[Zawgyi]

Meizu ကုမၸဏီဟာ ၂၀၁၉ အတြက္ သူတုိ႔ရဲ႕ Flagship ဟန္းဆက္ျဖစ္တဲ့ Meizu 16S ကို မၾကာေသးခင္က မိတ္ဆက္ခဲ့ၿပီးသားပါ။ ဒါေပမယ့္ Meizu ဟာ မ်ဳိးဆက္သစ္ဟန္းဆက္တစ္ခုကို လုပ္ကိုင္ေနၿပီး ကုမၸဏီရဲ႕သမုိင္းတေလွ်ာက္မွာ ပထမဆုံး 5G ဖုန္းျဖစ္လာမယ္လို႔ သတင္းေတြထြက္ေနပါတယ္။

မၾကာေသးခင္က China Unicom Partner Conference မွာလည္း ထပ္မံထြက္ရွိလာမယ့္ ဟန္းဆက္အတြက္ ေဆာင္ပုဒ္ကို “5G ေခတ္သစ္ကို ၾကိဳဆုိလိုက္ပါ၊ Meizu 17 လာေနပါၿပီ” လို႔ ေဖာ္ထုတ္လာခဲ့ပါတယ္။ ဒါ့အျပင္ Weibo အေကာင့္တစ္ခုကေန Meizu 17 လို႔ ေျပာထားတဲ့၊ ကိုယ္ထည္ေပၚမွာ Port တစ္ခုမွ မပါတဲ့ ေျပာင္ေခ်ာစတုိင္ စမတ္ဖုန္းတစ္ခုရဲ႕ လက္ထဲမွာကိုင္ထားတဲ့ပုံေတြကို တင္လာခဲ့ျပန္တယ္။

ဒီအတုိင္းဆုိရင္ေတာ့ Meizu ဟာ သူတုိ႔ရဲ႕ Concept အဆင့္မွာ ရန္ပုံေငြမရလို႔ ရပ္တန္႔သြားတဲ့ Meizu Zero ဟန္းဆက္ရဲ႕ ဒီဇုိင္းကို Flagship အသစ္မွာ ေျပာင္းသုံးလာမယ့္ ပုံစံပါပဲ။ ထူးထူးျခားျခားဒီဇုိင္းထဲမွာ Meizu 17 ဟာ Flagship အဆင့္ Hardware ေတြကို အသုံးျပဳလာမယ္လို႔ ယူဆရတယ္။

တကယ္လို႔သာ Meizu 17 ဟာ Meizu Zero ကို ပုံတူပြားလာတာဆုိရင္ေတာ့ 6” လက္မအရြယ္ Super AMOLED Display ထဲမွာ Fingerprint ထည့္လာမွာျဖစ္တယ္။ ကင္မရာပုိင္းမွာ ေရွ႕ဘက္ဆယ္ဖီကင္မရာအတြက္ 20MP နဲ႔ ေနာက္ဘက္မွာ 20MP + 12MP Combo ကိုသုံးလာႏုိင္ပါတယ္။

Meizu 17 ကို Snapdragon 855 အသုံးျပဳတည္ေဆာက္လာမယ္လို႔ ယူဆရၿပီး မန္မုိရီပုိင္းမွာ 6 / 8 GB RAM နဲ႔ 128 / 256 GB Storage ဆုိၿပီး ေရြးခ်ယ္ႏုိင္မွာျဖစ္တယ္။ ဓါတ္ပုံေတာင္ ထြက္ေနျပီဆုိေတာ့ ေစာင့္ရမွာ အရမ္းၾကာမယ္ေတာ့ မထင္ပါဘူး။ Portless ကိုယ္ထည္နဲ႔ 5G ဟန္းဆက္အသစ္ကုိ မၾကာခင္ေတြ႕ရေတာ့မွာပါ။

Ref – GSM Arena

[Unicode]

Meizu ကုမ္ပဏီဟာ ၂၀၁၉ အတွက် သူတို့ရဲ့ Flagship ဟန်းဆက်ဖြစ်တဲ့ Meizu 16S ကို မကြာသေးခင်က မိတ်ဆက်ခဲ့ပြီးသားပါ။ ဒါပေမယ့် Meizu ဟာ မျိုးဆက်သစ်ဟန်းဆက်တစ်ခုကို လုပ်ကိုင်နေပြီး ကုမ္ပဏီရဲ့သမိုင်းတလျှောက်မှာ ပထမဆုံး 5G ဖုန်းဖြစ်လာမယ်လို့ သတင်းတွေထွက်နေပါတယ်။

မကြာသေးခင်က China Unicom Partner Conference မှာလည်း ထပ်မံထွက်ရှိလာမယ့် ဟန်းဆက်အတွက် ဆောင်ပုဒ်ကို “5G ခေတ်သစ်ကို ကြိုဆိုလိုက်ပါ၊ Meizu 17 လာနေပါပြီ” လို့ ဖော်ထုတ်လာခဲ့ပါတယ်။ ဒါ့အပြင် Weibo အကောင့်တစ်ခုကနေ Meizu 17 လို့ ပြောထားတဲ့၊ ကိုယ်ထည်ပေါ်မှာ Port တစ်ခုမှ မပါတဲ့ ပြောင်ချောစတိုင် စမတ်ဖုန်းတစ်ခုရဲ့ လက်ထဲမှာကိုင်ထားတဲ့ပုံတွေကို တင်လာခဲ့ပြန်တယ်။

ဒီအတိုင်းဆိုရင်တော့ Meizu ဟာ သူတို့ရဲ့ Concept အဆင့်မှာ ရန်ပုံငွေမရလို့ ရပ်တန့်သွားတဲ့ Meizu Zero ဟန်းဆက်ရဲ့ ဒီဇိုင်းကို Flagship အသစ်မှာ ပြောင်းသုံးလာမယ့် ပုံစံပါပဲ။ ထူးထူးခြားခြားဒီဇိုင်းထဲမှာ Meizu 17 ဟာ Flagship အဆင့် Hardware တွေကို အသုံးပြုလာမယ်လို့ ယူဆရတယ်။

တကယ်လို့သာ Meizu 17 ဟာ Meizu Zero ကို ပုံတူပွားလာတာဆိုရင်တော့ 6” လက်မအရွယ် Super AMOLED Display ထဲမှာ Fingerprint ထည့်လာမှာဖြစ်တယ်။ ကင်မရာပိုင်းမှာ ရှေ့ဘက်ဆယ်ဖီကင်မရာအတွက် 20MP နဲ့ နောက်ဘက်မှာ 20MP + 12MP Combo ကိုသုံးလာနိုင်ပါတယ်။

Meizu 17 ကို Snapdragon 855 အသုံးပြုတည်ဆောက်လာမယ်လို့ ယူဆရပြီး မန်မိုရီပိုင်းမှာ 6 / 8 GB RAM နဲ့ 128 / 256 GB Storage ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်တယ်။ ဓါတ်ပုံတောင် ထွက်နေပြီဆိုတော့ စောင့်ရမှာ အရမ်းကြာမယ်တော့ မထင်ပါဘူး။ Portless ကိုယ်ထည်နဲ့ 5G ဟန်းဆက်အသစ်ကို မကြာခင်တွေ့ရတော့မှာပါ။

Ref – GSM Arena