Meizu 17 စီးရီးဟာ လာမယ့် မေလ ၈ ရက်နေ့မှာ တရားဝင် မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ တရားဝင်ထွက်ပေါ်မယ့် ရက်နီးကပ်လာလေလေ၊ ပြင်ပသတင်းတွေအပြင်၊ ကုမ္ပဏီက တရားဝင်ထုတ်ပေးတဲ့ Teaser နဲ့ သတင်းတွေထွက်ပေါ်မှုကလည်း ပိုပြီးများလာလေလေ ဖြစ်လာပါတယ်။

Meizu 17 စီးရီးအကုန်လုံးမှာ 90Hz Display ထောက်ပံ့ပေးထားမယ်ဆိုတဲ့သတင်းကို အတည်ပြုခဲ့ပြီးတဲ့နောက် ကုမ္ပဏီဟာ Meizu 17 ရဲ့ မျက်နှာပြင်အကြောင်းကို ထပ်ပြီးသတင်းထုတ်ပြန်ခဲ့ပါတယ်။ Punch-hole ပါဝင်တဲ့ Meizu 17 ဟာ Samaung Super AMOLED display ကို အသုံးပြုထားမှာဖြစ်တယ်လို့ ကုမ္ပဏီက အတည်ပြုပေးလိုက်တာလည်း ဖြစ်ပါတယ်။

လက်ရှိ အတည်ပြုပြီးဖြစ်တဲ့ Super AMOLED display ရယ်၊ Punch-hole ရယ်၊ 90Hz refresh rate ဆိုတဲ့အချက်တွေကလည်း Meizu 17 အနေနဲ့ အခြား Flagship တွေဖြစ်တဲ့ OnePlus 8 လိုစီးရီးမျိုးနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အရည်အသွေးကောင်းမွန်မှု ရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ 4,500mAh ဘက်ထရီကို 30W Super mCharge အားသွင်းစနစ်နဲ့တွဲဖက်ထားတာလည်း အတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ကျန်တဲ့အချက်အလက်တွေအဖြစ် Meizu 17 ဟာ Snapdragon 865 processor ကို အသုံးပြုထားပြီး UFS 3.1 storage ပါဝင်မှာဖြစ်သလို 64MP အဓိကင်မရာအပါအဝင် ကျောဘက်ကင်မရာလေးလုံး၊ Stereo speakers၊ Wi-Fi 6 စတာတွေလည်း ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။

Ref: Gizmochina