Meizu ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Meizu 17 Series ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Meizu 17 နဲ့ 17 Pro စမတ်ဖုန်းတွေဟာ Display ပိုင်းမှာလည်း 6.6″ FHD+ Samsung AMOELD Display အပြင် Refresh Rate အနေနဲ့လည်း 90Hz အထိ Support ပေးနိုင်မှာဖြစ်ပါတယ်။

အဆိုပါ Meizu 17 Series ဖုန်းတွေဟာ ထင်ထားတာထက် အောင်မြင်မှုရရှိခဲ့သလို အခုလည်း Meizu ကနေ ဝမ်းသာစရာသတင်းတစ်ခုကို Weibo စာမျက်နှာကနေတစ်ဆင့် ဖော်ပြလိုက်ပါတယ်။ ဒါကတော့ Meizu 17 Series ဖုန်းတွေဟာ မကြာခင်မှာ OTA Update ကနေတစ်ဆင့် လက်ရှိ 90Hz Refresh Rate ကနေ 120Hz Refresh Rate အထိ အသုံးပြုနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Meizu 17 Series ဖုန်းတွေဟာ Qualcomm Snapdragon 865 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး ပုံမှန် Meizu 17 မှာ RAM 8GB နဲ့ Pro Version မှာတော့ RAM 12GB ပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ ၂ မျိုးစလုံးမှာ 128GB နဲ့ 256GB ဆိုပြီး ရွေးချယ်နိုင်မှာပါ။ Camera ပိုင်းမှာတော့ Meizu 17 ဖုန်းက 64MP Primary Sensor + 8MP Ultrawide + 12MP Portrait + 5MP Macro Sensor Setup နဲ့ 17 Pro ဖုန်းမှာတော့ 64MP Primary Sensor + 8MP Telephoto + 32MP Ultrawide + 3D Depth Sensing Sensor တွေပါဝင်မှာဖြစ်ပါတယ်။ ဒီဖုန်း ၂ လုံးစလုံးမှာ 20MP Selfie Camera ကို Punch Hole အနေနဲ့ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Meizu 17 Series ဟာ တရုတ်နိုင်ငံတွင်းမှာ Xiaomi Mi 10 Series ဖုန်းတွေနဲ့ အဓိကယှဥ်ပြိုင်ရမှာဖြစ်ပြီး အခုလိုမျိုး OTA Update နဲ့ 90Hz ကနေ 120Hz Refresh Rate ကို အသုံးပြုနိုင်မယ်ဆိုတာက အားသာချက်တစ်ခုဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China