48MP AI Triple-camera အတွဲနဲ့ LED Ring Flash တို့ကို တွေ့ခဲ့ရပါတယ်။ ရှေ့ဘက်ကတော့ 20MP Selfie ကင်မရာထည့်လာပေးမှာဖြစ်ပါတယ်။ နောက်ထပ်သတင်းတစ်ခုက Meizu 17 ဖုန်းဟာ Meizu ရဲ့ ပထမဆုံး 5G စမတ်ဖုန်းလည်း ဖြစ်လာမယ်လို့ ဆိုထားပါတယ်။

Ref – Playful Droid